သင်္ကြန်တွင်းမှာ အသားအရေ ဒီလိုထိန်းမယ်

သင်္ကြန်တွင်းမှာ အသားအရေ ဒီလိုထိန်းမယ်

သင်္ကြန်ပိတ်ရက်မှပူလောင်လှတဲ့ ဧပြီနွေကို အံတုရင်း ရေကစားရတာလည်း လွယ်လှတာတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် အားလပ်ရက်မှာ အားမဖြစ်ဘဲ ဒုက္ခသုက္ခမရောက်စေဖို့ အရေးကြီးပါတယ်။ မဟာသင်္ကြန်အတွင်းမှာ ရေကစားကြမယ့် လူငယ်တွေအတွက် အသားအရေ ထိန်းသိမ်းသင့်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

အဝတ်အစားမလုံခြုံတာ
သင်္ကြန်တွင်းမှာ ရေကစားတဲ့အတွက် နေလောင်တာတွေ၊ အသားအရေယားယံတာတွေနဲ့ အဖုအပိန့်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်ကို ကာကွယ်နိုင်ပြီး အရောင်ဖျော့ဖျော့နဲ့ လုံလုံလောက်လောက် ဖုံးအုပ်နိုင်မယ့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ခပ်ပွပွနဲ့ ချည်ထည်တွေ ဝတ်သင့်ပါတယ်။ သင်္ကြန်အတွင်းမှာ အတိုအပြတ် ဝတ်တာက လူငယ်ဆန်ပေမယ့် ပူပြင်းတဲ့ရာသီဥတုကြောင့် အသားအရေထိခိုက်လှပါတယ်။ ရေကစားထွက်ချင်တဲ့ လူငယ်တွေအနေနဲ့ နေအပူချိန်အမြင့်ဆုံးဖြစ်တဲ့ မနက်၁ဝနာရီနဲ့ ညနေ၃ကြားမှာတော့ အနားယူသင့်ပါတယ်။ အဲဒီအချိန်အပိုင်းအခြားဟာ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးရုံမက လွန်ကဲအဆင့်၁၁ပင် ရှိလာတဲ့အတွက် အရိပ်ထဲတွင် နားနေသင့်ပါတယ်။

နေပူဒဏ်ခံရတာ
ရေပက်ခံထွက်မည့်သူတွေအတွက် နေပူရှောင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် Sun Lotion ၊ Sun Cream တွေကို နေပူထဲမထွက်ခင် ကြိုတင်လိမ်းသင့်ပါသလို SPF 30 အထိပါဝင်တဲ့ Cream တွေကို ခန္ဓာကိုယ်အနှံ့လိမ်းထားသင့်ပါတယ်။ ရေပက်ခံပြီး ပြန်လာတဲ့အခါ ခေတ္တအနားယူပြီး ရေချိုးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကစားတဲ့အခါ ချောင်းရေ၊ မြောင်းရေနဲ့ မသန့်ရှင်းတဲ့ ရေတွေပါဝင်လာနိုင်တဲ့အတွက် သန့်ရှင်းသွားစေဖို့ ဖြစ်ပါတယ်။

ဆံပင်ဆေးဆိုးတာ
သင်္ကြန်အခါသမယမှာလည်း လူငယ်တွေက စတိုင်ကျစေဖို့ ဆံပင်စတိုင်မျိုးစုံနဲ့ အရောင်ဆိုးကြပါတယ်။ ဆံပင်ဆိုးဆေးတွင် ဓာတုပစ္စည်းများ ပါဝင်တဲ့အတွက် ဓာတ်မတည့်ရင် အရေပြားယားယံရုံသာမက ကင်ဆာရောဂါအထိ ဖြစ်ပေါ်တတ်ပါတယ်။ ဓာတုပစ္စည်းတွေဟာ ဦးရေပြားကို ထိခိုက်ပြီး ဆံပင်မွဲခြောက်တာတွေ၊ ဆံပင်ကျိုးကြေတာတွေ ဖြစ်နိုင်တဲ့အပြင် ကျန်းမာရေးထိခိုက်စေပါလို့ ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)ာ ဘာလုပ်ရမှန်းမသိရင် ဒါကိုဖတ်လိုက်ပါ

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle