သင်္ကြန်ပိတ်ရက်မှာ ဘာလုပ်ရမှန်းမသိရင် ဒါကိုဖတ်လိုက်ပါ

သင်္ကြန်ပိတ်ရက်မှာ ဘာလုပ်ရမှန်းမသိရင် ဒါကိုဖတ်လိုက်ပါ

အားလပ်ရက်ကို မျှော်ကြပေ
အားလပ်ရက်ကို စောင့်မျှော်ကြတာတော့ လူတွေရဲ့သဘာဝပဲလေ။ အားလပ်ရက်တွေမှာ မိသားစုကို အချိန်ပေးမယ်၊ ရေကူးမယ်၊ Shopping ထွက်မယ်ဆိုပြီးတော့ ကိုယ်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ကြပါတယ်။ ဒီနှစ်သင်္ကြန်အားလပ်ရက်မှာတော့ ဧပြီလ ၁၃ရက်ကနေ ၁၇အထိဆိုတော့ ရုံးပိတ်ရက် (၅) ရက် ရှိပါတယ်။ အခရာသူ၊ အခရာသားတွေအတွက် သင်္ကြန်အားလပ်ရက်ကို အကျိုးရှိရှိဘယ်လို အသုံးချသင့်တယ်ဆိုတာကို ဖော်ပြပါမယ်။

သင်္ကြန်တွင်းမှာ ဒါတွေလုပ်
နွေရာသီဟာ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအခြေအနေရှိနေတာမို့ သင်္ကြန်ရက်တွေအားလုံး ရေပတ်ခံထွက်မိရင်တော့ ရောင်ခြည်ဒဏ်သင့်နိုင်ပါတယ်။ အပူချိန်လျော့ကျတဲ့ မနက်ပိုင်းနဲ့ညနေပိုင်းတွေသာ ရေကစားသင့်ပြီး နေ့လယ်ပိုင်းမှာ နားနေသင့်ပါတယ်။ ဒါ့ကြောင့် သင်္ကြန်အကြိုနေ့၊ အကျနေ့တွေမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်သင့်ပါတယ်။ ဘုရားကျောင်းကန် သွားတာတွေ၊  ဥပုသ်သီလစောင့်ထိန်းတာတွေ၊ အမှိုက်သန့်ရှင်းတာတွေ၊ လမ်းတံတားပြုပြင်တာတွေ ပြုလုပ်သင့်ပါတယ်။ သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့တွေဟာ လူငယ်တွေအတွက် ရေပက်ခံထွက်ဖို့ အကောင်းဆုံးရက်ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်ကြီးမှာ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရေကစားပြီး ခိုက်ရန်ဖြစ်ပွားတာတွေ၊ ယာဉ်မတော်တဆတိုက်ခိုက်တာတွေ မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

အနားယူတတ်ပါစေ
နှစ်ဆန်းတစ်ရက်နေ့နဲ့ နောက်ပိုင်းနှစ်သစ်ကူးရုံးပိတ်ရက်တွေမှာတော့ မိသားစုနဲ့ အိမ်မှာပဲ မုန့်လုပ်စားတာတွေ၊ ပျော်ပွဲစားထွက်တာတွေ၊ စာဖတ်တာတွေ ပြုလုပ်ပြီး ပေါ့ပေါ့ပါးပါးအနားယူသင့်ပါတယ်။ အားလပ်ရက်ဆိုတာ ပုံမှန်အချိန်တွေမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့သဘောပါပဲ။ အားလပ်ရက်တွေကို ဒီလိုအကျိုးရှိအောင် အပြည့်အဝအနားယူမှသာ ဧပြီလ (၁၈) ရက်နေ့ အလုပ်ဝင်တဲ့အခါ လန်းဆန်းတက်ကြွစွာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)