International Women’s Day ဆိုတာ

International Women’s Day ဆိုတာ

International Women’s Day ဆိုတာ ကမ္ဘာ့တစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။ ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်းရဲ့ မတ်လ(၈) ရက်နေ့ကို International Women’s Day လို့သတ်မှတ်ပေးကာ အပြည်ပြည်ဆိုင်ရာပွဲတော်တစ်ခုအဖြစ်နဲ့ ကျင်းပဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

International Women’s Day ကို နိုင်ငံတော်တော်များများမှာ စည်စည်ကားကားကျင်းပနေပေမယ့် တချို့နိုင်ငံတွေမှာတော့ ယဉ်ကျေးမှုအရရော ကျဉ်းမြောင်းတဲ့ အယူဝါဒ လွှမ်းမိုးမှုတွေကြောင့်ရော သိပ်ပြီး တွင်တွင်ကျယ်ကျယ်မလုပ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း International Women’s Day ဆိုတာ အမျိုးသမီးထုတိုင်းနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတိုင်းအတွက် အရေးပါလို့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အနည်းအကျဉ်းပြောပြပေးချင်ပါတယ်။

International Women’s Day ကို ပထမဦးဆုံး တရားဝင်ကျင်းပပြီး ဂုဏ်ပြုခဲ့တာကတော့ 1911 ခုနစ်တုန်းကပါ။ ၁၉၁၁ ခုနစ် မတ်လ (၁၉) ရက်နေ့မှာ Austria ၊ Denmark ၊ Germany နဲ့ Switzerland တို့မှာ အမျိုးသား၊ အမျိုးသမီးပေါင်း သန်းကျော်ဟာ အမျိုးသမီးအခွင့်အရေးအတွက် စည်းရုံးလှုံဆော်ရေး ဆန္ဒပြပွဲများကို ဝင်ရောက်ခဲ့ကြကာ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။ အဲ့ဒီမတိုင်မီ အစောပိုင်း ၁၉၀၉ ခုနစ် ဖေဖော်ဝါရီလ (၂၈) ရက်မှာ National Women’s Day ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ ကျင်းပပြုလုပ်ခဲ့တာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ၁၉၁၃ မတိုင်မီအထိ National Women’s Day ကို အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီလ နောက်ဆုံးတနင်္ဂနွေတိုင်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ၁၉၁၃ ခုနစ်မှာတော့ ရုရှားအမျိုးသမီးတွေဟာ သူတို့ရဲ့ ပထမဦးဆုံး International Women’s Day ကို Julian Calendar အရ ဖေဖော်ဝါရီလနောက်ဆုံး တနင်္ဂနွေနေ့တိုင်းမှာ ကျင်းပပြုလုပ် ဆင်နွဲခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဂျာမနီနဲ့ လန်ဒန်မှာတော့ ၁၉၁၄ ခုနစ် မတ်လ(၈) ရက်နေ့မှာ International Women’s Day ကို စတင်ပြီး ကျင်းပပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အခါ တခြားနိုင်ငံတွေမှာ မတူညီတဲ့ နေ့ရက်အသီးသီးတွေမှာ International Women’s Day ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးအခွင့်အရေးပြောင်းလဲလှုပ်ရှားမှုများနဲ့အတူ ကမ္ဘာ့တစ်ဝှမ်းမှာလည်း အမျိုးမျိုးကွဲပြားခြားနားတဲ့ လူမှုဘေးဒုက္ခတွေလည်း ဖြစ်ပေါ်နေကြပါတယ်။

၁၉၇၅ ခုနစ်မှာတော့ အမျိုးသားဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းတွေအရ United Nation (UN) က အမျိူးသမီးအခွင့်အရေးတို့အတွက် United Nations Day နဲ့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် အဖွဲ့ဝင်နိုင်ငံများကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၁၉၇၇ ခုနစ်မှာတော့ အမျိုးသမီးထုနဲ့ သက်ဆိုင်တဲ့အခွင့်အရေးတွေရရှိဖို့နဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် မတ်လ(၈) ရက်နေ့ကို United National Day အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့အကြောင်းကို အဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ကျားမတန်းတူညီမျှခံစားခွင့်တွေဟာ ရာစုနှစ်အကူးအပြောင်းတွေမှာ နိမ့်ကျလာခဲ့ပေမယ့် ၂၀၁၁ အရောက်မှာတော့ ပထမဦးဆုံး International Women’s Day ကို ပြန်လည် ကျင်းပလာနိုင်ခဲ့ပါတယ်။ ပြန်လည်ကျင်းပတဲ့အခမ်းအနားမှာတော့ ယောကျာ်းများနဲ့ တန်းတူအခွင့်အရေးရရှိလိုတဲ့ အမျိုးသမီးဝါဒတွေ တရှိန်ထိုးတိုးတက်ပါဝင်လာပြီး Campaign တွေနဲ့ လှုပ်ရှားကြကာ တစ်ဖက်မှာလည်း မီဒီယာတွေက အမျိုးသမီးကိစ္စရပ်တွေကို မီးမောင်းထိုးပြခြင်းတွေ လုပ်ဆောင်ကာ ပါဝင်လှုပ်ရှားလာကြတာကို တွေ့ရပါတယ်။

သေသေချာချာစဉ်းစားကြည့်ရင်လည်း ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးမှာ အမျိုးသား၊ အမျိုးသမီးဆိုပြီး ယောကျာ်းဖြစ်တည်မှုနဲ့ မိန်းမဖြစ်တည်မှုဆိုပြီး ကွဲပြားနေပေမယ့်လည်း လူသားတွေဟာ လူသားတွေပဲ ဖြစ်တဲ့အတွက် ခွဲခြားပြီး ဆက်ဆံခံနေရတယ်ဆိုတာက တကယ်ကို မမှန်ကန်တဲ့ ကိစ္စရပ်တစ်ခုပါ။ ရိုးရိုးလေးတွေးကြည့်ရင်တောင်မှ အမျိုးသားတွေဟာ မိခင်တွေကြောင့် လူဖြစ်လာတာမို့လို့ လူဖြစ်ခွင့်ပေးတဲ့ အမျိုးသမီးတွေကို လေးစားသမှုထားရှိပြီး ပြုမူဆက်ဆံပေးသင့်နေပါပြီ။ ယောကျာ်းမှ ကြီးမြတ်တယ် ယောကျာ်းတွေမှ သာလွန်တဲ့ကိစ္စတွေကို လုပ်ခွင့်ရှိတယ်ဆိုတာဟာ ခေတ်နောက်ပြန်အယူအဆတွေ ဖြစ်နေပြီမို့လို့ အဲ့ဒီအတွေးတွေကို ချန်ထားခဲ့သင့်ပါပြီ။ ဒါ့အပြင် ယနေ့ခေတ်မှာလည်း အမျိုးသမီးတွေဟာ အိမ်တွင်းပုန်းမနေဘဲ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းလုပ်ဆောင်နေကြပြီး တချို့တွေဆိုရင် အမျိုးသားတွေထက်တောင် သာလွန်အောင် လုပ်ဆောင်နိုင်ကြပြီဖြစ်လို့ အမျိုးသမီးတွေကို အထင်သေးရှုတ်ချမယ့်အစား တန်ဖိုးထားဆက်ဆံကြည့်ခြင်းဖြင့် လူသားတွေဟာ ကွဲပြားမှုမရှိဘူးဆိုတာကို ကောင်းကောင်းကြီး သိမြင်လာပါလိမ့်မယ်။

ဒါကြောင့်မို့ International Women’s Day လို့ ကောင်းမွန်တဲ့နေ့ကစပြီး အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခြင်းမပြုကြဘဲ ပိုပြီး လေးလေးစားစားတန်ဖိုးထားဆက်ဆံကြည့်ကြပါ။ ဒီနှစ် International Women’s Day ရဲ့ Theme ကလည်း Balance For Better ဖြစ်လို့  #BalanceforBetter Hashtag လေးကိုသုံးပြီး Hero လေးတွေ ဖြစ်ကြတဲ့ အမျိုးသမီးတွေကို ဝိုင်းပြီး ဝန်းရံပေးလိုက်ကြရအောင်။

H.H(Akhayar)