ကော်ဖီသောက်ပေးတာက ခေါင်းကိုက်တာကို တကယ်ရော သက်သာစေရဲ့လား

ကော်ဖီသောက်ပေးတာက ခေါင်းကိုက်တာကို တကယ်ရော သက်သာစေရဲ့လား

တစ်နေ့ တစ်နေ့ လူတိုင်းဟာ ကိစ္စပေါင်းသောင်းခြောက်ထောင်နဲ့ ကြုံတွေ့ရလို့ပဲ ဖြစ်ဖြစ်၊ ရှုပ်ထွေးလှတဲ့ အလုပ်တွေကြောင့်ပဲဖြစ်ဖြစ်၊ နေပူထဲသွားရလွန်းလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားကြရပါတယ်။ ခေါင်းကိုက်တာပဲဖြစ်ဖြစ်၊ ခေါင်းတခြမ်းကိုက်တာပဲဖြစ်ဖြစ် ခံစားရပြီဆိုရင် အဲ့နေ့တစ်နေ့လုံး အဆင်ပြေပြေနဲ့ အလုပ်လုပ်လို့ မရတော့ပါဘူး။တဒိန်းဒိန်းထိုးကိုက်နေတဲ့ ခေါင်းကြောင့် ခေါင်းကိုဖိပြီး ခေါင်းကိုက်ပျောက်ပါတော့ဆိုပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့သူတိုင်း ပြောလေ့ရှိကြပါတယ်။ အဲ့ဒီလိုပြောနေမယ့်အစား ခေါင်းကိုက်ပျောက်အောင် လုပ်လိုက်တာက လုပ်စရာ အလုပ်လည်းပြီးစေကာ လူကိုလည်း တက်ကြွရွှင်လန်းသွားစေမှာပါ။
ခေါင်းကိုက်ပောျက်အောင် လုပ်လိုက်လို့ ပြောတာတော့ ဟုတ်ပါပြီ။ ဘယ်လိုနည်းလမ်းတွေ သုံးပြီး သက်သာအောင် လုပ်ကြမလဲဆိုတာကလည်း ရှိပါသေးတယ်။ တချို့တွေက ကော်ဖီသောက်ရင် ခေါင်းကိုက်ပျောက်တယ်လို့ ယူဆကြပြီး ဆေးသောက်မယ့်အစား ကော်ဖီတွေ ဖိသောက်ကြပါတယ်။ လူတွေထင်ထားသလို ကော်ဖီသောက်တာက တကယ်ရော ခေါင်းကိုက်တာကို သက်သာစေရဲ့လား။

ဆရာဝန်တွေရဲ့ အဆိုအရဆို ကော်ဖီသောက်တာဟာ ခေါင်းကိုက်ပျောက်စေသလို ပိုလည်း ဆိုးစေနိုင်ပါတယ်။ ခေါင်းကိုက်တဲ့နာကျင်မှု ဘယ်လောက်ပြင်းထန်လဲပေါ် မူတည်ပြီး သောက်ရမယ့် ကဖင်းဓာတ်အနည်းအများကလည်း ကွာခြားပြီး နာတာရှည်ရောဂါလိုမျိုးဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာကိုတော့ ကော်ဖီသောက်ပေးပြီး ကုသလို့မရပါဘူး။

အဲဒါဆို လူတွေက ကော်ဖီသောက်ပေးတာနဲ့ ခေါင်းကိုက်သက်သာတယ်လို့ ဘာကြောင့်ထင်ကြရတာလဲ။ ဘာကြောင့်ထင်လဲဆိုတာ မပြောခင် ခေါင်းဘာလို့ ကိုက်လဲဆိုတာ အရင်ပြောချင်ပါတယ်။ ခေါင်းဘာလို့ ကိုက်လဲဆိုတော့ ဦးနှောက်ထဲက သွေးကြောလေး ဖောင်းပြီးရောင်လာတဲ့အတွက်ကြောင့် ကိုက်တာ ဖြစ်ပါတယ်။ကော်ဖီထဲမှာပါတဲ့ ကဖင်းက ကျုံသွားတဲ့ သွေးကြောတွေရဲ့ ရောင်ရမ်းတာတွေကို ပြေလျောအောင် လုပ်ဆောင်ပေးပြီး တစ်ချိန်တည်းမှာပဲ တင်းမာနေတဲ့ သွေးကြောတွေရဲ့ ဘေးနားက ကြွက်သားတွေကိုပါ ပြေလျောစေပါတယ်။ ဒါကြောင့်မို့ ကော်ဖီသောက်ရင် ခေါင်းကိုက်သက်သာတယ်လို့ ထင်ကြရတာပါ။
ကိုက်ခဲနာကျင်နေတာကို သက်သာစေဖို့အတွက် ကော်ဖီက အံ့သြဖွယ် ဆေးတစ်လက်လု့ိ လုပ်ဆောင်ပေးသလို ကဖင်းကို လိုတာထက်ပိုပြီး များများသောက်သုံးမိရင်တော့ ကြွက်သားတွေက အလုပ်ပိုလုပ်ရတဲ့အတွက် နာကျင်မှု ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ အခုလိုမျိုးပြောလိုက်တော့ ခေါင်းကိုက်ပျောက်စေဖို့ ကော်ဖီက သောက်ရမှာလား မသောက်ရဘူးလားဆိုပြီး ပြန်တွေးစရာ ဖြစ်လာပါတယ်။

ကဖင်းသက်ရောက်မှုက လူတိုင်းအပေါ် မတူညီနိုင်တဲ့အတွက်ကြောင့် ခေါင်းကိုက်ဝေဒနာခံစားရလို့ နာကျင်ကိုက်ခဲလာရင် ကော်ဖီသောက်ပြီး ဖြေရှင်းမယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကော်ဖီက အရမ်းအိပ်ချင်နေတာကို မအိပ်ချင်အောင်သာ ကူညီဖြေရှင်းပေးနိုင်ပြီး ခေါင်းကိုက်တာကိုတော့ ကူညီမဖြေရှင်းပေးနိုင်ပါဘူးနော်။ အရမိးအိပ်ချင်လို့ အိပ်ချင်ပြေချင်ရင်တော့ ကော်ဖီကို တစ်နေ့ တစ်ခွက်ကနေ နှစ်ခွက်လောက် သောက်ပေးလို့ရပြီး အဲ့ထက်ပိုသောက်မိရင်တော့ အိပ်ချင်မပြေစေဘဲ ရေဓာတ်ဆုံးရှုံးကာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာစေပါလိမ့်မယ်။
ခေါင်းအရမ်းကိုက်နေလို့ သောက်စရာဆေးမရှိသေးရင် Caffeinated Drink တွေကိုလည်း အစားထိုးပြီး မသောက်ပါနဲ့နော်။ အဲဒီ Caffeinated Drink တွေက ကော်ဖီထက် ပိုဆိုးတဲ့အတွက်ကြောင့်ပါ။ ကော်ဖီကလည်း ခေါင်းကိုက်တာကို မသက်သာစေနိုင်ဘူးဆိုတော့ ခေါင်းကိုက်လာရင် ပျောက်ကင်းစေဖို့အတွက် ဆေးသောက်တာမျိုး၊ အမည်းရောင် ငရုတ်စေ့ကို ရှုတာမျိုး၊ ပရုတ်ဆီနဲ့ ရှုဆေးလေးတွေကို ရှုတာမျိုး လုပ်ပေးပါ။ ဒါကိုဖတ်ပြီးသွားရင်တော့ ခေါင်းကိုက်လာရင် ကော်ဖီဖိဖိသောက်တတ်တဲ့ အကျင့်ကို ချက်ချင်းပဲ ပြင်လိုက်ပါတော့နော်။
H.H(Akhayar)

Photo Credit-Free image

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle