ပိုမိုကောင်းမွန်သော အာဟာရဓာတ်ဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း

ပိုမိုကောင်းမွန်သော အာဟာရဓာတ်ဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း

အာဟာရဓာတ် လုံလောက်စွာ ရရှိခြင်းသည် ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရှုထောင့်အားလုံးတွင် အလွန်အရေးပါသော်လည်း လူအများစုသည် အာဟာရဓာတ်ကို အလေးမထားပဲ လျစ်လျူရှုထားတတ်ကြပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု အာဟာရအား မည်သို့အလေးထားဆောင်ရွက်ရမည်ကို ဖော်ပြရာတွင် လိုအပ်ချက်များစွာ ရှိနေခြင်းကြောင့် လူနာများ စောင့်ရှောက်ကုသရာတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပါသည်။

၃ ပုံ ၁ ပုံသော လူနာများသည် ဆေးရုံမတက်ရောက်ခင်အချိန်ကပင် အာဟာရချို့တဲ့နေပြီး ၎င်းတို့ဆေးရုံတက်နေချိန်အတွင်းတွင်လည်း အာဟာရချို့တဲ့မှုသည် ပိုမိုဆိုးရွားနိုင်ပါတယ်။  လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း ပြုလုပ်ခဲ့သည့် ရာပေါင်းများစွာသော လေ့လာချက်များအရ လူနာများအကြား အာဟာရ မပြည့်ဝခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေကိုပါ ထိခိုက်စေနိုင်ပါသည်။

ဥပမာအားဖြင့်
● အာဟာရချို့တဲ့မှု၏ အကျိုးရလဒ်အနေဖြင့် ဆေးရုံတက်ချိန်ပိုမိုကြာမြင့်ခြင်း၊ မကြာခဏ ဆေးရုံတက်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ပိုမိုမြင့်မားခြင်း နှင့် နောက်ဆက်တွဲရောဂါများ (ကုတင်နာ ကဲ့သို့) ကာလရှည်ကြာ ဖိထားခြင်းကြောင့် ရရှိသော ဒဏ်ရာများ၊ အခြားသော ကူးစက်ရောဂါများနှင့် မူးလဲကျခြင်းများ ကဲ့သို့ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ ရှိနိုင်ခြေ ပိုမို မြင့်မားသည့်အပြင် သေဆုံးသည်ထိ ဖြစ်စေနိုင်ပါသည်။
● ဆေးရုံကို မကြာခဏပြန်လည်တက်ရောက်ခြင်း၏ ကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၁,၀၀၀၀ ကျော် ရှိပြီး အဆိုပါ ပမာဏသည် အာဟာရပြည့်ဝသော လူနာ၏ ကုန်ကျစရိတ်ထက် ၂ ဆ ပိုမိုများပြားပါတယ်။


အာဟာရမပြည့်ဝခြင်း၏ အကျိုးဆက်အနေဖြင့် လူသားများ အသက်ကြီးလာသည်နှင့်အမျှ နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်တဲ့အခြေအနေတွေရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ရာသန်းခေါင်စာရင်းအရ ၂၀၅၀ ပြည့်နှစ်တွင်အသက် ၆၀ နှင့်အထက်လူ ဦးရေသည် ၄.၅ သန်းမှ ၁၃ သန်းအထိ - ၂၀ ရာခိုင်နှုန်း တိုးပွားလာမည်ဟုခန့်မှန်းရသည်။ အဆိုပါ အသက်အရွယ်သည် အစာစားချင်စိတ် မရှိခြင်း၊ သွားလာလှုပ်ရှားမှုနည်းခြင်းနှင့် ခံစားနေရသောရောဂါမှ ဖြစ်ပေါ်သော ရောင်ရမ်းခြင်းများကြောင့် အာဟာရမပြည့်ဝမှုများ ပိုမိုဖြစ်ပွားနိုင်ချေရှိသော အသက်အရွယ် အပိုင်းအခြားတစ်ခုဖြစ်သည်။


အာဟာရမပြည့်ဝခြင်းကြောင့် ဆိုးရွားသော အကျိုးဆက်များ မကြာခဏဖြစ်ပေါ်နေသော်လည်း ဤအကြောင်းကို လူအများ သိရှိနားလည်ခြင်း မရှိသေးကြောင်းတွေ့ရပါတယ်။

Photo Credit -Unsplash

Kelly (Akhayar Lifestyle)