ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ပိုပြီးယုံကြည်မှုရှိတဲ့ Public Speaker ဖြစ်စေပါ

ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ပိုပြီးယုံကြည်မှုရှိတဲ့ Public Speaker ဖြစ်စေပါ

Public Speaking ဆိုတဲ့ လူတွေအများကြီးရှေ့မှာ စကားပြောရတဲ့ အရည်အချင်းက လူတိုင်းအတွက် မလွယ်ကူပါဘူး။ တချို့တွေကတော့ Public Speaking မှာ အရမ်းအားကောင်းလို့ စင်ပေါ်ရောက်လည်း ရှောရှောရှူရှူနဲ့ ပြောလို့ထွက်တယ် ၊ တချို့တွေကျပြန်တော့ စင်ကြောက်လွန်းတာကြောင့် စင်ပေါ်ရောက်ရင် ခြေတုန်လက်တုန်နဲ့ ပြောရမှာတွေ မေ့ကုန်ရော။ လူတွေအများကြီးရှိတယ်ဆိုတာကို မြင်ယောင်မိသွားရင်ပဲ ကြောက်စိတ်တွေဝင်လာတာက သဘာဝလို့ပြောလို့ရပါတယ်။ ဒီလိုဖြစ်တတ်တယ်ဆိုရင်တောင် ၊ လူတွေရှေ့မှာစကားပြောရမှာ ကြောက်တယ်ဆိုရင်တောင် Public Speaker ကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ လူတွေရှေ့မှာစကားပြောခက်နေတာကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက ကိုယ်ပြောရမယ့် အကြောင်းအရာထဲမှာ ဇာတ်လမ်း/ပုံပြင်တစ်ခုကို ထည့်ပြီးပြောတာပါ။

ကိုယ်တွေထဲမှာ လူရှေ့သူရှေ့မိန်းခွန်းတွေပြောရတာ ၊ Presentation တွေလုပ်ရတာကို ကျွမ်းကျင်တဲ့သူတွေ အများကြီးမရှိဘူးဆိုရင်တောင် တော်တေ်ာများများကတော့ ပုံပြောကောင်းတဲ့သူတွေပါပဲ။ ကိုယ်တွေဘဝမှာ ပုံပြင်တွေအများကြီး ပြောဖူးပါတယ်။ ကိုယ့်အိမ်ကဂိမ်းစက်ဘယ်လောက်ကောင်းတဲ့အကြောင်းကို သူငယ်ချင်းကိုပြောပြတာဖြစ်ဖြစ် ၊ ကိုယ့်ရည်းစားက ဘယ်လောက်ချစ်တတ်တယ်ဆိုတာကို ကြွားတာပဲဖြစ်ဖြစ် ဇာတ်လမ်းမျိုးစုံကို လူတော်တော်များများရှေ့မှာ ပြောဖူးကြပါတယ်။ ကိုယ်ပြောမယ့်အကြောင်းအရာထဲမှာ ပုံပြင်ထည့်ပြောတာက လူရှေ့သူရှေ့စကားပြောတဲ့အခါမှာ လွယ်ကူစေမယ်ဆိုပြီး အကြံပေးတာကလည်း အကြောင်းပြချက်ရှိပါတယ်။ အဲဒီအကြောင်းပြချက်က ဘာလဲဆိုတော့ ကိုယ်စကားပြောနေတဲ့အခါ ကိုယ့်ရဲ့ပုံပြင်ကို ထည့်ပြောတာက ကိုယ့်ရဲ့စိတ်ကိုသက်သောင့်သက်သာဖြစ်စေပြီး နားထောင်နေတဲ့ပရိသတ်ရဲ့စိတ်ဝင်စားမှုကိုလည်း ပိုရနိုင်လို့ပါ။ Personal Story တွေထည့်ပြောတဲ့ Presentation တွေကို ပရိသတ်တွေပိုမှတ်မိတတ်တယ်။ ဒါ့အပြင် ကိုယ့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုပြောတာကို လူတိုင်းကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တယ်။ ဒီတော့ Presentation လုပ်ရင်း ကိုယ့်ရဲ့ဇာတ်လမ်းကိုပြောတဲ့အခါ ကိုယ်ကိုယ်တိုင်က သက်သောင့်သက်သာနဲ့ပြောနိုင်မယ် ၊ စိတ်လှုပ်ရှားတာတွေရပ်သွားမယ် ၊ ဒီလိုနဲ့ကိုယ့်ကိုပရိသတ်တွေအာရုံစိုက်လာမယ်။ ဒီလိုအရှိန်ရလာပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာပြီး ပရိသတ်ကို ကြောက်တာက တဖြည်းဖြည်းရပ်သွားပါလိမ့်မယ်။ နောက်တစ်ချက်က ပုံပြင်/ဇာတ်လမ်းတွေထည့်ပြောတဲ့အခါ ကိုယ့်ရဲ့ Presentation/Speech က ပိုပြီး သဘာဝကျလာမယ် ၊ ရှင်းရှင်းပြောရရင် နှုတ်တိုက်ရွတ်နေတဲ့ ကြက်တူရွေးနဲ့မတူတော့ဘူး။

ဒါပေမယ့် အရေးကြီးတဲ့အချက်က ကိုယ့်ရဲ့ပုံပြင်ကိုပြောပါဆိုလို့ ပြောချင်တာတွေပဲ ပြောနေလို့မဖြစ်ပါဘူး။ ကိုယ်ပြောတဲ့ဇာတ်လမ်းက ကိုယ့်ရဲ့ Presentaion/Speech နဲ့ ဆက်စပ်မှုတော့ ရှိရမှာပေါ့။ ဒါကြောင့် အခုစာဖတ်နေတဲ့သူတွေထဲမှာ Public Speaking အားနည်းနေတဲ့သူပါရင် ကိုယ့်ပြောမယ့်အကြောင်းအရာထဲမှာ သက်ဆိုင်တဲ့ပုံပြင်/ဇာတ်လမ်းတွေကို ထည့်ပြောကြည့်မယ်ဆိုရင် အဖြစ်များလွန်းတဲ့ Stage Fright ကို တိုက်ထုတ်နိုင်မယ်လို့ အားပေးစကားပြောချင်ပါတယ်။

Source: Life Hacker

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle