Wonder Woman 1984 (2020) အတွက် Gal Gadot ဘယ်လောက်ရမလဲ

Wonder Woman 1984 (2020) အတွက် Gal Gadot ဘယ်လောက်ရမလဲ

Wonder Woman (2017) ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ ခဲ့သလို ဝင်ငွေအရရော အခြေအနေကောင်းခဲ့ပါတယ်။ ဒေါ်လာ ၈၂၁ သန်းအထိကို ဝင်ငွေရှိခဲ့တာကြောင့် နောက်ဆက်တွဲရုပ်ရှင်အဖြစ် Wonder Woman 1984 (2020) ကို ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တာပါ။ Wonder Woman (2017) ရုပ်ရှင်အောင်မြင်မှုနဲ့အတူ Gal Gadot ဟာလည်း ထိပ်တန်းမင်းသမီးဖြစ်လာခဲ့တာပါ။

တကယ်ဆို Gal Gadot ဟာ Wonder Woman (2017) ရုပ်ရှင်မှာ အနုပညာကြေးအနေနဲ့ ဒေါ်လာ ၃ သိန်းပဲ ရရှိခဲ့တာပါ။ အနုပညာကြေးနည်းပါးတယ်လို့ ကောက်ချက်ချနိုင်ပေမယ့် ထိပ်တန်းမင်းသမီးဖြစ်လာခဲ့တာမို့ ဖြေသာနိုင်ပါတယ်။ Wonder Woman 1984 (2020) ရုပ်ရှင်ကို ၂ဝ၁၈ခုနှစ် ဇွန်လမှာ စတင်ရိုက်ကူးခဲ့ပြီး ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။

Wonder Woman (2017) မှာ Gal Gadot ဟာ အနုပညာကြေးနည်းခဲ့တာကြောင့် ပရိသတ်တွေဟာ ဝေဖန်သံညံခဲ့ပြီး Wonder Woman 1984 (2020) ရုပ်ရှင်အတွက် ဘယ်လောက်ရမလဲဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ Gal Gadot ဟာ ၂ဝ၂ဝခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ Wonder Woman 1984 (2020) ရုပ်ရှင်အတွက် ဒေါ်လာ ၁ဝ သန်းရရှိတယ်လို့ Variety မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဝင်ငွေအပေါ်မူတည်ပြီး အချိုးကျပြန်လည်ရရှိနိုင်မယ်ဆိုတဲ့ အချက်ကို ဖော်ပြမထားပေမယ့် ဒေါ်လာ ၁ဝ သန်းအထိ ရရှိတာကြောင့် Gal Gadot ပရိသတ်တွေအတွက် ကျေနပ်မယ်ထင်ပါတယ်။
Reference and Photo Credit – Variety ၊ Wikipedia ၊ Cheatsheet ၊
ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle