TeSes ကို ခေါ်ယူခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Heroic

ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က Heroic CSGO အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ Patrick “es3tag” Hansen တစ်ယောက် Astralis CSGO အသင်းကို ပြောင်းရွေ့ဖို့ သဘောတူညီခဲ့တာကြောင့် အရံကစားသမား အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သလို နောက်ထပ် ကစားသမား တစ်ဦးဖြစ်သူ Marco “Snappi” Pfeiffer ကိုလည်း အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ်ကနေ အရံကစားသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် Heroic CSGO အသင်း အနေနဲ့ လစ်လပ်သွားတဲ့ ကစားသမား နှစ်ဦး နေရာ အတွက် ကစားသမားသစ်တွေ ထပ်ခံ ခေါ်ယူဖို့ လိုအပ်လာခဲ့ပါတယ်။ ယခုအခါမှာတော့ လစ်လပ်သွားတဲ့ ကစားသမား တစ်နေရာ အတွက် Copenhagen Flames CSGO အသင်းရဲ့ ကစားသမားဖြစ်သူ TeSes ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
We proudly announce the signing of René "TeSeS" Madsen! 😍
— HEROIC (@heroicgg) April 8, 2020
Give him some love!
Read more: https://t.co/O2z7cMdGIU#BeHeroic pic.twitter.com/R4e035p0Su
“Rene “TeSes” Madsen ကို အသင်းရဲ့ လစ်လပ်သွားတဲ့ ကစားသမား တစ်နေရာစာ အတွက် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ TeSes အနေနဲ့ အသင်းသစ်မှာ အမြန်ဆုံး အသားကျပြီး လက်စွမ်းကောင်းတွေကို ပြသနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”
TeSes အနေနဲ့လည်း Heroic CSGO အသင်းမှာ ကစားခွင့် ရရှိခဲ့တာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“အခုလို ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Heroic CSGO အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိတဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ကျွန်တော့် အတွက် တကယ်ကို အခွင့်အရေးကောင်း တစ်ခု ဖြစ်တယ်လို့ ယုံကြည်မိသလို Heroic CSGO အသင်းနဲ့ အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့လည်း ထင်မြင်မိပါတယ်။”

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ Heroic CSGO အသင်း အနေနဲ့ လစ်လပ်နေတဲ့ ကစားသမား တစ်နေရာစာ အတွက် Optic CSGO အသင်း ဖျက်သိမ်းသွားစဉ် အချိန်ကတည်းက အသင်းလက်မဲ့ ကစားသမား အဖြစ် ရပ်တည်လျက်ရှိတဲ့ Nikolaj “niko” Kristensen ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Heroic CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Martin “stavn” Lund
- Johannes “b0RUP” Borup
- Casper “cadiaN” Moller
- Rene “TeSes” Madsen
- Frederik “LOMME” Nielsen (Coach)
- Patrick “es3tag” Hansen (Benched)
- Marco “Snappi” Pfeiffer (Benched)
REF: VpEsports