Hedonic နဲ့ Eudaimonic လို့ခေါ်တဲ့ပျော်ရွှင်ခြင်းနှစ်မျိုးကိုယှဉ်တွဲပြီး မြင်ရဲ့လား

Hedonic နဲ့ Eudaimonic လို့ခေါ်တဲ့ပျော်ရွှင်ခြင်းနှစ်မျိုးကိုယှဉ်တွဲပြီး မြင်ရဲ့လား

ပျော်ရွှင်ခြင်းကိုလူတိုင်းလိုချင်ကြတယ်။ဒါပေမဲ့ လူတိုင်းကတော့အဓိပ္ပါယ်ရှိရှိနဲ့တကယ်ရောပျော်နေကြရဲ့လား ?ပျော်ရွှင်ခြင်းက ပေးတဲ့သူထက် ယူတဲ့သူနဲ့ကပိုသက်ဆိုင်တယ်လို့တော့မြင်ပါတယ်။Hedonic လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းနဲ့ Eudaimonic လို့ခေါ်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ပျော်ရွှင်ခြင်းဆိုပြီးပျော်ရွှင်ခြင်း ၂မျိုးရှိပါတယ်။ပျော်ရွှင်ခြင်းဆိုတာလက်ရှိအချိန်ကိုပဲပျော်နေတာမျိုးပေါ့ ၊အဓိပ္ပွယ်ရှိခြင်းကတော့ ဘဝနဲ့ဆိုင်သွားတာမျိုးပါ။အဲ့အဓိပ္ပါယ်ရှိတဲ့ပျော်ရွှင်မှုကရောဘယ်လိုမျိုးလေးတွေကိုပြောတာလဲ ?
နားထောင်ပေးတတ်တဲ့သူတစ်ယောက်
လူတော်တော်များများက ကိုယ့်ပြဿနာကို တစ်ပါးသူကိုပဲရင်ဖွင့်တတ်တယ်။ အခက်အခဲဖြစ်နေတဲ့သူဆီက အကြောင်းအရာတွေကိုနားမထောင်တတ်ကြဘူး။တကယ်တော့ ဂရုစိုက်ခြင်းနဲ့ နားလည်ခြင်းမှာ သဘောထားကြီးခြင်းလည်းလိုအပ်ပါတယ်နော်။အဲ့တော့ ကိုယ့်အမြင်သူ့အမြင်ကိုဖလှယ်ပြီးဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်နော်။

Photo Credit -Purdue


အကောင်းမြင်တဲ့စိတ်လွှမ်းမိုးပါ
တစ်ယောက်အပေါ်တစ်ယောက်အကောင်းမြင်တတ်ဖို့ဆိုတာ ထင်သလောက်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။မိမိအပြုအမှုတွေဟာ အခြားသူအပေါ်ဘယ်လိုသက်ရောက်လဲဆိုတာကိုအပေါ်ယံပဲကြည့်ပြီးဆုံးဖြတ်တတ်ကြတဲ့သူတွေကများပါတယ်။

Photo Credit -CtS


အကူအညီပေးတတ်အောင်လေ့ကျင့်ပါ
အခြားသူတွေကို ကူညီမယ့်နည်းဟာအခုခေတ်မှာဆိုအများကြီးပါ။အချိန်မရှိလို့ မကူညီလိုက်ရင်တော့ ၅ မိနစ်လေးပဲဖြစ်ဖြစ်စပြီးကူညီတတ်အောင်လုပ်ကြည့်သင့်ပါတယ်။ အကျိုးလည်းရှိသလို ကိုယ့်အတွက်လည်းပိတိဖြစ်ပါတယ်။

Photo Credit -Science

Kelly - Akhayar Lifestyle