2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းများ

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းများ

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13 မှာ ဝင်ရောက် ဆင်နွှဲခွင့် ရရှိရန် အတွက် ယှဉ်ပြိုင်ခဲ့ရတဲ့ ဒေသတွင်း လက်ရည်စစ်ပွဲတွေ အားလုံး ပြီးဆုံးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်း (၁၅) သင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

  • တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားတဲ့ အသင်းတွေကတော့ MDL Chengdu Major မှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Vici Gaming၊ Dota Summit 11 Minor ပြိုင်ပွဲမှာ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Invictus Gaming၊ Sccc, XXS, Boboka စတဲ့ တရုတ်နိုင်ငံတွင်း နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Aster တို့ပဲ ဖြစ်ပါတယ်။

တရုတ်ဒေသတွင်း နာမည်ကျော် အသင်းတစ်သင်းဖြစ်သလို The International 2018 ပြိုင်ပွဲကြီးမှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ PSG.LGD Dota 2 အသင်း အနေနဲ့ Open Qualifier မှာ FTD.Apollo ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယမြောက် Major/ Minor Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

  • အရှေ့တောင်အာရှဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

SEA ဒေသတွင်း လက်ရည်စစ်ပွဲမှာတော့ MDL Chengdu Major မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိတဲ့ Fnatic Dota 2 အသင်း အနေနဲ့ Outlanders Update အသစ်နဲ့အတူ လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ရှုံးပွဲမရှိဆိုတဲ့ ရလဒ်ဖြင့် DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပါတယ်။

Fnatic Dota 2 အသင်းနဲ့အတူ DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းတွေကတော့ TNC Predator နဲ့ Reality Rift တို့ပဲ ဖြစ်ပါတယ်။ TNC Predator ဆိုတာကတော့ ပရိတ်သတ်တွေ ရင်းနှီးပြီးသား အသင်းတစ်သင်း ဖြစ်သလို MDL Chengdu Major မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

Reality Rift ဆိုတာကတော့ ယခင် အချိန်တုန်းက SEA Dota 2 လောကမှာ ပြိုင်ဘက်ကင်း အသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Team Faceless ရဲ့ Support ကစားသမား NutZ၊ ပရိသတ်တွေ ရင်းနှီးပြီးသား ကစားသမားတစ်ဦးဖြစ်တဲ့ kYxY၊ SEA ဒေသတွင်း နာမည်ကျော် Mid-Lane ကစားသမား တစ်ဦးဖြစ်သူ AlaCrity တို့နဲ့ ဖွဲ့စည်းထားတဲ့ Dota 2 အသင်းသစ် တစ်သင်းပဲ ဖြစ်ပါတယ်။

  • ဥရောပဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

ဥရောပဒေသတွင်း လက်ရည်စစ်ပွဲမှာတော့ Team Liquid အနေနဲ့ ပြိုင်ပွဲတစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့သလို၊ နည်းပြအသစ်ဖြစ်သူ Heen၊ Carry ကစားသမား အသစ်ဖြစ်သူ Matumbaman တို့ဖြင့် ပြန်လည် အားဖြည့်ထားတဲ့ Team Secret၊ ပရိသတ်အချစ်တော် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Kuroky, Miracle, GH, Mind Control, W33.Ha တို့ဖြင့် ဖွဲ့စည်းထားတဲ့ Nigma Dota 2 အသင်းကို အနိုင်ရရှိခဲ့တဲ့ Alliance Dota 2 အသင်းတို့ အနေနဲ့လည်း DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

  • CIS ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

MDL Chengdu Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ CIS ဒေသတွင်း နာမည်ကျော် အသင်းတွေ ဖြစ်ကြတဲ့ VP, Na’Vi တို့အနေနဲ့ ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13 မှာတော့ CIS ဒေသကိုယ်စားပြု အသင်းတွေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

  • တောင်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

Kingrd ပြန်လည် ပါဝင်လာတဲ့ Pain Gaming အနေနဲ့ လက်ရည်စစ်ပွဲတစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့သလို SA ဒေသတွင်း အကောင်းဆုံး အသင်းတွေထဲမှာ တစ်သင်း အပါဝင်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Beast Coast Dota 2 အသင်းအနေနဲ့လည်း DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

  • မြောက်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းများ

Offlane ကစားသမား အသစ် DM ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ Chaos Esports Club အနေနဲ့ DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သက်တောင့်သက်သာ အရယူနိုင်ခဲ့ပေမယ့် နာမည်ကျော် ကစားသမားပေါင်း များစွာ ပါဝင်တဲ့ Evil Genius ကတော့ Play Off အဆင့်မှာ အခက်အခဲ အနည်းငယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ Eternal Envy, Aui2000 တို့ ပါဝင်တဲ့ Fighting Pandas Dota 2 အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် EG Dota 2 အသင်းနဲ့ DreamLeague Season 13 မှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကို ရရှိသွားခဲ့ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle