အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ

အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ

ပြိုင်ဆိုင်မှုတွေများလာတဲ့ ယနေ့ခေတ်ကြီးမှာ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်ကိုရှာရတာ စိန်ခေါ်မှုတစ်ခုလိုပါပဲ။ စိန်ခေါ်မှုအောင်နိုင်ဖို့ဆို လက်နက်လေးတွေ သုံးဖို့တော့ လိုတာပေါ့။ လက်နက်လေးတွေအပြင် ကြိုတင်ပြင်ဆင်မှုတွေရော၊ ဗျျူဟာတွေနဲ့ ယုံကြည်မှုတွေသာ ပေါင်းစပ်လိုက်မယ်ဆိုရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ ကိုယ်ရရှိထားတဲ့ ဘွဲ့တွေ၊ ဒီပလိုမာတွေကို အားကိုးတာအပြင် အခုဖော်ပြပေးမယ့် လက်နက်နဲ့ နည်းဗျူဟာတွေကိုပါ အားကိုးပြီး အလုပ်လျှောက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အလုပ်ကို အလွယ်တကူရရှိနိုင်ပါလိမ့်မယ်။ ပြောနေတာကြာပါတယ် အသုံးချရမယ့် လက်နက်နဲ့ နည်းဗျူဟာတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Online ပေါ်က အလုပ်ရစေဖို့ Active ဖြစ်တဲ့ Profile ထားရှိပါ
အခုခေတ်က Online ခေတ်ဖြစ်နေတဲ့အတွက် CV Form တွေ Print ထုတ်ပြီး ကိုယ်လျှောက်ချင်တဲ့ရုံးကို သွားတင်ရတာမျိုး သိပ်မရှိတော့ပါဘူး။ Digital ခေတ်ကြီးမှာ အလုပ်လိုချင်ရင် Online ပေါ်တက်ပြီး ရှာတာက ပိုလွယ်ကူပြီး ပိုထိရောက်ပါတယ်။ Online ပေါ်မှာ Resume တင်ထားတဲ့အပြင် ကိုယ်ရဲ့ Profile ကလည်း Active ဖြစ်နေအောင် လုပ်ထားဖု့ိ လိုပါတယ်။ Active ဖြစ်တယ်ဆိုတာက ကိုယ်ဘာတွေလုပ်နိုင်လဲဆိုတာကို အလုပ်ရှင်တွေ သိအောင် Online ပေါ်မှာ ရေးပြီး တင်ထားတာမျိုးကို ဆိုလိုတာပါ။ Online ပေါ်တင်ထားတဲ့ Resume ကိုလည်း မကြာ မကြာ Update လုပ်ပေးပါ။ LinkedIn လိုမျိုး Professional Networking Site ကိုလည်း အသုံးပြုပေးတာက အထောက်အကူ အများကြီးရစေပါတယ်။ LinkedIn က Professional တွေ သုံးကြတာများပြီး အလုပ်ခေါ်စာတွေကိုလည်း တင်ကြပါတယ်။ အလုပ်ခေါ်တဲ့ အလုပ်ရှင်တွေကလည်း ကိုယ် LinkedIn ကိုကြည့်ပြီး အလုပ်ခေါ်တတ်လို့  LinkedIn ကို Professional ကျကျဖြစ်အောင် တည်ဆောက်ထားဖို့ လိုပါတယ်။

အလုပ်တစ်ခုတည်းလျှောက်ပြီးအကြောင်းပြန်လာမှာကိုစောင့်နေတာမျိုးမလုပ်ပါနဲ့


လူတော်တော်များများက ဒီအမှားကို လုပ်မိတတ်ကြပါတယ်။ အလုပ်တစ်ခုကို လျှောက်ပြီးသွားရင် လျှောက်ထားတဲ့ အလုပ်ပေါ်မှာပဲ မျှော်လင့်ချက်တွေ ပုံအပ်ထားတတ်ကြပါတယ်။ တစ်ခုတည်းလျှောက်ပြီး အဲ့တစ်ခုရဖို့ မျှော်လင့်ချက်ထားတာက အလုပ်ရနိုင်မယ့်အခွင့်အရေးကို ကိုယ်ဘာသာ ကျဉ်းမြောင်းလိုက်တာပါ။ ကိုယ်လျှောက်မယ့်အလုပ်က ကိုယ်နဲ့ သင့်တော်လား မသင့်တော်လား မသေမချာဖြစ်နေရင်တောင် အလုပ်တွေကို အများကြီးကို လျှောက်ထားပါ။ အများကြီးလျှောက်ထားပြီး အလုပ်ရဖို့ အခွင့်အလမ်းနည်းနေခဲ့ရင်တောင် ဘယ်လိုအလုပ်တွေကို လျှောက်ရင် ရနိုင်မလဲဆိုတဲ့ အကြံဉာဏ်လေးကိုတော့ ရရှိသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အခုချိန်ကစပြီး တစ်ခုတည်းလျှောက်ပြီး ခေါ်နိုး ခေါ်နိုး ထိုင်စောင့်နေတာမျိုး မလုပ်ပါနဲ့တော့နော်။

Follow Up လိုက်ပါ


အလုပ်လျှောက်ပြီးသွားရင် ဒီတိုင်းကြီး ရပ်မနေပါနဲ့ ။ အချိန်တစ်ခုထိစောင့်ပြီးလို့ ဘာမှ အကြောင်းမပြန်ရင် ကိုယ်လျှောက်လိုက်တဲ့ အလုပ်က တာဝန်ရှိသူတစ်ယောက်ယောက်ကို Mail ပို့ပြီးပဲဖြစ်ဖြစ် Follow Up လိုက်ပါ။ Follow Up လိုက်လို့ပြောထားလို့ မကြာခဏ Follow Up လိုက်တာမျိုးကြီးလည်း မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မကြာခဏ Follow Up လိုက်နေရင် အရူးအမူးအလုပ်လိုချင်တဲ့သူလို့ အထင်ခံရပြီး Impression ကျနိုင်သလို စိတ်မရှည်တဲ့သူလို့လည်း ထင်ခံရနိုင်စေလို့ပါ။ အလုပ်လျှောက်ပြီး ရပ်ပဲရပ်နေတဲ့သူတွေ အခုကစပြီး Follow Up လိုက်ကြည့်နေ်ာ။

Cover Letter နဲ့ Resume တွဲပြီးတင်ပါ


အခုနောက်ပိုင်း အလုပ်လျှောက်တဲ့သူတွေဟာ အလုပ်လျှောက်တယ်ဆိုပြီး Resume ပါပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တဲ့ Cover Letter မပါတာမျိူး ၊ Cover Letter ပါပြီး Resume မပါတာမျိုးနဲ့ အလုပ်လျှောက်နေကြတာ မကြာခဏလိုလို တွေ့ရပါတယ်။ နှစ်ခုလုံးပါအောင် လျှောက်တာက အကောင်းဆုံးပါပဲ။ အထူးသဖြင့် Cover Letter ကျန်ခဲ့တာမျျိုးလည်း မဖြစ်ပါစေနဲ့။ဘာကြောင့် Cover Letter ပါအောင် တင်ခိုင်းရတာလဲဆိုတော့ Cover Letter ဟာ အလုပ်ရှင်တွေ Resume ဆက်ဖတ်ချင်အောင် ဆွဲခေါ်သွားပေးတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်မို့ အလုပ်လျှောက်ရင် Resume တင် တင်တာမျိုးမဟုတ်ဘဲ ရှင်းလင်းတိကျတဲ့ စကားလုံးလေးတွေနဲ့ ကိုယ့်အကြောင်းကို အကြမ်းဖျင်းရှင်းပြထားတဲ့ Cover Letter လေးပါ ပါအောင်တွဲတင်ပါ။

အရွေးချယ်မခံခဲ့ရရင်ဘာကြောင့်မရွေးတာလဲဆိုတာပြန်မေးပါ


အလုပ်တစ်ခုကိုလျှောက်လိုက်လို့ အဲ့အလုပ်က ကိုယ်ကို မရွေးချယ်ခဲ့ဘူးလို့ Mail ပြန်ပို့လာရင် ယဉ်ယဉ်ကျေးကျေးနဲ့ ဘာကြောင့်မရွေးတာလဲဆိုတာကို ဖြေပေးလို့ရမလားဆိုပြီး ပြန်မေးကြည့်ပါ။ အဲဒီအလုပ်က ပြန်ဖြေတဲ့အရာတွေကနေ ဘာတွေမှားခဲ့လဲဆိုတာကို သိရှိနိုင်ပြီး ပြန်ပြင်ကာ နောက်အလုပ်တစ်ခုကို ထပ်လျှောက်တဲ့အခါ အဲ့အမှားကို မလုပ်မိအောင် ကြိုးစားရင် အလုပ်ရနိုင်ချေ မြင့်လာနိုင်ပါတယ်။ တခါတလေကျရင် တစ်ချို့တွေက ပြန်ဖြေပေးရင်နဲ့ အကြံဉာဏ်တချို့တွေကိုပါ ပေးတတ်လို့ သူတို့အကြံဉာဏ်ကို လိုက်နာလိုက်ရင် အလုပ်ရနိုင်ချေတွေ ပိုမြင့်လာနိုင်ပါတယ်။ ပြန်ဖြေပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး Mail ပြန်ပို့ပေးဖို့ မမေ့ပါနဲ့နော်။ အမှားတွေကနေ သင်ယူတာက အကောင်းဆုံး သင်ယူနည်းဖြစ်လို့ အလုပ်မရခဲ့ရင် အမှားတွေကို ပြန်မေးကြည့်ဖို့ မမေ့ပါနဲ့နော်။

ကိုယ်ရထားတဲ့ဘွဲ့တွေ၊ Certificate တွေ၊ Diploma တွေကို အသုံးချပြီး အလုပ်လျှောက်တာအပြင် ဒီအချက်တွေကိုပါ ထပ်ပေါင်းထည့်ပြီး လျှောက်မယ်ဆိုရင် အလုပ်ရဖို့အခွင့်အလမ်း ပိုမြင့်လာနိုင်မှာ အသေအချာပါပဲနော်။ ပရိသတ်ကြီးသိတဲ့ တခြားနည်းလမ်းကောင်းတွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးလို့ ရပါတယ်နော်။ အားလုံးလည်း ကိုယ်လိုချင်တဲ့ အလုပ်အကောင်းအခွင့်အလမ်းကောင်းတွေကို အမြန်ဆုံးရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Jobscan

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle