ရန်ကုန်ရဲ့ တိမ်မြှုပ်နေတဲ့နေရာတွေ

ရန်ကုန်ရဲ့ တိမ်မြှုပ်နေတဲ့နေရာတွေ

ရန်ကုန်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းတွေရှိသလို နောက်ခံအကြောင်းအရာတွေအပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့ နေရာတွေအများကြီးပါ။ ဒီနေရာတွေက ဘယ်အချိန်ပျောက်ကွယ်သွားမလဲဆိုတာ မသိနိုင်တဲ့အတွက် သွားရောက်လေ့လာတာမျိုးဖြစ်စေ အနည်းဆုံးတော့ ဘယ်နေရာက ဘယ်ဟာဆိုတာတော့ သိထားရင် မမှားဘူးလို့ ထင်မိပါတယ်။

Nagar Glass Factory

ရန်ကုန်မှာ ပထမဆုံး တည်ထောင်တဲ့ ဖန်စက်ရုံပါ။ နဂါးစက်ရုံကို အဝေးကြီးမှာလို့ မထင်လိုက်ပါနဲ့။ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်၊ ယောဂီကျောင်းလမ်းထဲမှာ တည်ရှိပါတယ်။ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေပါ ပို့ကုန်အဖြစ် သွင်းတဲ့အပြင် ပြည်တွင်းမှာပါ ဖြန့်ဖြူးတဲ့ ဒီနဂါးဖန်ချက်စက်ရုံကို အာကာသယာဉ်မှူး John Glenn လည်း အလည်လာဖူးပါတယ်။ ဒီစက်ရုံရဲ့ ထူးခြားချက်ကတော့ နိုင်ငံရပ်ခြားအကူအညီတစ်ခုမှပါဘဲ စက်ရုံစတင်တည်ထောင်သူကိုယ်တိုင်လေ့လာချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တွေသာ ထုတ်လုပ်တာပါ။ လက်ရှိမှာတော့ ၂၀၀၈ ခုနှစ်က တိုက်ခတ်တဲ့ နာဂစ်မုန်တိုင်း ဂယက်ကြောင့် ပြိုလဲသွားပြီဖြစ်တဲ့ စက်ရုံကိုသာ မြင်တွေ့ရတော့မှာပါ။ နဂါးစက်ရုံကို သွားရောက်လေ့လာနိုင်ပြီး ကျန်ရှိနေတဲ့ မိသားစုဝင်အချို့က စက်ရုံအကြောင်း ပြောပြပေးဖို့လည်း အသင့်ရှိနေပါတယ်။ ဓာတ်ပုံရိုက်ရုံ သက်သက်မဟုတ်ဘဲ စက်ရုံရဲ့ နောက်ခံအကြောင်းအရာတွေကို သေချာနားထောင်ချင်တယ်ဆိုရင် သွားရောက်လေ့လာသင့်ပါတယ်။

Rangoon Turf Club

တာမွေနဲ့ ဗဟန်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့သူတော်တော်များများရဲ့ လမ်းလျှောက်ထွက်ရာနေရာတစ်ခု ဖြစ်တဲ့ အားကစားနှင့် ကာယသိပ္ပံ (ကျိုက္ကဆံ) လို့ အများက သိကြတဲ့ ကွင်းပြင်ကျယ်ဟာ အရင်က မြင်းပြိုင်ကွင်းတစ်ခု ဖြစ်ပါတယ်။ မြင်းကြည့်စင်တွေပါရှိတဲ့ ဒီကွင်းက ကြည့်စင်တွေကို တချို့က ဘောလုံးကြည့်စင်တစ်ခုလို့ သိထားကြပါတယ်။ Upper Class တွေပါ ခွဲပြီး ဆောက်လုပ်ထားပုံပါ။ ဘာလို့လဲဆိုတော့ နိုင်ငံခြားက ဗိသုကာပညာရှင်တစ်ယောက်ရေးထားတဲ့ Blog မှာတော့ ၁၉၂၀ ခုနှစ်တွေက Luxury Type ဒီဇိုင်းပုံစံ စင်မြင့်တွေပါ ရှိကြောင်း ရေးထားပါတယ်။

Musmeah Yeshua Synagogue

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ဂျူးလူမျိုးတွေဟာ ၁၉ ရာစု အစောပိုင်းမှာ မြန်မာပြည်ကို ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက လူဦးရေ ၂၅၀၀ ကျော်ရှိခဲ့ပေမယ့်လို့ အခုချိန်မှာ ၂၀ သာ ကျန်တော့တဲ့ ဂျူးလူမျိုးတွေရဲ့ တစ်ခုည်းသော ဝတ်ပြုကိုးကွယ်ဖြစ်တဲ့ Musmeah Yeshua Synagogue ဘုရားကျောင်းဟာ ရန်ကုန်မြို့ ၂၆လမ်းမှာ တည်ရှိပါတယ်။ ၁၈၉၆ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်တာကြောင့် သွားရောက် လေ့လာထားသင့်တဲ့ထဲမှာ ပါဝင်ပါတယ်။

Antique ပေါင်ချိန်စက်တွေ

ကိုယ်အလေးချိန်ရင်း ဗေဒင်ပါ တခါတည်းထွက်လာတဲ့ ပေါင်ချိန်စက်တွေက ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ ရန်ကုန်ဘူတာကြီးတို့မှာ ရှိပါတယ်။ တကယ်က ဒီပေါင်ချိန်စက်တွေဟာ အကြွေစေ့ထည့်ပြီး ချိန်ရတဲ့ စက်အမျိုးအစားပါ။ လူတစ်ယေက်တစ်ခါချိန် ၁၀၀ ကျပ်သာ ပေးရတဲ့ ရန်ကုန်ဘူတာကြီးက ပေါင်ချိန်စက်ကတော့ ကိုယ့်ရာသီခွင်မှာရှိတဲ့ ခလုတ်လေးကို နှိပ်လိုက်တာနဲ့ စာလိပ်လေး ထွက်ချလိုက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ဈေးမျက်နှာစောင်းက ထောင့်တစ်နေရာမှာရှိတဲ့ ပေါင်ချိန်စက်ကတော့ တစ်ခါချိန် ၂၀၀ ပေးရပြီး ထွက်လာတဲ့ ဗေဒင်ကဒ်နောက်မှာတော့ ပေါင်ဘယ်လောက်ရှိလဲဆိုတာ ပါပါလိမ့်မယ်။ ဒီနှစ်နေရာက မြို့ထဲအနီးတဝိုက်မှာပဲ ဆိုတော့ ပေါင်ချိန်ရင်း အပျော်တမ်းဗေဒင် မေးလို့ရတာပေါ့။

စွန့်ပစ်ကစားကွင်း

နိုင်ငံတော်တော်များများမှာ စွန့်ပစ်ကစားကွင်းတွေ ရှိတတ်ကြပါတယ်။ အတိတ်မှာ ပျော်စရာကောင်းတဲ့ အသံဗလံတွေနဲ့ ညံခဲ့တဲ့ ဒီကစားကွင်းတွေဟာ စွန့်ပစ်ထားချိန်ရောက်တဲ့အခါမှာတော့ ကြောက်မက်ဖွယ်အတိ ဖြစ်နေတတ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်ဘေးက Game City ဖြစ်ခဲ့တဲ့ ကစားကွင်းရဲ့ မြင်ကွင်းကိုတော့ Facebook အသုံးပြုသူတော်တော်များများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒီကစားကွင်းဟာ 90s Kids တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာမို့ တော်ရုံအဖိုးမဖြတ်နိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားနိုင်ပါဘူး။

Reference – Wikipedia

Photo – thediplomat, myanmarhotelsandtravelguide

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle