နာမည်ကျော် Streamer Tyler1 ကို အဖွဲ့အစည်း ကိုယ်စားပြု Content Creator အဖြစ် ခေါ်ယူလိုက်တဲ့ T1 Esports

မြောက်အမေရိက အခြေစိုက် နာမည်ကျော် LOL Streamer တစ်ဦးဖြစ်တဲ့ Tyler1 ကတော့ LOL လောကရဲ့ နာမည်ကျော် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ T1 ကိုယ်စားပြု Content Creator ဘဝကို ခံယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ Tyler1 အနေနဲ့ Twitch Channel ကနေ တစ်ဆင့် Streaming တွေ ပြုလုပ်လျက် ရှိသလို Twitch Rivals, LCS Show Matches စတဲ့ ပြိုင်ပွဲတွေမှာလည်း ပါဝင် အားဖြည့်ပေးလျက် ရှိပါတယ်။
It was meant to be.
— T1 (@T1) October 17, 2020
Welcome @loltyler1 to T1! pic.twitter.com/rUVnATOQYh
အခုလို NA အခြေစိုက် နာမည်ကျော် Streamer Tyler1 ကို ခေါ်ယူလိုက်ခြင်းအားဖြင့် ကိုရီးယား အခြေစိုက် Esports အဖွဲ့အစည်း T1 အနေနဲ့ အခြားသော ဒေသတွေမှာပါ ၎င်းတို့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကို ဖြန့်ကျက်သွားနိုင်ဖို့ စတင် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

Tyler1 အနေနဲ့ ယခင်အချိန်တွေတုန်းက Riot ရဲ့ Permaban ကို ခံယူခဲ့ရသလို LOL ပြိုင်ပွဲများကို Streaming ပြုလုပ်ခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း ယခုအခါမှာ Riot အနေနဲ့ Tyler1 အပေါ် ချမှတ်ထားတဲ့ Ban Hammer ကို ပြန်လည် ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Tyler1 ဟာ T1 LoL အသင်းရဲ့ နာမည်ကျော် Mid Lane ကစားသမား Faker နဲ့လည်း အတော်လေးကို ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် နောက်ပိုင်းတွေမှာ Faker နဲ့ Tyler1 တို့ အတူတကွ ပါဝင်တဲ့ Content တွေကိုလည်း မကြာခဏ မြင်တွေ့ရဖွယ် ရှိနေပါတယ်။
REF: VpEsports