Villain ဖြစ်ပေမယ့် ကိုယ်တွေ သေလောက်အောင်ကြွေနေရတဲ့ သရုပ်ဆောင်များ

Villain ဖြစ်ပေမယ့် ကိုယ်တွေ သေလောက်အောင်ကြွေနေရတဲ့ သရုပ်ဆောင်များ

Super Hero ရုပ်ရှင်တွေမှာဆိုရင် တော်တော်များများက Hero တွေကိုပဲကြိုက်တာများတယ်နော်။ Villain တွေဆိုရင် သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကြောင့် သရုပ်ဆောင်ကောင်းတာကိုတောင် မမြင်နိုင်တော့ဘဲ အလိုလိုမုန်းတီးမိကြတယ်။ ဒါပေမယ့် တချို့ Villian တွေများ အသေအမြင်ကတ်ဖို့ကောင်းလောက်အောင် ဆိုးရွားနေပေမယ့် သူတို့ရုပ်တွေက အရမ်းတွေဟော့လန်ပြန်နေတော့ မမုန်းနိုင်ဘဲ ကြွေသွားရတာပေါ့။ ဒီလို Villain တွေမှာ ဘယ်သူတွေပါလဲဆိုတော့ –

Loki – Thor

Loki လို့ပြောလိုက်ရင် နှစ်ခုပြေးမြင်မိတယ်။ ပထမက အစ်ကိုတော် Thor ကို ဒုက္ခပေးနိုင်လွန်းတဲ့ ညီငယ်ဂြိုဟ်ဆိုးလေး ၊ နောက်တစ်ခုက တစ်လောကလုံးကို ဂယက်ထအောင်လုပ်နိုင်လွန်းတဲ့ Super Villain ချောချောလေး။ Loki တစ်ယောက်ဘယ်လောက်ပဲ ဆိုးဆိုးရွားရွားတွေလုပ်လုပ် သူ့ရဲ့ခန့်ညားလွန်းတဲ့ရုပ်ရည်ကြောင့် သူ့ကိုမုန်းလို့ကိုမရနိုင်ပါဘူးနော်။ သူနဲ့တွဲရရင်ဘယ်လိုနေမလဲလို့ စိတ်ကူးတွေယဉ်ကြတဲ့ ကောင်မလေးတွေလည်း ရှိနေမှာပါ။ ဟုတ်တယ်မလား။

Voldemort – Harry Potter and the Chamber of Secrets

Voldemort ကိုကြွေတယ်ဆိုတာ နှာခေါင်းမပါတဲ့ Voldemort Version ကို ပြောတာမဟုတ်ပါဘူးနော်။ The Chamber of Secrets ထဲမှာ Jenny ကို ဖျားယောင်းပြီး တစ်ကျောင်းလုံးကိုလှည့်စားခဲ့တဲ့ Young Voldemort / Tom Riddle ကိုပြောချင်တာပါနော်။ သူယုတ်မာတဲ့ရုပ်လေးကို သရုပ်ဆောင်နေတာတောင်မှ သူ့ရုပ်လေးက ဖြူစင်နေသလိုဖြစ်နေတာကွာ။ ဘယ်လိုကြွေလို့ကြွေမှန်းမသိတာပါ။

Ravenna – Snow White and the Huntsman

Show White and the Huntsman မှာ Chris Hamsworth နဲ့ Kristen Stewart ကို တော်တော်ဒုက္ခပေးခဲ့တဲ့ မိစ္ဆာဘုရင်မကြီး Ravenna က ယုတ်မာတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်လွန်းတာပေါ့။ ဒါပေမယ့်လည်း သူ့နေရာကိုသရုပ်ဆောင်တဲ့ မင်းသမီး Charlize Theron ကတော့ လှရက်လေခြင်း။ သူ့ရဲ့ရွှေဝါရောင်ဆံပင်တွေ ၊ သူ့ရဲ့စူးရှတဲ့အကြည့်တွေကြောင့် Villain မကြီးဖြစ်နေတာတောင် သူ့ကိုကြိုက်မိတာပါ။

Draco Malfoy – Harry Potter

ဘယ်သူတွေဘာပြောပြော Draco ကို မကြွေတဲ့ကောင်မလေး မရှိဘူးဆိုတာကို လုံးဝမယုံပါဘူးနော်။ Harry Potter ကြည့်တဲ့သူတွေတော်တော်များများ Potter ကို ကြွေပေမယ့် ကိုယ်ကတော့ Draco ကိုကြိုက်တာ။ Draco ရဲ့ အဖြူရောင်ဆံကေသာ ၊ အေးစက်တဲ့အပြုအမူတွေကိုကြိုက်ပြီး သူ့ကိုငယ်ငယ်တည်းကယောကျာ်းဆန်ပြီး ခန့်တယ်လို့ ထင်တာပါနော်။

Harley Quinn – Suicide Squad

ကာတွန်းကားထဲက Harley ကတော့ မျက်နှာပြောင်စပ်စပ်နဲ့ ကြည့်ရဆိုးပေမယ့် Suicide Squad ထဲက Harley Quinn သရုပ်ဆောင် Margot Robbie ကတော့ လှရက်သူပါ။ Villain ဆိုပေမယ့်လည်း Suicide Squad မှာလည်း အများအကျိုးသယ်ပိုးတာရယ် ၊ ရုပ်လေးကလည်းချောနေတာရယ်ကြောင့် ကြွေခဲ့ရပါတယ်။

Jim Moriarty

Sherlock Holmes ဇာတ်လမ်းတွဲမှာ Sherlock ကို ငမ်းငမ်းတက်ကြွေခဲ့ကြတာလေ။ ဒါပေမယ့် Moriarty ကိုတော့ ကြိုက်တဲ့သူသိပ်မရှိခဲ့ဘူး။ တကယ်က Sherlock ရဲ့ အာဂရန်သူကြီး Jim Moriarty ကမှ ပြုံးလိုက်ရင်သွားစွယ်လေးတွေနဲ့ချစ်ဖို့ကောင်းနေတဲ့သူပါနော်။

နောက်ထပ် ခန့်ညားချောမောတဲ့ Villain တွေကို ပြောပါဆိုရင် Game of Thrones ထဲက Jamie Lannister ၊ American Psycho ထဲက Patrick Bateman ၊ Batman ထဲက Scarecrow ၊ Night at the Museum ထဲက Sir Lancelot ၊ Batman V Superman: Dawn of Justice ထဲ Lex Luthor တို့ Vampire Diaries ထဲက Damon Salvatore တို့ပေါ့နော်။ ပရိသတ်ကြီးတို့အကြိုက် Villain ချောချောလေးတွေရောရှိသေးလား။ ဒီထဲမှာမပါရင်ပြောနော်။

Photo Credit: Mashable / Marvel Universe

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle