စိတ်ဖိအားတွေကို မောင်းထုတ်ကြရအောင်

စိတ်ဖိအားတွေကို မောင်းထုတ်ကြရအောင်

ကိုယ့်ဝါသနာနဲ့ မကိုက်ညီတဲ့ ဘေးကြပ်နံကြပ်အခြေအနေတွေကြောင့် စိတ်မပါတဲ့ လမ်းကိုလျှောက်ဖို့  ဖြစ်လာတဲ့အခါ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးလာတတ်ပါတယ်။ ဒါမှမဟုတ်လည်း ပတ်ဝန်းကျင်က ပေးတဲ့စိတ်ပင်ပန်းမှုတွေကြောင့် ပျောက်ဆုံးနေတဲ့ အပျော်တွေကို ပြန်လည်ရှင်သန်လာအောင် လုပ်လိုက်ရအောင်လား။

ဝါသနာတူရာတွေနဲ့ စကားစမြည်ပြောပေးပါ။

ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်တွေ လုပ်နေတာမျိုးမဟုတ်ရင်တော့ တခြားသူတွေထက် အလွယ်တကူ ပင်ပန်းပါလိမ့်မယ်။ ကိုယ်ဝါသနာပါရာကို လုပ်နေသူတွေ၊ စိတ်ဝင်စားသူတွေ စုစည်းထားတဲ့ Group တွေ ဖေ့ဘွတ်စာမျက်မှာ အများကြီးရှိပါတယ်။ ဒါတွေကို ကောင်းကောင်းအသုံးချတတ်တယ်ဆိုရင်တော့ ကိုယ့်ခံယူချက်တွေနဲ့ ကိုက်ညီတဲ့ မိတ်ဆွေတွေနဲ့ တွေ့နိုင်ပါသေးတယ်။ ဒီလိုအပေါင်းအဖော်တွေနဲ့ စကားပြောပေးခြင်းက ကိုယ့်ကိုယ်ကို ပျော်ရွှင်စေမယ့် အကြောင်းအရာတွေထဲက တစ်ခုပါ။

ခပ်ကြောင်ကြောင်တွေ လုပ်ပါ။

ဘယ်လိုခပ်ကြောင်ကြောင်လည်းဆိုတော့ အသံသေး၊ အသံကြောင်နဲ့ သီချင်းအော်ဆိုတာမျိုးပေါ့။ ပြောလို့ပြောတာမဟုတ်ဘူး။ ကာရာအိုကေခန်းထဲရောက်ရင် တခြားသူတွေကို အဲ့လိုဒုက္ခပေးရတာ ပျော်ဖို့ကောင်းတာတော့ အမှန်ပဲလေနော်။

ကပြီး စိတ်လွတ်ချပါ။

ကလပ်သွားတတ်သူတွေအတွက်တော့ လုပ်နေကျ နည်းလမ်းတစ်ခုဖြစ်မယ် ထင်ပါတယ်။ မြူးကြွတဲ့ ဂီတကြားထဲ မျောပြီး စိတ်လွတ်ကိုယ်လွတ် ကခြင်းဟာ အကောင်းဆုံး စိတ်ဖြေဖျောက်နည်းတွေထဲက တစ်ခုပါ။ မကတတ်လို့ ကလပ်တွေသွားတောင် တောင့်တောင့်ကြီးရပ်နေတဲ့သူတွေလည်း စိတ်မပူပါနဲ့။ အိမ်မှာ ကိုယ့်အခန်း တံခါးပိတ်၊ အမှောင်ချပြီး Speaker အသံကုန်ဖွင့်ချပြီး ကပေါ့။ ဘယ်လောက်ကောင်းတဲ့နည်းဆိုတာတော့ ပြောပြမနေတော့ဘူး။ ကိုယ်တိုင်သာ လိုက်လုပ်ကြည့်လိုက်ပါ။

မနက်ခင်းလေနဲ့ နေရောင် ထိတွေ့ပေးပါ။

မနက် ၅ ခွဲ၊ ၆ နာရီလောက် ထွက်တဲ့ နေရောင်၊ လေကို ထိတွေ့ပေးခြင်းက စိတ်လန်းဆန်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ စိတ်လန်းဆန်းမှ တစ်နေ့တာ စတင်ရမယ့် အလုပ်တွေကို အဆင်ပြေပြေ စတင်နိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် ဆုချပါ

ကိုယ်ပြီးမြောက်အောင် လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ အကြောင်းအရာတွေ ပြီးစီးသွားတဲ့အခါမျိုးမှ ဘယ်သူမှကိုယ့်ကို ချီးကျူးတာမျိုး ဆုပေးတာမျိုး မလုပ်တဲ့အပေါ်မှာ ဖီလင်မထားပါနဲ့။ ကိုယ့်တိုင် ကိုယ်ကျ ဆုချပေးပါ။ ဝန်ထုပ်ဝန်ပိုးမကြီးဘဲ လိုအပ်နေ၊ လိုချင်နေတဲ့ ပစ္စည်းတစ်ခုမျိုး ဝယ်တာမျိုးပေါ့။

Reference – inc.com

Photo Credit – timeout, headbox

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ