ကျန်းမားရေးအပေါ်သက်ရောက်နိုင်သည့် ဂရုစိုက်မှုအားအလေးအထားသင့်တဲ့အခြေအနေ

ကျန်းမားရေးအပေါ်သက်ရောက်နိုင်သည့် ဂရုစိုက်မှုအားအလေးအထားသင့်တဲ့အခြေအနေ

လူနာတစ်ဦး၏ စိုးရိမ်ရသော ကျန်းမာရေးအခြေအနေက ချက်ချင်း အထူးဂရုပြု ကုသပေးနေရသောကြောင့် အာဟာရပမာဏအား ပိုမိုပြည့်မီလာအောင် လုပ်ဆောင်ခြင်းကို တစ်ခါတစ်ရံမှ လုပ်ဆောင်တတ်ကြသည်။ ဆေးပညာရှင်များနှင့် ဆရာဝန်များအနေနဲ့ အဓိက ရောဂါလက္ခဏာအား အလေးထား ကုသပေးနေရသောကြောင့် လူနာတစ်ဦးချင်းစီ၏ အာဟာရဓာတ်ပြည့်ဝမှုအခြေအနေနှင့် ၎င်း၏ ပြန်လည်ကျန်းမာလာရေး အပေါ်သက်ရောက်နိုင်မှုအား အလေးထား ဂရုစိုက်နိုင်မှာတော့မဟုတ်ပါဘူး။


လူများ၏ အာဟာရဓာတ် အခြေအနေ ပိုမိုတိုးတက်လာရေးအတွက် အကောင်းဆုံး အကြံဉာဏ်များအား  ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် သက်ကြီးရွယ်အို အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့် DefeatMalnutrition.Today မှ ရရှိလာခဲ့သည်။ အဆိုပါအဖွဲ့အစည်းကြီးသည် သက်ကြီးရွယ်အိုများအတွက် သာမှန် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း တိုင်းတာသကဲ့သို့ အာဟာရ တိုင်းတာမှုအား အရေးပါသည့် လက္ခဏာတစ်ခုအဖြစ် အသိအမှတ်ပြု တိုင်းတာသင့်ကြောင်း ထောက်ခံထားပါတယ်။ ၎င်းတို့၏ အားထုတ်မှုရလဒ်တစ်ခုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု စင်တာများတွင် အာဟာရချို့တဲ့မှု အရည်အသွေးတိုင်းတာမှုအစီအစဉ်တွေကို အခြေခံလုပ်ဆောင်မှုအနေဖြင့် ထည့်သွင်းလာကြပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ဆေးရုံများတွင် ကောင်းမွန်၍ ပိုမိုတိကျ မြန်ဆန်သော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရုံသာမက ဆေးရုံဆင်းချိန် သို့မဟုတ် အသည်းအသန်ရောဂါအား ကုသပြီးချိန်တွင် လူနာတစ်ဦး၏ အာဟာရပြည့်ဝမှု အခြေအနေအား ၎င်း၏ ကျန်းမာရေး မှတ်တမ်းတွင် မှတ်ထားနိုင်မှာပါ။


အာဟာရပြည့်ဝရေးအား ဦးစားပေးခြင်းသည် ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရုံသာမက လူနေမှုဘဝ ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးအတွက် အသုံးပြုရသော စီးပွားရေး အခက်အခဲများ လျော့ချနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် ဆေးရုံရှိလူနာများ၏ အာဟာရအခြေအနေအားစစ်ဆေး၍ လိုအပ်သော အာဟာရအား တိုက်ကျွေးကာ ဆေးရုံတက်နေချိန်နှင့် ဆင်းပြီးချိန် လူနာ၏ အာဟာရအခြေအနေအား တစ်စိုက်မတ်မတ် စောင့်ကြည့်လေ့လာခြင်းအားဖြင့် အကောင်းပကတိ ပြန်လည်ကျန်းမာလာရန် အခွင့်အလမ်းပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။
သတင်းကောင်းတစ်ခုက ဆရာဝန်များအနေနဲ့ လူနာများအား အာဟာရဆိုင်ရာ ဗဟုသုတများ အပြင် အာဟာရ ဖြည့်စွက်စာများ ထည့်သွင်းပေးခြင်းအားဖြင့် လူနာ၏ ကျန်းမာရေးအား ထိထိရောက်ရောက် ကုသပေးနိုင်ရုံသာမက ငွေကုန်ကြေးကျလည်း သက်သာသည်။


ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အာဟာရ စစ်ဆေးသည့်အစီအစဉ်အား ကျင့်သုံးပြီးချိန်တွင် ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများအပေါ်  အဓိပ္ပါယ်ရှိသော သက်ရောက်မှုများကို မြင်တွေ့ခဲ့ရပါတယ်။ဥပမာအားဖြင့် ထိပ်တန်း သိပ္ပံနည်းပညာကို အခြေခံထားသည့် အာဟာရနှင့် ထောက်ခံချက်များ ရရှိထားသော ကျန်းမာရေး ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပြီး Illinois အခြေစိုက် အကြီးမားဆုံး ကျန်းမာရေးစနစ် နှင့် ယုံကြည်စိတ်ချရသော ကမ္ဘာ့ထိပ်တန်း ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတစ်ခု ဖြစ်သော Ensure အား ထုတ်လုပ်ရောင်းချသည့် Abbott သည် မတူညီသော ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် အာဟာရ ပြည့်မီအောင် ဦးစားပေး ကုသပေးခြင်းဖြင့် လူနာများ၏ကျန်းမာရေးတိုးတက်လာနိုင်ကြောင်းလက်တွေ့ ပြသနိုင်ခဲ့ပါတယ်။

Photo Credit- Unsplah

Kelly (Akhayar Lifestyle)