လူများတဲ့နေရာတွေမှာ ခါးပိုက်နှိုက်ခြင်းအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လိုလုပ်ကြမလဲ

လူများတဲ့နေရာတွေမှာ ခါးပိုက်နှိုက်ခြင်းအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လိုလုပ်ကြမလဲ

ယနေ့ခေတ်မှာ ဘယ်နေရာသွားသွား ခါးပိုက်နှိုက်အန္တရာယ်ကို ခံရမှာစိုးလို့ ဂရုစိုက်ပြီး သတိထားသွားကြရပါတယ်။ ခါးပိုက်နှိုက်တွေကလည်း အများအားဖြင့် ယောကျာ်လေးတွေထက် မိန်းကလေးတွေကို ပိုပြီး ပစ်မှတ်ထားကြပါတယ်။ မိန်းကလေးတွေကို ပစ်မှတ်ထားပြီး နှိုက်တဲ့အခါ တော်တော်များများထင်တာက မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ပိုအားနည်းကာ ခုခံနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်လို့ ထင်ကြပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ခါးပိုက်နှိုက်တွေ မိန်းကလေးတွေကို ပစ်မှတ်ထားရခြင်းက မိန်းကလေးတွေ အိတ်ထဲမှာ ပစ္စည်းတွေ များများသယ်ဆောင်ထားတဲ့ အတွက်ကြောင့်ပါ။

မိန်းကလေးတွေရဲ့ ပိုက်ဆံအိတ်ဟာ ဖွတ်ထားတဲ့ ရတနာအိတ်တစ်အိတ်လို့ တန်ဖိုးကြီးမားပါတယ်ဆိုပြီး ခရီးသွားရာဇဝတ်မှု တင်ပြချက်များအတွက် အထူးပြုသူ Los Angles ရဲဌာနနဲ့ ခရီးသွားအန္တရာယ်ကင်းရှင်းရေးအဖွဲ့အစည်းတည်ထောင်သူ Detective Sgt.Kevin Coffey က ပြောကြားပါတယ်။ သေချာစဉ်းစားကြည့်ရင်လည်း မိန်းကလေးတွေရဲ့ ပိုက်ဆံအိတ်ထဲမှာ ငွေသားတွေနဲ့ Credit Cards တွေထည့်ထားတဲ့ ခေါက်ပိုက်ဆံအိတ်လေးတွေ၊ ဖုန်းတွေ၊သော့တွေ အစရှိသဖြင့် တန်ဖိုးကြီးပစ္စည်းမျိုးစုံပါတတ်ပါတယ်။

မိန်းကလေးတွေဟာ အဲဒီလိုတန်ဖိုးကြီး ပစ္စည်းတွေထည့်ထားတဲ့ ပိုက်ဆံအိတ်တွေကို စားသောက်ဆိုင်တွေမှာ မုန့်စားတဲ့အခါမှာ ထိုင်ခုံနောက်မှ ချိတ်ပြီး စားလေ့ရှိပါတယ်ဆိုပြီး Coffey  က ပြောကြားပါတယ်။ အဲဒီလိုချိတ်ပြီးစားသောက်နေခြင်းက နောက်ကနေ ဖြတ်လျှောက်တဲ့သူတွေရဲ့ အလစ်သုတ်ခြင်းကို ခံရနိုင်ပါတယ်။ ကြမ်းပြင်မှာ အိတ်ကိုချထားခြင်းကလည်း သူခိုးကို ခိုးဖို့အတွက် လမ်းစပေးနေသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်က တခြားနေရာကို အာရုံရောက်နေရင် သူခိုးက မသိမသာယူသွားတာမျိုး ကန်ပြီးတော့ မသွားတာမျိုး လုပ်လို့ရလို့ပါ။ ဒါကြောင့်မို့ ဘားတွေဘာတွေ သွားရင် ကိုယ်ရဲ့အနောက်မှာပဲ ဖြစ်ဖြစ် ကြမ်းပြင်မှာပဲ ဖြစ်ဖြစ် လုံးဝမထားပါနဲ့။

အလုံခြုံဆုံး ထားလို့ရမယ့်နေရာကတော့ ကိုယ်ရဲ့ပေါင်ပေါ် (သို့) ရင်ခွင်ထဲမှာ ထားတာ အကောင်းဆုံးပါပဲ။ အဲဒီနေရာတွေမှာ ထားရင် တော်ရုံတန်ရုံလည်း လာမနှိုက်ရဲသလို လိုက်နှိုက်ရင်လည်း တန်းပြီး သိနိုင်တဲ့အတွက် မနှိုက်မိအောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ခါးပိုက်နှိုက်မခံရအောင်ဆိုရင် အိတ်အမျိုးအစားကိုလည်း မှန်ကန်အောင် ရွေးချယ်သင့်ပါတယ်။ ကြယ်သီးတို့ ခလုတ်တို့လို လွယ်လင့်တကူ ဖွင့်လို့ရတဲ့အိတ်မျိုးတွေထက်စာရင် ရှုံကြိုးလေးတွေပါတဲ့အိတ်မျိုးတွေနဲ့ အပေါ်ကနေပြန်အုပ်ထားတဲ့ အိတ်မျိုးတွေက နှိုက်ရခက်စေပါတယ်။ ဖတ်လတ်ကျနေတဲ့အိတ်မျိုးတွေကလည်း အဲ့ဒီဖတ်လတ်ကို ဖွင့်လိုက်ရင်လည်း နှိုက်ရလွယ်ကူစေလို့ စားသောက်ဆိုင်တို့ လူကျပ်တဲ့နေရာတွေသွားရင် မလွယ်သင့်ပါဘူး။

စိတ်အချရဆုံးအိတ်မျိုးတွေကတော့ နှစ်ဆင့်ပါတဲ့ အိတ်မျိုးတွေပါ။ နှစ်ဆင့်ပါတဲ့ အိတ်မျိုးတွေဆိုတာ အတွင်းထဲမှာ ဇစ်တစ်ခုနဲ့ ပိတ်ထားတာကို အပေါ်ကနေ ကြယ်သီး(သို့) ခလုတ်နဲ့ပြန်ပိတ်ထားတဲ့ အိတ်မျိုးတွေကို ဆိုလိုပါတယ်။

အိတ်ကို သေချာရွေးပြီးပြီဆိုရင်တော့ ခါးပိုက်နှိုက်ရန်က ကာကွယ်နိုင်အောင် ထည့်သွင်းပုံကိုလည်း ပြောင်းလဲသင့်ပါတယ်။ ငွေသုံးစရာရှိရင် ငွေသားတွေကို တတ်နိုင်သမျှ နည်းနည်းပဲထားပြီး Credit Card ကို သယ်သွားပါ။ ဘာကြောင့်လဲဆိုတော့ သူခိုးတွေက Credit Card ကို နှိုက်လို့ရသွားရင်တောင် Password မသိလို့ သုံးလို့မရသလို လှမ်းပြီးလည်း ပိတ်လို့ရတဲ့အတွက် သယ်သွားခိုင်းတာပါ။

ငွေသားတွေထည့်ထားတဲ့ ခေါက်ပိုက်ဆံအိတ်ကို သယ်သွားရင်လည်း အိတ်ရဲ့အောက်ဆုံးမှာ ထည့်ထားကာ အဲ့ဒီပိုက်ဆံအိတ်ရဲ့အပေါ်မှာ ပစ္စည်းတွေထည့်ထားတာမျိုး၊ စာအုပ်တွေထည့်ထားရင် စာအုပ်တွေကြားထဲမှာ ပိုက်ဆံအိတ်ကို ညှပ်ပြီး ထည့်ထားတာမျိုး ပြုလုပ်ပြီးထည့်ပါ။ အဲဒီလို ထည့်ထားရင် သူခိုးဟာ တော်ရုံတန်ရုံနဲ့ ပိုက်ဆံအိတ်ကို ရှာမတွေ့တော့ပါဘူးနော်။ ဒါ့အပြင် ပြန်လျှောက်ရ ခက်ခဲနိုင်တဲ့အရာတွေ (ဥပမာ- မှတ်ပုံတင်၊ ကားလိုင်စင်၊ Passport တွေကို) အိတ်တစ်အိတ်နဲ့ သီးသန့်ထားပြီး စာအုပ်တွေထဲ ညှပ်ထားတာမျိုး၊ အိတ်ရဲ့မသိနိုင်တဲ့ နေရာမျိုးတွေမှာ ထည့်ထားတာမျိုး လုပ်ပါ။

အခန့်မသင့်လို့ ပိုက်ဆံအိတ် အနှိုက်ခံခဲ့ရရင်လည်း ကိုယ့်ကို ဘေးဥပဒ်မဖြစ်စေဖို့အတွက်နဲ့ ငွေတွေမပါသွားစေဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ချက်ချင်းပြုလုပ်ဖို့ မမေ့ပါနဲ့နော်။ ဥပမာ ဘဏ်ကဒ်ပါတာမျိုး၊ ဖုန်း Sim Card ပိတ်တာမျိုးတို့ ချက်ချင်းပြုလုပ်ပြီး ထိခိုက်မှုမရှိအောင် လုပ်ဖို့ မမေ့ပါနဲ့။ တတ်နိုင်ရင်လည်း ပိုက်ဆံအိတ်နဲ့ ကားစီးရင် ပိုက်ဆံအိတ်ကို ရှေ့ထားပြီး လွယ်ကာ သူခိုးရန်ကနေ ကြိုတင်ကာကွယ်ပါ။

ဒီနည်းလမ်းတွေကိုသုံးပြီး လူတိုင်း ခါးပိုက်နှိုက်ခံရခြင်းအန္တရာယ်ကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle