Harvest Moon: One World ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Switch အတွက် ထုတ်လွှင့်ပေးသွားမည်

Harvest Moon: One World ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Switch အတွက် ထုတ်လွှင့်ပေးသွားမည်

နာမည်ကျော် Harvest Moon စီးရီး ဗွီဒီယိုဂိမ်းများကို ဖန်တီး ရောင်းချလျက်ရှိတဲ့ Natsume နဲ့ တွဲဖက် ကုမ္ပဏီဖြစ်တဲ့ Rising Star Games တို့ အနေနဲ့ Harvest Moon စီးရီးရဲ့ နောက်ဆုံးထွက် ဗွီဒီယိုဂိမ်း ဖြစ်လာမယ့် Harvest Moon: One World ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Switch အတွက် ထုတ်လွှင့် ပေးသွားမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် Harvest Moon: One World ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ Harvest Moon စီးရီး ဗွီဒီယိုဂိမ်းတွေနဲ့ Game Play ပိုင်းမှာ တူညီမှာ မဟုတ်ဘဲ ကောက်ရိတ်သိမ်းခြင်း အပိုင်းတွေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

“စတော်ဘယ်ရီတွေ၊ ဂေါ်ဖီတွေ၊ ခရမ်းချဉ်သီးတွေ ပါဝင်ခြင်း မရှိတော့တဲ့ Harvest Moon ကို ခင်ဗျားတို့ မြင်ယောင် ကြည့်လိုက်စမ်းပါ။ အသစ် ထွက်ရှိလာမယ့် Harvest Moon: One World မှာ ကစားသူတွေ အနေနဲ့ ကိုယ်ပိုင် မြို့ငယ်လေးရဲ့ ထူးခြားချက်တွေကို ရှာဖွေရမှာ ဖြစ်သလို ကမ္ဘာကြီးရဲ့ ထူးခြားဆန်းပြားမှုတွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။”

Natsume ရဲ့ CEO ဖြစ်သူ Hiro Maekawa ကတော့ အသစ်ထွက်ရှိလာမယ့် Harvest Moon: One World နဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Natsume အဖွဲ့သားတွေ အနေနဲ့ ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် Harvest Moon နဲ့ ပတ်သတ်ပြီး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း Harvest Moon ရဲ့ ရိုးရာတွေ ကွယ်ပျောက်သွားခြင်း မရှိအောင် ထိန်းသိမ်းထားသလို အခုမှ စတင် ကစားမယ့်သူတွေ အလွယ်တကူ ရင်းနှီးကျွမ်းဝင်စေဖို့ အတွက်လည်း ပြင်ဆင်ပေးခဲ့ပါတယ်။

အသစ်ထွက်ရှိလာမယ့် Harvest Moon: One World ကို ဂိမ်းအင်ဂျင်အသစ်၊ ရုပ်ထွက်အသစ်တွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေ အနေနဲ့ Harvest Moon: One World မှာ ပါဝင်လာမယ့် Features အသစ်တွေနဲ့ ပတ်သတ်ပြီးတော့လည်း မကြာခင် အချိန်အတွင်းမှာ ထပ်မံ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များအရ Harvest Moon: One World ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလနဲ့ ဒီဇင်ဘာလ အကြားမှာ Switch အတွက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး စတင် ထုတ်လွှင့်ပေးသွားမယ့် ကာလမှာတော့ ဥရောပနဲ့ အမေရိက ဒေသ နှစ်ခု အတွက်သာ ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle