မီတာခသက်သာဖို့အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်း (၃) ခု

မီတာခသက်သာဖို့အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်း (၃) ခု

တိုးမြှင့်ကောက်ခံတဲ့ မီတာခဈေးက လူကိုခေါင်းကျိန်းစေပါတယ်။ ဘာပဲပြောပြော မီတာခသက်သာစေဖို့အတွက် နည်းလမ်းတွေရှိရင် သက်သာလိုသက်သာငြား ကြိုးစားကြည့်သင့်တယ်မဟုတ်လား။ ကိုယ့်နိုင်ငံရဲ့ လက်ရှိရာသီဥတုနဲ့လည်း ကိုက်ညီရမယ်၊ ပြီးတော့ လူတိုင်းလိုလို လိုက်လုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) သဘာဝအလင်းရောင်ကို မမေ့ပါနဲ့


နေရောင်ရချိန်မှာ လိုက်ကာတွေကို ဖွင့်ဖို့ မမေ့သင့်ပါဘူး။ သဘာဝအလင်းရောင်ကို အသုံးပြုတာက လူလုပ်အလင်းရောင်တွေ သုံးတာထက်ပိုပြီး သိသိသာသာ လျှပ်စစ်ဓာတ်အားကို လျော့ကျစေပါတယ်တဲ့။ တစ်ခုရှိတာက အခုမိုးတွင်းဖြစ်နေတဲ့အတွက် တခြားရာသီတွေလောက်တော့ အမြဲနေသာနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် မိုးသည်းချင်ရင်လည်း သူ့လောက်သည်းတာမရှိ၊ နေခြစ်ခြစ်တောက်ပူတဲ့နေ့တွေကလည်း ရှိပြန်ဆိုတော့ ဒီနည်းလမ်းက အသုံးတည့်မှာပါ။ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အတူတူပါပဲ။ သဘာဝအလင်းရောင်ရဲ့ နောက်ထပ် အားသာချက်တွေကတော့ ပျော်ရွှင်စိတ်ကို ပိုဖြစ်စေတဲ့အပြင် မျက်စိမထိခိုက်စေပါဘူး။

— အလုပ်/ စာကြည့်စားပွဲကိုလည်း သဘာဝအလင်းရောင်ကျတဲ့ နေရာမှာထားဖို့ အကြံပြုချင်ပါတယ်။ နေကျသွားလို့ အလုပ်လုပ်ရတာ/ စာကြည့်ရတာ အဆင်မပြေဘူးဆိုတော့မှ မီးဖွင့်ပါ။

— လိုက်ကာတွေတပ်ချင်တယ်ဆိုလည်း အလင်းပေါက်နိုင်တဲ့ ပိတ်စအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

(၂) မလိုတဲ့အရာတွေ မလုပ်မိပါစေနဲ့။


ဒီအချက်ကတော့ ရှင်းပါတယ်။ အကျင့်လုပ်ပေးမယ်ဆိုရင် အတော်လေးအသုံးတည့်မှာပါ။ ဘယ်လိုမျိုးတွေကို လုပ်ရမလဲဆိုတော့
— အခန်းတစ်ခန်းဝင်တိုင်း မီးဖွင့်ပြီးဝင်တယ်ဆိုရင် ပြန်ထွက်လာရင်လည်း မီးပိတ်ဖို့ မမေ့သင့်ဘူးလေ။ အိမ်ရောက်တာတောင် အိမ်သားတွေနဲ့ စကားမပြောဖြစ်ဘဲ ဖုန်းကိုယ်စီ သုံးနေတတ်တဲ့ အကျင့်ကိုတော့ ပြင်ဖို့ခက်ပေမယ့် တစ်ယောက်တစ်ခန်းစီနေပြီး ဖုန်းသုံးနေတတ်တဲ့ အကျင့်ရှိရင်တော့ ပြင်ဖို့လွယ်မယ်ထင်ပါတယ်။ ဟိုအခန်း၊ ဒီအခန်း မီးဖွင့်ပြီး ဖုန်းပွတ်မယ့်အစား ဧည့်ခန်းလိုနေရာမျိုးမှာ အကုန်စုပြီး ဖုန်းသုံးပေးတာမျိုး လုပ်ပေးပါ။
— Energy Save ဖြစ်တဲ့ မီးလုံးတွေကို ဈေးကွက်ထဲ အလွယ်တကူ ဝယ်လို့ရပါတယ်။ ခါတိုင်းဝယ်နေကျ မီးလုံးတွေနဲ့လည်း ဈေးအများကြီးမကွာပါဘူး။
— အဝတ်လျှော်ရင်လည်း တစ်ခါတည်း အကုန်ပေါင်းလျှော်ပါ။
— ဖုန်းအားသွင်းပြီးတိုင်း ကြိုးတန်းလန်း မထားခဲ့ပါနဲ့။

(၃) ဒီရာသီနဲ့ဆို အဲကွန်းအများကြီးဖွင့်စရာမလိုဘူးနော်


အဲကွန်းတွေဆိုတာ ရာသီဥတုပူရင် သူလည်းပူ၊ အေးလည်း သူကလိုက်အေး မဟုတ်လား။ ဒီတော့ မိုးတွင်းမှာ အဲကွန်းသုံးနှုန်းကို လျှော့ချဖို့က လွယ်ကူမှာပါ။ အကယ်လို့ ဖွင့်ဖို့လိုလာပြီဆိုရင်လည်း တံခါးတွေအလုံပိတ်ထား၊ မထား သေချာစစ်ဆေးကြည့်ပါဦးနော်။

Photo Credit

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ