HR Dota2 အသင်းကို ရောက်ရှိသွားပြီဖြစ်တဲ့ Resolut1on

HR Dota2 အသင်းကို ရောက်ရှိသွားပြီဖြစ်တဲ့ Resolut1on

Virtus Pro Dota2 အသင်းနဲ့ လမ်းခွဲပြီးစဉ် အချိန်က စတင်ပြီး ပရို Dota2 လောကကနေ ပျောက်ကွယ်လျက်ရှိတဲ့ Resolution ကို DPC ရာသီ ပြန်လည် စတင်ချိန်မှာ Hell Raisers Dota2 အသင်းနဲ့အတူ ပြန်လည် မြင်တွေ့ သွားရတော့မှာ ဖြစ်ပါတယ်။ Resolution အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ Virtus Pro Dota2 အသင်းမှာ Offlaner အဖြစ် ကစားခဲ့ပေမယ့် အသင်းသစ်ဖြစ်တဲ့ Hell Raisers မှာတော့ သူအကျွမ်းကျင်ဆုံး Position ဖြစ်တဲ့ Carry ကစားသမား အဖြစ် ပြန်လည် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အခုလို Resolution ကို ခေါ်ယူလိုက်နိုင်တာကြောင့် Hell Raisers Dota2 အသင်းမှာ လက်ရှိ ကစားသမား သုံးဦး အထိ ရှိလာခဲ့ပြီဖြစ်ပြီး ကျန်ရှိနေတဲ့ Offlane နဲ့ Hard Support Position တို့ အတွက် ကစားသမား အသစ် နှစ်ဦးကို ထပ်မံ ခေါ်ယူရဦးမှာ ဖြစ်ပါတယ်။

HR Dota2 အသင်းရဲ့ Mid Laner အဖြစ်ကိုတော့ အသင်းမှာ ၂၀၁၉ ခုနှစ်၊ ၉ လပိုင်းကတည်းက ကစားခဲ့တဲ့ ကပ္ပတိန်ဖြစ်သူ Nix ကသာ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပြီး Soft Support ကစားသမား အဖြစ်ကိုတော့ HR Dota2 အသင်းကို ၂၀၂၀ ခုနှစ်၊ ၁၀ လပိုင်းကတည်းက ရောက်ရှိခဲ့တဲ့ ကစားသမားလည်းဖြစ်၊ CIS ဒေသရဲ့ ထိပ်သီး Pos 4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်လည်းဖြစ်တဲ့ Lil က ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Lil

HR Dota2 အသင်း အနေနဲ့ DPC ရာသီ ပြန်လည် စတင်ချိန်မှာ အခြားသော အင်အားကြီး CIS အသင်းတွေဖြစ်တဲ့ Na’Vi, Virtus Pro စတဲ့ အသင်းတွေနဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း အဖြစ် ရပ်တည်သွားဖို့ ပြင်ဆင်လျက် ရှိတာကြောင့် လစ်လပ်နေတဲ့ ကစားသမား ၂ နေရာ အတွက်ကိုလည်း ထိပ်သီး ကစားသမားတွေကိုသာ ခေါ်ယူသွားဖွယ် ရှိပါတယ်။

HR Dota2 အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Roman “Resolut1ion” Fominok – Pos 1
  • Alexander “Nix” Levin – Pos 2
  • Ilya “Lil” Ilyuk – Pos 4

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle