HR Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် CIS အခြေစိုက် နာမည်ကျော် ကစားသမား RodjER

HR Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် CIS အခြေစိုက် နာမည်ကျော် ကစားသမား RodjER

နာမည်ကျော် Esports အဖွဲ့အစည်း Hell Raisers အနေနဲ့ Dota 2 လောကထဲကို The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်မှာ ပြန်လည် ဝင်ရောက် လာခဲ့ပေမယ့် လက်ရှိအချိန်ထိ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခြင်း မရှိသေးသလို 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ DOTA Summit 11 မှာသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

အောင်မြင်မှုတွေကို အမြဲတမ်း ဆာလောင်နေတဲ့ Esports အဖွဲ့အစည်း HR အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု Dota 2 ကစားသမား စာရင်းမှာ အပြောင်းအလဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပေမယ့် ပိုလို့သာ ဆိုးလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အသင်းကို ထိန်းကျောင်းပေးနိုင်ဖို့ အတွက် CIS ဒေသရဲ့ နာမည်ကျော် Pos 4 ကစားသမား တစ်ဦးဖြစ်တဲ့ RodjER ကို ထပ်မံ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

RojER အနေနဲ့ HR Dota 2 အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ Gilgir နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တဲ့အကြောင်းကို Hell Raisers Esports အဖွဲ့အစည်းဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ဒီနေ့မှာ HR Dota 2 အသင်းရဲ့ ကစားသမား အပြောင်းအလဲ တစ်ခုကို တရားဝင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ Georgy “Gilgir” Svistunov ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီး Gilgir နေရာမှာ အစားထိုးဖို့ အတွက် Vladimir “RodjER” Nikoghosyan ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ RodjER အနေနဲ့ CIS အခြေစိုက် နာမည်ကျော် အသင်းပေါင်း များစွာမှာ ကစားခဲ့ဖူးတာကြောင့် အသင်းနဲ့ အတူ အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့ ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

Rodjer အနေနဲ့ Team Empire, Natus Vincere, Virtus Pro စတဲ့ Dota 2 အသင်းတွေနဲ့ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်မှာ VP Dota 2 အသင်းကနေ ထွက်ခွာပြီး Winstrike Dota 2 အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

Rodjer အနေနဲ့ Winstrike Dota 2 အသင်းမှာ Pos 5 ကစားသမား အဖြစ်သာ ဝင်ရောက် ကစားခဲ့ရပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခြင်း မရှိသလို Winstrike Dota 2 အသင်းလည်း ပြန်လည် ဖျက်သိမ်းသွားခဲ့ပါတယ်။

ဒါကြောင့် Rodjer တစ်ယောက် HR Dota 2 အသင်းမှာ ယခင် အချိန်တွေတုန်းက ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသနိုင်ပြီး အောင်မြင်မှုတွေကို ထပ်မံ သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ Winstrike Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nix – Pos 1
  • Xanni – Pos 2
  • Funn1k – Pos 3
  • RodjER – Pos 4
  • Miposhka – Pos 5

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle