Jeff Bezos ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ ဘယ်လောက်ရှိလဲ

Jeff Bezos ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ ဘယ်လောက်ရှိလဲ

eff Bezos လို့ပြောလိုက်ရင် Amazon ကုမ္ပဏီရဲ့ CEO ၊  The Washington Post သတင်းစာတိုက်ပိုင်ရှင်၊ Blue Origin ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပေါ့ဗျာ။ လက်ရှိအချိန်မှာ သူ့ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၁၈ ဘီလီယံရှိတယ်လို့ Bloomberg Billionaires Index ရဲ့ သတ်မှတ်ချက်အရ သိရပါတယ်။ ဒုတိယအချမ်းသာဆုံးသူဌေး Bill Gates တောင် ဒေါ်လာ ၁ဝ၃ ဘီလီယံပဲ ကြွယ်ဝတယ်ဆိုတော့ သူ့ကိုမီဖို့ အများကြီးလိုပါသေးတယ်။

Jeff Bezos ဟာ Amazon ကုမ္ပဏီမှာ Chairman ၊ CEO နဲ့ President ရာထူးတွေမှာ တာဝန်ယူထားပေမယ့် သူ့ရဲ့ တစ်နှစ်လုပ်ခက ၈၁,၈၄ဝ ဒေါ်လာပဲ ရှိပါတယ်။ ဒီပမာဏဟာ အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ တစ်နှစ်ဝင်ငွေထက်တောင် နည်းပါသေးတယ်။ ကြွယ်ဝလာရခြင်းရဲ့ အဓိကအကြောင်းအရင်းက လစာကြောင့် မဟုတ်ပါဘူး။ Amazon ကုမ္ပဏီမှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာပမာဏကြောင့်ပါ။

Jeff Bezos ရဲ့ တစ်စက္ကန့်ဝင်ငွေက ဒေါ်လာ ၂,၄၈၉ ၊ တစ်မိနစ်ဝင်ငွေက ဒေါ်လာ ၁၄၉,၃၅၃ နဲ့ တစ်နာရီဝင်ငွေက ဒေါ်လာ ၈.၉၆ သန်းအထိကို ရှိတာပါ။ မြင်လွယ်အောင်ပြောရရင် သူ့ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အလယ်အလတ်တန်းစားဝန်ထမ်းတစ်ဦးရဲ့ တစ်ပတ်လုပ်ခထက်တောင် (၂) ဆကျော် ပိုများပါသေးတယ်။ Jeff Bezos အနေနဲ့ ဒေါ်လာ ၁.၂ သန်းသုံးလိုက်တာက သာမန်မိသားစုမှာ ၁ ဒေါ်လာ သုံးတာနဲ့ အတူတူပါပဲတဲ့။ ဆိုလိုတာက အမေရိကန်နိုင်ငံမှာဆိုရင် သာမန်မိသားစုတစ်ခုရဲ့ ပျမ်းမျှအသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၉၇,၃ဝဝ ပဲရှိပါတယ်။ Jeff Bezos ရဲ့ ကြွယ်ဝမှု ဒေါ်လာ ၁၂၁ ဘီလီယံနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အဆပေါင်း (၁.၂) သန်းအထိကို ကွာခြားတာပါ။ ပြီးတော့ သူ့ရဲ့ တစ်မိနစ်ဝင်ငွေ ဒေါ်လာ ၁၄၉,၃၅၃ ဟာ အမေရိကန်နိုင်ငံမှာ သာမန်ဝန်ထမ်းတစ်ဦးရဲ့ တစ်နှစ်လုပ်ခထက်တောင် (၃) ဆကျော် ပိုများသေးတဲ့ သဘောပါ။

ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင် အမျိုးသားတစ်ယောက်ဟာ ဘွဲ့ရထားပြီးရင် တစ်သက်တာမှာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၂.၂ သန်းအထိ ရှာဖွေနိုင်တယ်လို့ Social Security Administration က တွက်ချက်ထားပါတယ်။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ တစ်သက်တာမှာ ဒေါ်လာ ၁.၃ သန်းရှာဖွေနိုင်ပါတယ်။ ဟုတ်ပါတယ်။ Jeff Bezos လည်း Princeton University ကနေ သိပ္ပံဘွဲ့ရထားသူပါ။ ဒါပေမယ့် သူ့ရဲ့ တစ်မိနစ်ဝင်ငွေက ဒေါ်လာ ၁၄၉,၃၅၃ အထိရှိတာဆိုတော့ သာမန်ဘွဲ့ရတစ်ယောက်အနေနဲ့ တစ်သက်တာရှာရမယ့် ပမာဏကို သူက (၁၅) မိနစ်အတွင်း ရှာနိုင်တဲ့သဘောပါပဲ။

ပြီးတော့ Jeff Bezos ရဲ့ တစ်ရက်ဝင်ငွေက ဒေါ်လာ ၂၁၅ သန်း၊ တစ်ပတ်ဝင်ငွေက ဒေါ်လာ ၁.၅ဝ၉ ဘီလီယံနဲ့ တစ်လဝင်ငွေက ဒေါ်လာ ၆.၅၄၁ ဘီလီယံအထိကို ရှိတာပါ။ သူ့ ရဲ့ တစ်စက္ကန့်ဝင်ငွေက ဒေါ်လာ ၂,၄၈၉ အထိကို ရှိတာမို့ မြန်မာကျပ် ၃၈ သိန်းကျော်ကို ရှိတာပါ။ သူ့ရဲ့တစ်စက္ကန့်ဝင်ငွေက ကိုယ့်ရဲ့ တစ်လစာထက်တောင် များတယ်ဆိုတော့ . . .
Reference and Photo Credit – Forbes ၊ Bloomberg ၊ Business Insider ၊ MarketWatch
ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle