ကိုယ်ပိုင်တရားဝင်အကောင့်ဖွင့်ပြီး Instagram ပေါ်ရောက်ရှိလာတဲ့ တော်ဝင်စုံတွဲ

ကိုယ်ပိုင်တရားဝင်အကောင့်ဖွင့်ပြီး Instagram ပေါ်ရောက်ရှိလာတဲ့ တော်ဝင်စုံတွဲ

တော်ဝင်တွေဟာ Social Media တွေကို ကိုယ်ပိုင်အကောင့်တစ်ခုစီနဲ့ သုံးစွဲခွင့်မရှိဘူးဆိုပြီး သတ်မှတ်ချက်ထားရှိထားပေမယ့် တော်ဝင်ဇနီးမောင်နှံတွေဖြစ်ကြတဲ့ မင်းသား Harry နဲ့ Meghan Markle တို့ကတော့ မကြာသေးမီက Sussexroyal ဆိုတဲ့ အမည်နဲ့ တရားဝင် Instagram အကောင့်တစ်ခုကို ဖွင့်လိုက်ပါတယ်။ အဲဒီအကောင့်ကို ဖွင့်ရခြင်းကတော့ အရေးကြီးတဲ့ ကြေညာချက်တွေ ကြေညာဖို့အတွက် အသုံးပြုမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေကို မျှဝေပေးဖို့အတွက်လည်း ရည်ရွယ်ထားပါတယ်တဲ့။

တော်ဝင်စုံတွဲဟာ Instagram အကောင့်ဖွင့်ပြီး သူတို့စုံတွဲပုံအပါအဝင် ပထမဦးဆုံးပို့စ်တင်လိုက်တာနဲ့တင် Follower ပေါင်း တစ်သန်းကျော် ရရှိသွားပါတယ်။

ဒါ့အပြင် Harry နဲ့ Meghan က ဒီနွေဦးကနေစပြီး Kensington Palace ကအဖွဲ့တွေကို ကူညီပေးမယ့်အစား Buckingham Palace မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့ အစီအစဉ်တွေ ပြုလုပ်ထားပါတယ်။ အဲဒီလို စီစဉ်ထားတဲ့အတွက်လည်း အကောင့်ကို ဖွင့်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာသေးမီက သူတို့စုံတွဲဟာ Windsor Castle ရှေ့ မြေကွက်လပ်က တရားဝင်အဆောက်အဦးသစ်ဖြစ်တဲ့ Frogmore Cottage ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

Instagram အကောင့်ဖွင့်ပြီး ပထမဦးဆုံးတင်လိုက်တဲ့ ပို့စ်မှာလည်း Harry နဲ့ Meghan တို့က “သူတို့ရဲ့ တရားဝင် Instagram အကောင့်ကနေ ကြိုဆိုပါတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အလုပ်တွေကို ဒီကနေ ရှဲပေးမှာဖြစ်သလို အရေးကြီးတဲ့ ကြေညာချက်တွေကိုလည်း ကြေညာပေးသွားမယ်လို့” အစချီ ရေးသားထားကာ သူတို့ကို ကူညီထောက်ပံ့ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်နဲ့ @sussexroyal ကနေ ကြိုဆိုပါတယ်ဆိုပြီး ရေးသားကာ သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ တကွ တင်ထားပါတယ်။

ပထမဦးဆုံးပုံရဲ့ နောက်ခံအရောင်ဟာ အပြာရင့်ရောင်ရှိပြီး သူတို့စုံတွဲရဲ့နာမည်အစဖြစ်တဲ့ H နဲ့ M စကားဝှက်လိုပုံစံမျိုးဖြစ်အောင် ချျိတ်ဆက်ရေးသားထားပါတယ်။ အဲဒီစကားဝှက်စာလုံးလေးကိုတော့ အဖြူနဲ့ပဲ ရေးသားထားပြီး စကားလုံးရဲ့အပေါ်မှာတော့ သရဖူပုံသင်္ကေတလေး ပါရှိပါတယ်။

Meghan ရဲ့သူငယ်ချင်း Jessica Mulroney က သူတို့စုံတွဲ Instagram အကောင့် ဖွင့်လိုက်ခြင်းကို ကြိုဆိုပါတယ်ဆိုပြီး ပြောတဲ့ ပထမဦးဆုံးသူဖြစ်ပြီး Comment မှာလည်း ပထမဦးအနေနဲ့ အသည်းလေးနှစ်ခုပေးပြီး မှတ်ချက်ပြုခဲ့သူ ဖြစ်ပါတယ်။ တော်ဝင်စုံတွဲရဲ့ တရားဝင် Instagram အကောင့်ကနေလည်း “ကြိုဆိုပါတယ်။ သင်တို့ဒီကိုရောက်ရှိလာတာ အရမ်းဝမ်းသာပျော်ရွှင်ပါတယ်ဆိုပြီး” ပြန်လည်ဖြေကြားသွားပါသေးတယ်။

မြို့စားကတော်ဟာ အမေရိကန်မင်းသမီးဖြစ်လို့ သူမမှာ Follower အများကြီးနဲ့ ကိုယ်ပိုင် Social Media အကောင့်တွေရှိပေမယ့် Prince Harry နဲ့ စေ့စပ်ပြီးတာနဲ့ တော်ဝင်စည်းမျဉ်းတွေအရ ဖျက်သိမ်းလိုက်ရပါတယ်။ Kensington Palace ရဲ့ Twitter ကို ကိုးကားပြီး ပြောရမယ်ဆိုရင်တော့ ဒီတစ်ခါမှာတော့ သူတို့ စုံတွဲဖွင့်လိုက်တဲ့ Instagram အကောင့်အသစ်ကို နန်းတော်က ကြိဆိုတဲ့သဘောမျိုး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Twitter ပေါ်မှာ “Welcome to Instagram, SussexRoyal! ” ဆိုပြီး ရေးသားထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

သူတို့စုံတွဲရဲ့ တရားဝင် Instagram အကောင့်ကို ဝန်းရံဖို့ အဆင့်သင့်ဖြစ်နေတဲ့ ပရိသတ်တွေလည်း လက်မနှေးဘဲ ဝန်းရံလိုက်နိုင်စေဖို့ အခုလို ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle