မေမြတ်နိုးနှင့်အတူ ကြော်ငြာရိုက်ကူးပြီး မိမိ၏ မော်ဒယ်လ်အရည်အသွေးများကို အရောင်တင်နိုင်မည့် အခွင့်အရေး

မေမြတ်နိုးနှင့်အတူ ကြော်ငြာရိုက်ကူးပြီး မိမိ၏ မော်ဒယ်လ်အရည်အသွေးများကို အရောင်တင်နိုင်မည့် အခွင့်အရေး

HOLLA IPL Laser Hair Removal Handset သည် ၎င်း၏ နောက်ဆုံးပေါ် Black Gold Edition ကို အင်တာနေရှင်နယ်လ် မော်ဒယ်လ် မေမြတ်နိုးနှင့် တွဲဖက်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် #MyBlackGoldMoment ဓာတ်ပုံ ပြိုင်ပွဲဖြင့် စတင်မိတ်ဆက်ခဲ့သည်။ HOLLA သည် မြန်မာနိုင်ငံတွင်း အသစ်ဝင်ရောက်လာသော ဈေးနှုန်းသင့်တင့်၍ အိမ်တွင်ပင် ကိုယ်တိုင် အသုံးပြုနိုင်သော လက်ကိုင် အမွှေးအမျှင်ဖယ်ရှားစက်ဖြစ်သည်။

132892761_2871660556438902_3389496598790350823_n.jpg

ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်နိုင်ရန်အတွက် “HOLLA အသုံးပြုသူများ” သည် HOLLA Black Gold Edition IPL စက်ဖြင့် အနက်နှင့် ရွှေရောင် အပြင်အဆင်များကို အသုံးပြု၍ မိမိစိတ်ကြိုက် ပို့စ် အနေအထားနှင့် ဓာတ်ပုံတစ်ပုံ ရိုက်ကူးရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် Hashtags များဖြင့် ၎င်းတို့၏ Facebook ပေါ် တင်ပေးရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသူ (၃) ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ အနိုင်ရရှိသူများသည် HOLLA ကြော်ငြာတွင် မေမြတ်နိုးနှင့် အတူ ပါဝင်ခွင့်ရှိမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင်လည်း မေမြတ်နိုးနှင့် ညစာ စားခွင့် ရရှိမည်ဖြစ်ကာ Rose Garden Hotel Yangon တွင် တစ်ညအိပ်၊ နှစ်ရက် staycation တည်းခိုနေထိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး အနိုင်ရရှိသူများကိုလည်း ထိုနေ့တွင်ပင် ကြေညာပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲအကြောင်း အသေးစိတ်အချက်အလက်များကို HOLLA ၏ Facebook စာမျက်နှာ https://bit.ly/3hP5hbc နှင့် မေမြတ်နိုး၏ Facebook စာမျက်နှာ  https://bit.ly/39843Uo  တို့တွင် ကြည့်ရှုနိုင်ပါသည်။ မော်ဒယ်လ်လောက ကို စိတ်ဝင်စားပြီး မိမိ၏ အနုပညာ အရည်အသွေးကို ပေါ်လွင်စေရန် အရောင်သွေးလိုသူများအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ကာ အမျိုးသား/အမျိုးသမီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲလည်း ဖြစ်သည်။

MyBlackGoldMoment Campaign.png

HOLLA IPL Laser Hair Removal Handset သည် ခန္ဓာကိုယ်ရှိ မလိုလားအပ်သော အမွှေးအမျှင်များကို ထိထိရောက်ရောက်နှင့် အန္တရာယ်ကင်းစွာ ကိုယ်တိုင် ဖယ်ရှားနိုင်စေရန် တီထွင်ဆန်းသစ်ထားသည့် စက်ဖြစ်သည်။ အသုံးပြုသူအများစုအတွက် သိသာထင်ရှား၍ ကြာရှည်ခံသော ရလဒ်ကို ရက်သတ္တပတ် (၃) ပတ်အတွင်း တွေ့မြင်နိုင်လိမ့်မည်ဖြစ်သည်။ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် အချိန် (၁၀) မိနစ်ခန့် ပေးရုံဖြင့် ခန္ဓာကိုယ် တစ်ခုလုံးအတွက် လုံလောက်သည်။ HOLLA IPL Laser Hair Removal Handset သည် ထိရောက်၍ သက်တောင့်သက်သာဖြစ်စေသော၊ လွယ်ကူလျင်မြန်၍ အန္တရာယ်ကင်းသော အမွှေးအမျှင်ဖယ်ရှားမှုများကို အိမ်တွင် ပြုလုပ်လိုသူများအတွက် ပြီးပြည့်စုံသော အဖြေပင်ဖြစ်သည်။ ယင်း၏ အကောင်းဆုံးသော လုပ်ဆောင်ချက်သည် မျက်နှာနှင့် အခြား ထိခိုက်လွယ်သော နေရာများအပါအဝင် ခန္ဓာကိုယ် မည်သည့်နေရာ၌မဆို စိတ်ချရသော IPL နည်းပညာကို ထိထိရောက်ရောက် နှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခြင်းဖြစ်သည်။

134796420_139717534483567_337709461295353274_n.jpg

“အမွှေးတွေ ပြန်ရှည်ထွက်လာတဲ့ နှုန်းနဲ့ ပြန်ပေါက်တဲ့နှုန်းက သိသိသာသာကြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ချိုင်းမှာဆို လုံးဝ အမွှေးမရှိတော့သလောက် နဲ့ ခြေထောက်မွှေးတွေလည်း သိသိသာသာ ပါးသွားတယ်။ ပြန်ပေါက်နှုန်းလည်း နှေးသွားတယ်လေ။ ကျွန်မကတော့ ဒါလေးကို တကယ် သုံးစေချင်တယ်။” ဟု လက်ရှိ အသုံးပြုနေသူတစ်ဦးက ဆိုသည်။

HOLLA IPL Laser Hair Removal Handset ကို အသုံးပြုခြင်းသည် ဆလွန်းများ၌ လေဆာနှင့် အမွှေးအမျှင်ဖယ်ရှားရန် ရက်ချိန်းယူ၍ ထပ်ခါ ထပ်ခါ သွားလာနေရခြင်းထက် ပိုမို သက်သာသော ရွေးချယ်မှု တစ်ခုလည်း ဖြစ်သည်။ HOLLA ၏ ရလဒ်ကို ပထမဆုံး အသုံးပြုချိန်၌ပင် သိသိသာသာ တွေ့မြင်နိုင်သည်။ ဆလွန်းများသို့ စိတ်ရှိတိုင်း မသွားနိုင်သည့် ယခုကဲ့သို့ ကာလများအတွင်း အိမ်တွင် သက်တောင့်သက်သာ ပြုလုပ်နိုင်ခြင်းက အကောင်းဆုံးအဖြေလည်း ဖြစ်သည်။

IPL သို့မဟုတ် Intense Pulsed Light ကို အမွှေးအမျှင်ဖယ်ရှားခြင်း အပါအဝင် မြောက်မြားလှစွာသော အရေပြားကုထုံးများတွင် အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် IPL နည်းပညာသည် မွေးညှင်းပေါက်များကို အပူပေးပြီး အမွှေးပြန်ပေါက်ခြင်းကို ကာကွယ်ပေးသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်းကောင်း၊ မိမိ ရွေးချယ်ထားသည့် နေရာများတွင်လည်းကောင်း စိတ်တိုင်းကျ အသုံးပြုနိုင်သည်။ HOLLA IPL Laser Hair Removal Handset သည် အသားအရောင်အမျိုးမျိုးအတွက် အမွှေးအမျှင်များ ဖယ်ရှားရှင်းလင်းရာတွင် ထိရောက်၍ အန္တရာယ်ကင်း စိတ်ချရသည့် ရွေးချယ်မှုလည်း ဖြစ်သည်။ Stamp Mode (တစ်ချက်ချင်း ဖိကပ်ရသော စနစ်) နှင့် Glide Mode (ပွတ်တိုက် လျှောချနိုင်သော စနစ်) ဟူသည့် Mode (စနစ်) နှစ်မျိုးသည် အသုံးပြုသူများအတွက် အသေးစိတ် တိကျရမည့် နေရာများနှင့် မျက်နှာပြင်ကျယ်တို့အတွက် နှစ်သက်ရာကို စိတ်ကြိုက် ရွေးချယ်နိုင်စေသည်။ အဆိုပါ နည်းပညာကို ယခင်က ဆလွန်းများတွင်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုမူ အိမ်တွင်ပင် ကိုယ်တိုင် အသုံးပြုနိုင်ပြီဖြစ်သည်။ HOLLA IPL device ကို အွန်လိုင်းတွင် ၁၉၉,၀၀၀ ကျပ်ဖြင့် လက်လီဝယ်ယူနိုင်မည်ဖြစ်သည်။ ထို ဝယ်ယူမှုတွင် မျက်လုံးကာ မျက်မှန် နှင့် ခရီးဆောင်အိတ်ပါ တစ်ပါတည်း ပါဝင်မည်ဖြစ်သည်။

134031731_400390941299134_8152314404078630425_n.jpg

HOLLA သည် (၆) လ အာမခံ ပေးထားပြီး တစ်နိုင်ငံလုံးကိုလည်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးနေပြီဖြစ်သည်။ “အသုံးပြုသူတွေ စိတ်တိုင်းကျဖို့က ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ စက်တွေကို အသုံးပြုပြီး ကျေနပ် ပျော်ရွှင်ကြတဲ့ သူပေါင်း တစ်ထောင်ကျော် ရှိနေပြီ ခင်ဗျ။” ဟု HOLLA Myanmar ၏ ထည်ထောင်သူ ကိုမင်းထွဋ်လွင်ကဆိုသည်။


Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle