နုပျိုခြင်းတွေကို ယူဆောင်လာပေးမယ့် အစားအစာတွေ

နုပျိုခြင်းတွေကို ယူဆောင်လာပေးမယ့် အစားအစာတွေ

အသားအရေလှပပြီး စိုပြေနေဖို့က မိန်းကလေးတိုင်းရဲ့ ရည်မှန်းချက်မဟုတ်ပါလား။ ကျန်းမာစိုပြေတဲ့အသားအရေရဖို့ ပုပြင်ပြောင်းလဲလို့ ရတဲ့ နည်းတွေအမျိုးမျိုးသုံးပြီး ပြောင်းလဲယူလို့ရသလို ကိုယ်နေ့စဉ်စားသုံးနေကျ အစားအစာတွေက သင့်ကိုလှပစေဖို့အတွက် အထောက်အပံ့ပေးနေတယ်ဆိုတာကိုလည်း မမေ့ထားသင့်ပါဘူး။ အခုအခရာကပြောပြပပေးသွားမယ့် အစားအစာတွေကို စားသုံးပေးမယ်ဆိုရင်တော့ နုပျိုကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်စေမှာပါ။

အဆီပါတဲ့ ငါးတွေ
Omega-3 အဆီပါတဲ့ ငါးတွေဖြစ်တဲ့ Salmon ၊ တူနာနဲ့ ဆာဒင်းငါးတွေကိုစားပေးတာက အသားအရေစိုပြေဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။ Omega-3 Fatty Acids က အသားအရေအတွက် အစိုဓာတ်ထိန်းပေးပြီး ရောင်ရမ်းတာတွေကိုလည်း လျှော့ချပေးပါတယ်။ ဒီငါးတွေမှာပါဝင်တဲ့ ဓာတ်တွေကတော့ အိုမင်းရင့်ရော်တာကို တားဆီးပေးတဲ့ Vitamin E အပြင် Zinc ဓာတ်ပါ ပါဝင်တာမို့ အသားအရေယားယံတာတွေနဲ့ ဝက်ခြံမဖြစ်ေအောင်လည်း တားဆီးပေးနိုင်ပါတယ်။

အခွံမာသီး
အခွံမာသီးတွေက ငါးတွေလိုပဲ Omega-3 ကြွယ်ဝပါတယ်။ သူ့မှာအသားအရေ ပိုကာင်းစေတဲ့ အခြားဓာတ်တွေအပြင် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် တခြားဓာတ်တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ သစ်ကြားသီးက အသားအရေစိုပြေတောက်ပနေဖို့အတွက် အကောင်းဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ဗာဒံစေ့နဲ့ သီဟိုဠ်စေ့ တို့က အကောင်းဆုံးပါပဲတဲ့။

ထောပတ်သီး
ထောပတ်သီးကတော့ ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေနဲ့ ပြည့်နေတဲ့ အသီးလို့ပြောလို့ရပါတယ်။ သူ့မှာပါဝင်တဲ့ Carotenoids က အရေပြားမှာ နေလောင်ဒဏ်ကြောင့်ဖြစ်လာမယ့် အန္တရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ထောပတ်သီးကို ပိုပြီးစားသုံးပေးသင့်တဲ့ အချက်ကတော့ Collagen ထုတ်ပေးမှုကိုလှုံ့ဆော်ပေးတဲ့ D-mannoheptulose ဆိုတဲ့ ဓာတ်ပါဝင်နေလို့ပါပဲ။

လက်ဖက်ရည်ကြမ်း
မြန်မာနိုင်ငံကလူတွေ နေ့စဉ်သောက်သုံးနေကြဖြစ်တဲ့ လက်ဖက်ရည်ကြမ်းကလည်း အသားအရေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ထဲမှာ ပါပါသေးတယ်။ လက်ဖက်ရည်ကြမ်းမှာ Antioxidants တွေ အများကြီးပါဝင်ပြီး နေလောင်လို့ဖြစ်လာတဲ့ အသားအရေ ရောင်ရမ်းနီးမြန်းတာတွေကို လျှော့ချပေးပါတယ်။

ဒိန်ချဉ်
အစာကြေစနစ်အတွက် လိုအပ်တဲ့ ဘက်တီးရီးယားတွေကို ဒိန်ချဉ်ကနေရနိုင်ပါတယ်။ ဒိန်ချဉ်က အသားအရေ ရောင်ရမ်းတာတွေကို လျှော့ချပေးပြီး ဝက်ခြံမဖြစ်အောင်လို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲဘူးဆိုတဲ့ ဆိုရိုးအတိုင်း ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေက အစာခြေစနစ်ကိုအားပေးတာကြောင့် ဒိန်ချဉ်ကိုစားပေးတယ်ဆိုရင်ပဲ အရေပြားပေါ်မှာဖြစ်လာနိုင်တဲ့ ဝက်ခြံတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။

ကဲ ဒီထဲမှာ အခရာပရိသတ်ကြီးအကြိုက်ဆုံးဖြစ်မယ့် တစ်ခုရွေးပါဆိုရင် ဘာဖြစ်မလဲ။ ပြောခဲ့လိုက်နော်။

Reference & Photo Credit : Brightside

NSC (Akhayar)