၂ နှစ်ကျော် လက်တွဲခဲ့တဲ့ JD Gaming နဲ့ လမ်းခွဲလိုက်တဲ့ နည်းပြကြီး Homme

၂ နှစ်ကျော် လက်တွဲခဲ့တဲ့ JD Gaming နဲ့ လမ်းခွဲလိုက်တဲ့ နည်းပြကြီး Homme

တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် LOL အသင်း JD Gaming မှာ ၂ နှစ်ကျော် နည်းပြချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Yoon “Homme” Sung Young ကတော့ အသင်းကနေ ပြန်လည် ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

“ကျေးဇူးတင်ပါတယ် Homme။ JD Gaming မှာ ၂ နှစ်ကျော် နည်းပြချုပ် အဖြစ် စွမ်းဆောင်ရည်ကောင်းတွေကို ပြသပြီး နောက်မှာတော့ Homme အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးမှာ အောင်မြင်စေဖို့လည်း ဆုတောင်း ပေးလိုက်ပါတယ်။ Homme အနေနဲ့ ကျွန်တော်တို့ JD Gaming ရဲ့ မိသားစုဝင် အဖြစ် အမြဲတမ်း တည်ရှိသွားမှာပါ။”

၂၀၁၂ ခုနှစ်၊ MVP White မှာ LOL ကစားသမား ဘဝကို အစပြုခဲ့တဲ့ Homme အနေနဲ့ ၂၀၁၄ ခုနှစ်မှာတော့ နည်းပြဘဝကို စတင် ခံယူခဲ့ပါတယ်။ နည်းပြဘဝကို စတင် ခံယူချိန်က စတင်ပြီး Homme အနေနဲ့ အသင်းပေါင်း များစွာမှာ ကျင်လည် ကျက်စားခဲ့ပြီး အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။ Homme အနေနဲ့ JD Gaming LOL အသင်းကို မေလ ၂၀၁၈ ခုနှစ်မှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းမှာ ရှိနေခဲ့တဲ့ ၂ နှစ်ခွဲခန့် အချိန်အတွင်းမှာ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

JD Gaming မှာ နည်းပြချုပ် အဖြစ် နောက်ဆုံး တာဝန်ယူခဲ့တဲ့ 2020 LOL ရာသီမှာလည်း Homme အနေနဲ့ LPL Spring Split ပြိုင်ပွဲမှာ ပထမ၊ LPL Summer Split ပြိုင်ပွဲမှာ ဒုတိယစတဲ့ စံချိန်ကောင်းတွေ ရရှိအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Homme ဦးဆောင်တဲ့ JD Gaming အနေနဲ့ Worlds 2020 ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ် အဆင့်နဲ့သာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ထိပ်ဆုံး (၈) သင်း အဆင့်ဖြင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Homme အနေနဲ့ အခုလို Worlds 2020 ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလို JD Gaming ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းလျက် ရှိကြပါတယ်။ Homme ဘက်ကတော့ အခုလို အသင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းအရင်းကို တရားဝင် ပြောကြားခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ အသင်းသစ်နဲ့ အတူ ပြန်လည် မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle