မိမိစိတ်အားထက်သန်ရာကို ရှာဖွေဖို့ နည်းလမ်း ၇ သွယ်

မိမိစိတ်အားထက်သန်ရာကို ရှာဖွေဖို့ နည်းလမ်း ၇ သွယ်

ကိုယ်စိတ်ပါဝင်စားရာ၊ ကိုယ့်စိတ်အားထက်သန်မှုကဘာလဲဆိုတာကို မသိနေဘူးဆိုရင် အကောင်အထည် ဖော်ဖို့ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်နေသူတွေကို ဒီဆောင်းပါးမှာ ဝါသနာကို ဘယ်လိုရှာဖွေဖော်ထုတ်ရမလဲ ဆိုတာ ပြောပြပေးသွားပါမယ်။ ဒီဆောင်းပါလိုပဲ အကျိုးရှိတဲ့ အခြားအကြံပေးဆောင်းပါးတွေကို https://ubeautyzone.com/pages/sunsilk  မှာ အခမဲ့ဖတ်ရှုနိုင်ပါတယ်။

‌‌၁ - စိတ်အားထက်သန်မှုဆိုတာဘာလဲ

ကိုယ်ကျွမ်းကျင်ရာ ဒါမှမဟုတ် ဝင်ငွေဖန်တီးပေးနိုင်တဲ့အရာတိုင်းက စိတ်ထက်သန်ရာ မဟုတ်ပါဘူး။ စိတ်အားထက်သန်ရာဆိုတာ လူတစ်ယောက်ကို စိတ်ပျော်ရွှင်စေပြီး စိတ်လှုပ်ရှားတက်ကြွစေတဲ့အရာကို ခေါ်တာပါ။‌‌

၂ - မိမိရဲ့အကျင့်စရိုက်ကို ပြန်လည်သုံးသပ်ပါ။‌‌

ကိုယ့်ကိုစိတ်လှုပ်ရှားစေတဲ့ အရာ၊ မပျက်မကွက် လုပ်မိနေတဲ့ အလေ့အကျင့် ဒါမှမဟုတ် သေချာသိနေတယ် လို့ ယုံကြည်ချက်ရှိတဲ့ အကြောင်းအရာကိစ္စမျိုးရှိလား။ ဥပမာ ပန်းချီ၊ လက်မှုပညာတစ်ခုခု၊ ရုပ်ရှင်၊ အားကစား၊ အိမ်မွေးတိရိစ္ဆာန်၊ သိပ္ပံပညာ အစရှိသဖြင့်ပေါ့။‌‌

၃ - စမ်းသပ်ပါ။

‌‌ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့အရာနဲ့ ဆက်စပ်တာတွေကို စမ်းသပ်ကြည့်ပါ။ ဥပမာ စက္ကူပေါ်မှာ ခဲခြစ်ပန်းချီ ဆွဲရတာကို ကြိုက်တဲ့သူဆိုရင် canvas ပေါ်မှာ ဆီဆေး၊ ရေဆေး ပန်းချီဆွဲကြည့်တာမျိုး လုပ်ကြည့်ပေါ့။‌‌

၄ - အင်တာနက်ကို အသုံးချပါ။‌‌

ပြီးရင်တော့ လေ့လာသင်ယူနိုင်မဲ့ အခွင့်အရေးတွေကို ရှာဖွေရမဲ့အချိန်ရောက်ပါပြီ။ အခွင့်အရေးရှာဖွေတဲ့ အခါ ကိုယ့်အနီးအနားဝန်းကျင်မှာရှာတဲ့အပြင် internet ကိုသုံးပြီးလည်း ရှာဖွေစေချင်ပါတယ်။ YouTube၊ Facebook၊ Instagram နဲ့ Viberလို နေရာတွေမှာ အကြောင်းအရာပေါင်းစုံအတွက် သင်ခန်းစာမျိုးစုံကို အချိန်မရွေး အခမဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။‌‌

၅ - ပိတ်ရက်တွေကို အသုံးချပါ။

‌‌ရုံးဖွင့်ရက်တွေမှာ လေ့လာသင်ယူဖို့ကြိုးစားပြီး စိတ်ဖိစီးခံမဲ့အစား ရုံးပိတ်ရက်တွေမှာ တစ်ခုခုကို လေ့လာ သင်ယူဖို့ လုံလောက်မဲ့အချိန်တစ်ခုကို သတ်မှတ်ပါ။ အလုပ်တစ်ခုလို မလုပ်မနေရ ကန့်သတ်ချက်တွေ အများကြီးတော့ မထားမိပါစေနဲ့။

‌‌၆ - ဝင်ငွေပြန်မရမှာ မပူပါနဲ့။

‌‌ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ ငွေဘယ်လိုရှာလို့ရမလဲဆိုတဲ့ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်ကို မတွေးမိဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်စိတ်ပျော်ရွှင်မှုကို ငွေကြေးနဲ့တိုင်းတာဖို့ မလိုပါဘူး။ guitar တီး သီချင်းဆိုရတာ ကြိုက်ရုံနဲ့ အဆိုတော်ဖြစ်ရမယ်မဟုတ်ဘူးမလား။ နောက်ပိုင်း အဆိုတော်ဖြစ်ချင်လာမှ ကြိုးစားတာကတော့ နောက်တကဏ္ဍပေါ့။ လက်ရှိကတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာ လုပ်နေဖို့ပဲ အရေးကြီးပါတယ်။‌‌

၇ - စိတ်ရှည်ရှည်ထားပါ။‌‌

လူတစ်ယောက်ရဲ့ စိတ်အားထက်သန်ရာကို ရှာဖွေတွေ့ရှိဖို့ အချိန်လိုအပ်ပါတယ်။ စိတ်ဝင်စားရာကို အသက် ၄၀ နောက်ပိုင်းမှပဲ ရှာဖွေတွေ့ရှိသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်ကိုယ့် အားသန်ရာကို ရှာဖွေဖို့ အချိန်မယူပဲ စိတ်လောပြီး သူများလုပ်တိုင်း လိုက်လုပ်တာမျိုး မလုပ်မိပါစေနဲ့။ သူများတွေနဲ့ မယှဉ်ပဲ ကိုယ့်အရှိန်နဲ့ကိုယ် တစ်လှမ်းချင်းစီလှမ်းပြီး ကိုယ့်စိတ်အားသန်ရာကို စမ်းသပ်ရှာဖွေပါ။

‌‌ကဲ.. ဒါဆိုရင်တော့ အထက်မှာပြောခဲ့တဲ့ အချက် ၇ ချက်ကို အသုံးချပြီး ကိုယ့်စိတ်အားသန်ရာ ဝါသနာကို ရှာဖွေ ဖော်ထုတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဒီဆောင်းပါးလိုပဲ အိမ်မက်နောက်ကိုလိုက်ချင်တဲ့ မိန်းကလေးတွေအတွက် အကျိုးရှိစေမဲ့ အစီအစဉ် တစ်ခု အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ လက်ရှိမှာ Sunsilk Myanmar က “အိပ်မက်တွေကို အစပျိုးဖို့ အစီအစဉ်ရေးဆွဲခြင်း” ဆိုတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ စိတ်ဝင်စားတဲ့သူတိုင်း Sunsilk မြန်မာရဲ့ Viber community (https://invite.viber.com/?g2=AQB%2FZaxay6%2FpCk4DROqfyBNvUm96wa9GGMCU83jEmwFJm3zB2Vodk1kBRy8HXMqn) ကို အခမဲ့ဝင်ရောက်ပြီး ပါဝင်နိုင်ပါတယ်။ Community ထဲမှာ အိပ်မက် အစီအစဉ် ရေးဆွဲတဲ့အခါ သိသင့်တဲ့ အကြောင်းအရာတွေ၊ အထောက်အကူပြု မှတ်စုစာအုပ်တွေ၊ အကြံပေးဆောင်းပါးတွေ၊ ဆံပင်၊ မိတ်ကပ်နဲ့ ပန်းချီပညာ tutorial video တွေအပြင် အိပ်မက်နောက်လိုက်ကြတဲ့ အမျိုးသမီးလေးတွေ ပြောပြတဲ့ သူတို့အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို (အောက်တိုဘာလ၊ ၁ရက်) ကနေ (ဒီဇင်ဘာလ၊ ၁၄ရက်) အထိပြုလုပ်သွားမှာမို့ မိန်းကလေး အချင်းချင်း က လေးစားအားကျရတဲ့သူဖြစ်လာချင်တဲ့ မိန်းမပျိုလေးတွေ အတွက် အချိန်မီ ပါဝင်နိုင်အောင် သတင်းကောင်းပါး လိုက်ပါတယ်။

Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle