အိမ်မှာအချိန်ကုန်ရမယ့် ပိတ်ရက်တွေကို ပျော်စရာကောင်းအောင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) ခု

အိမ်မှာအချိန်ကုန်ရမယ့် ပိတ်ရက်တွေကို ပျော်စရာကောင်းအောင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) ခု

တစ်နေ့တစ်နေ့ ကိုရိုနာဗိုင်းရပ်စ်တွေ့တာတွေ၊ ရန်ကုန်လေထုညစ်ညမ်းတာတွေပဲ မြင်နေကြားနေရတော့ အိမ်ကအမေတွေက အပြင်မထွက်စေချင်၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားသလားထင်ရတဲ့ ကိုယ်တွေကလည်း အပြင်ထွက်ချင်နဲ့ အရမ်းအငြင်းအခုန်တွေဖြစ်ရတာ ပင်ပန်းလာပြီဆိုရင်တော့ အိမ်မှာနေရင်း ပျော်လည်းပျော်ရ အမေလည်းစိတ်ချမ်းသာစေမယ့် တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းလေးတွေကို Akhayar က ပြောပြပါ့မယ်နော။ မတ်လထဲမှာ ပိတ်ရက်ရှည်တွေကလည်း များတော့ ခုနည်းလမ်းလေးတွေက အသုံးဝင်မယ်လို့ ထင်ပါတယ်။

အစားအသောက်အတွဲအစပ်အသစ်တွေဖန်တီးပါ

ဂျပန်ဆူရှရယ် ပြင်သစ်ကခရိုးဆန့်ရယ် မြန်မာတွေအကြိုက် လက်ဖက်သုတ်ရယ် တွဲစားကြည့်ဖို့ တွေးဖူးလား။ ဒါမှမဟုတ် ချိစ်ပီဇာနဲ့ KFC ကြက်ကြော်နဲ့ တွဲစားပြီး ဘာဘယ်တီးလေးသောက်။ အိုး ပြောရာင်းနဲ့ စားချင်လာပြီ။ ဒါမျိုးအစုံစားရဖို့ ကိုယ့်ဘာသာချက်တတ်စရာမလိုဘူးနော်။ အိမ်မှာထိုင်နေရင်း အိပ်ယာထဲရုပ်ရှင်ကြည့်ရင်းနဲ့ ကိုပဲ အစုံစားလို့ရပါတယ်။ မှာစားတတ်ဖို့ပဲလိုတာ။ ကိုယ့်ရဲ့အကြိုက်ဆုံး အစားအသောက်တွေကို ခုပဲ food delivery app တွေကနေ မှာစားလိုက်ပါတော့။ အဓိကဟင်းပွဲတွေအပြင် အပျင်းပြေစားဖို့ snack တွေ၊ အချိုတည်းစရာ ဘာညာသာရကာလေးတွေကိုလည်း သတိတရမှာလိုက်ပါဦး။ လာပို့တဲ့ delivery သမားကို ကျေးဇူးတင်တဲ့အနေနဲ့ tips ပေးဖို့တော့ အက်ဒမင်က တိုက်တွန်းချင်ပါတယ်။ နေပူပူမှာ စက်ဘီးနင်းလာရတာ ပင်ပန်းမှာလေနော်။

မကြည့်ရလိုက်ရတဲ့ ဇာတ်လမ်းတွဲတွေ ပြန်ကြည့်မယ်

ဇာတ်သိမ်းပိုင်းမကြည့်လိုက်ရတဲ့ဇာတ်ကားတွေကို အပြီးကြည့်ရင်း အချိန်ဖြုန်းမယ်လေ။ ခု TV မှာပြနေတဲ့ ဇာတ်လမ်းတွဲတွေ အကြောင်းပြောကြတဲ့အခါ "ကျွန်တော်အမုန်းဆုံးကျွန်တော်" တို့ "ဆူးပန်းခွေသွယ်ဘယက်" တို့ကို သူများတွေအကုန်သိပြီး ကိုယ်တစ်ယောက်ပဲမသိတာ ဖြစ်နေတာမျိုး။ နောက်ဆုံးဘာဖြစ်သွားလဲမသိတာ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမျိုး ကြုံဖူးလား။ သိပ်နေရခက်တာပေါ့။ အဲ့တော့ အချိန်ရတုန်း ဒါတွေကို အပြီးဖြတ်ဖို့ အခွင့်အရေးရပြီ။ Desktop မှာရော ဖုန်းမှာပါ တိုက်ရိုက်ကြည့်လို့ရတဲ့ TV streaming app တွေ ဒေါင်းလုတ်ချပြီး စိတ်ကြိုက်ကြည့်တော့။ MRTV 4 နဲ့ Channel 7 တို့ကိုကြည့်ချင်တယ်ဆိုရင်တော့ Pyone Play ရှိတယ်။ မြန်မာစီးရီးကြိုက်ရင် ဒေါင်းလိုက်တော့။ အခမဲ့နဲ့ စိတ်ကြိုက်ကြည့်လို့ရတယ်။



သက်တောင့်သက်သာအရှိဆုံး အဝတ်အစားနဲ့ လေ့ကျင့်ခန်းလုပ်ပါ

ခုအိမ်ပြင်မထွက်ဘူးဆိုပေမယ့် တစ်နေ့တော့ အပြင်ထွက်ကြမှာပဲလေ။ အဲ့လိုအပြင်ပြန်ထွက်တဲ့အခါ ခုလက်ရှိ ထက် ပိုလှနေမယ်ဆို ယုံကြည်မှုအပြည့်ဖြစ်နေမှာပဲလေ။ ယောဂ၊ အကြောလျှော့တာ၊ အဆီကျလေ့ကျင့်ခန်း စသဖြင့် ရွေးစရာတွေကတော့ အစုံပဲ။ နေရာလည်း အကျယ်ကြီးမလိုတဲ့လေ့ကျင့်ခန်းမျိုးတွေပေါ့။ အင်တာနက်မှာ တင်ထားတဲ့ လေ့ကျင့်ခန်းတွေရှာကြည့်တာဖြစ်ဖြစ် လေ့ကျင့်ခန်းတွေစုထားတဲ့ app ကိုဒေါင်းလုတ်လုပ်ပြီးတော့ဖြစ်ဖြစ် အရင်လေ့လာ၊ အကြိုက်ဆုံးသီချင်းတွေဖွင့်ပြီး ချွေးထွက်လာတဲ့အထိ လေ့ကျင့်ခန်းလုပ်ကြမယ်။ သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ ကိုယ်အကြိုက်ဆုံး အဝတ်အစားလေး ဝတ်ပြီးလုပ်ရင် ပိုပြီးစိတ်ပါတာပေါ့။ အိမ်မှာပဲလေ့ကျင့်ခန်းလုပ်တာမို့လို့ gym သွားသလိုမျိုး စုံပလုံစိနေအောင် သယ်သွားစရာလည်းမလို ကားလည်းမပိတ်၊ ရေချိုးချင်ရင်လည်း အဆင်သင့်ပဲ။ ဘယ်လောက်မိုက်လဲ။



ဘယ်သူမှကြည့်မနေသလို သဘောထားပြီး ကကြမယ် (တကယ်လည်း ဘယ်သူမှမကြည့်နေဘူးလေ)

ကိုယ်ကိုယ်ကို Beyonce ဖြစ်သွားတယ်လို့ သဘောထားလိုက်။ ဒါမှမဟုတ် စိုင်းစိုင်းရဲ့ နောက်ဆုံးထွက် သီချင်း လေးနဲ့မှ ပိုမြူးမယ်ထင်လည်း အဆင်ပြေတယ်။ သီချင်းကို အသံအမြင့်ဆုံးဖွင့်ပြီး ဘယ်သူမှကြည့်မနေသလို သဘောထားပြီး စိတ်လွတ်လက်လွတ်ကကြည့်ပါ။ တကယ်လည်း ဘယ်သူမှမကြည့်ပါဘူးနော်။ ကိုယ့်အိမ်မှာပဲ ကို။ သီချင်းတွေလိုက်ဆိုပြီး ကိုယ်ပိုင်ကကွက်အဆန်းတွေနဲ့သာ ကပစ်လိုက်။ စိတ်ပျော်လာဖို့ လုံးဝ အာမခံ တယ်။

အဖိုးအဖွားတွေကို ဖုန်းခေါ်မယ်

အချိန်တွေအများကြီးပိုနေသေးတဲ့အခါ ကိုယ့်အဖိုးအဖွားတွေကို ဖုန်းခေါ်ကြည့်ဖို့လည်း အကြံပေးချင်တယ်။ သူတို့လည်း ကိုယ့်ကို လွမ်းနေလောက်မှာလေ။ အဖိုးအဖွားတွေကို မခေါ်ချင်ရင်လည်း အဝေးရောက်နေတဲ့ သူငယ်ချင်းကို ဖုန်းခေါ်ပြီး စကားပြောကြည့်ပါ။ တကယ်တမ်းကျ ချစ်ခြင်းမေတ္တာထက် အရေးပါတာ ဘာမှ မရှိဘူး။ ကိုရိုနာဗိုင်းရပ်စ် ပေါ်လာတဲ့အချိန်ဖြစ်ဖြစ် မပေါ်သေးတဲ့အချိန်တုန်းကပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူတွေ ကမှ တကယ်ကိုအရေးပါတဲ့သူတွေပါ။ အိမ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ အတူအချိန်ဖြုန်းမယ်။ မုန့်စားမယ်။

ဒီတော့ ပိတ်ရက်လေးတွေမှာ အေးအေးဆေးဆေးလေး ကုန်ဆုံးနိုင်ဖို့နဲ့ အမှတ်တရတွေ အများကြီး ဖန်တီးဖို့ Akhayar က အကြံပြုလိုက်ပါ တယ်နော်။


Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle