သွေးပေါင်အရမ်းကျနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်မလဲ

သွေးပေါင်အရမ်းကျနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်မလဲ

ဟိုတစ်နေ့က ရုံးကပြန်လာတော့ အရမ်းပင်ပန်းနေသလို ခံစားရလို့ ဆေးခန်းသွားပြရင်ကောင်းမယ်ဆိုပြီး ဆေးခန်းသွားခဲ့တယ်။ ဟိုရောက်တော့ ကိုယ့်ရဲ့သွေးပေါင်ကအရမ်းတွေကျနေလို့ ဆရာဝန်က အကြောဆေးထိုးပေးပြီး အားဆေးတွေပေးလိုက်တယ်။ မသက်သာရင်ပြန်လာခဲ့တဲ့။ ကိုယ်ကအရမ်းအလုပ်များတဲ့သူဆိုတော့ ဆေးခန်းသွားဖို့ဆိုတာ အပြောပဲလွယ်တယ်။ တကယ်တန်းကျ အချိန်မပေးနိုင်ဘူး။ ဒါနဲ့အားဆေးသောက်တာနဲ့တင် မလုံလောက်ဘူးဆိုတာကိုသိလို့ သွေးပေါင်ကျနေတာကို သက်သာအောင်ဘယ်လိုနေရမလဲဆိုတာကို ရှာဖြစ်ခဲ့တယ်။

သွေးပေါင်ကျတာကလည်း သွေးပေါင်တက်သလိုပဲ အန္တရာယ်ရှိပါတယ်။ သွေးပေါင်ကျရင် ဘယ်လိုဖြစ်တတ်လဲဆိုတော့ မူးဝေတာ ၊ မေ့တာ ၊ အမြင်တွေဝေဝါးတာ ၊ ပင်ပန်းနွမ်းလျတာတွေ ၊ အာရုံမစိုက်နိုင်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီလိုလက္ခဏာတွေ ကိုယ့်မှာဖြစ်နေရင်ပေါ့ပေါ့မနေသင့်ဘဲ ဆေးခန်းလေးဘာလေးသွားသင့်တယ်။ သွေးပေါင်ကျနေရင် ဖြေရှင်းနိုင်တော့ ဆေးမီးတိုနည်းတွေကတော့

နည်းနည်းစီနဲ့အကြိမ်ကြိမ်စားပေးပါ
ထမင်းတွေဘာတွေစားတဲ့ အချိန်မဟုတ်ပဲ ကြားချိန်တွေမှာ ကျန်းမာရေးအတွက်သင့်တော်တဲ့ စားမြိန်စာလေးတွေ စားပေးသင့်ပါတယ်။ အဲဒီလိုကြားအချိန်တွေမှာ စားတာက ထမင်းတွေဘာတွေလို ပွဲကြီးကြီးတွေစားပြီး ရုတ်တရက်သွေးပေါင်ထိုးကျတာတွေကို တားဆီးပေးပါတယ်။ ဒီတော့ပြောချင်တဲ့သဘောက တစ်နေ့မှာ သုံးနပ်စားတာထက်စာရင် ပမာဏနည်းတဲ့ဟာတွေကိုပဲ ငါးခါလောက်ခွဲစားတာက ပိုပြီးတော့ကောင်းပါတယ်။ ဒီနည်းက သွေးပေါင်ကျတဲ့သူတွေအတွက်တင်မကဘူး ဆီးချိုသမားတွေအတွက်ပါ သင့်တော်ပါတယ်။

ဆားအသင့်အတင့်စားသုံးပါ
ဆားတွေအရမ်းများပြီး အငံတွေစားတာကလည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါပေမယ့်ခပ်ပေါ့ပေါ့အရသာတွေပဲစားနေတာကလည်း ကျန်းမာရေးအတွက် မသင့်တော်ပြန်ဘူး။ WHO ရဲ့ပြောကြားချက်အရ ကိုယ်တစ်နေ့စားတဲ့အစားအစာတွေမှာ သဘာဝအတိုင်း အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဆားဓာတ်အပြင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ဆားကိုထပ်ပြီးစားရပါမယ်တဲ့။ ဒါပေမယ့်သတိတော့ထားရမှာက ဆားတွေအရမ်းအများကြီးလည်း မစားမိဖို့ပါဘဲ။

အရည်များများသောက်ပါ
ခန္ဓာကိုယ်မှာက ရေဓာတ်အများကြီးပါပါတယ်။ လူကြီးတစ်ယောက်မှာဆိုရင် ရေဓာတ်က ၆ဝ % လောက်ပါတာကြောင့် ရေဓာတ်ကအရမ်းကို အရေးကြီးပါတယ်။ ရေဓာတ်ခန်းခြောက်တာကလည်း သွေးပေါင်ကျခြင်းကို ဖြစ်စေတဲ့အရာထဲပါဝင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၃ လီတာလောက်သောက်သင့်တယ်။ ရေအပြင် အုန်းရေတို့ ၊ သီးသီးဖျော်ရေတို့ဘာတို့လည်းသောက်သင့်ပါတယ်တဲ့။ ဒီဖျော်ရည်တွေက သင့်ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းသိမ်းဖို့လိုအပ်တဲ့ electrolytes တွေကို ထုတ်ပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်တာကို တားဆီးဖို့အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်တာပါပဲ။ သွေးပေါင်ကျကျ မကျကျ ရေကိုတော့များများသောက်သင့်ပါတယ်။

ကော်ဖီကလည်း အထောက်အကူပြုပါတယ်
ဒီအချက်ကိုရှာတွေ့သွားတာ စာရေးသူကိုတောင် အံ့သြသွားစေပါတယ်။ အမြဲတမ်းထင်ခဲ့တာက ကော်ဖီကသွေးပေါင်ကျစေတယ်လို့ပဲ ထင်ခဲ့တာ။ တလွဲကွာ။ သေချာအောင်ဆိုပြီးရှာဖတ်ကြည့်တာ တကယ့်မှန်ပါတယ်ဆိုတဲ့ Website တော်တော်များများက ကော်ဖီသောက်ရင် သွေးပေါင်တက်စေတယ်ဆိုတာကို ထောက်ပြထားတယ်ကွာ။ သွေးပေါင်ကျနေတဲ့အချိန်မှာ ကော်ဖီသောက်လိုက်ရင် ကိုယ့်ရဲ့သွေးပေါင်ကို ယာယီမြင့်တက်သွားစေတယ်တဲ့။ ယာယီဆိုပေမယ့် သွေးပေါင်ကို အဆမတန်မြင့်တက်စေတာကြောင့် သွေးပေါင်ကျနေတဲ့အချိန်မှာ ကော်ဖီသောက်ပေးတာက အန္တရာယ်တံခါးဝကနေ ဝေးသွားစေမှာတော့ အမှန်ပါပဲနော်။

ပင်စိမ်းပင်ရွက်စားပါ
ပင်စိမ်းကတော့ လောကကြီးမှာ ရှင်သန်နေတဲ့အပင်တွေထဲမှာ အဖိုးတန်တဲ့အပင်တွေထဲက တစ်ပင်ပါပဲ။ ပင်စိမ်းကို မနက်တိုင်း လေး ၊ ငါးရွက်လောက်ဝါးပေးပါနော်။ ဘာလို့လဲဆိုတော့ ပင်စိမ်းရွက်မှာ သွေးလည်ပတ်မှုကို မှန်ကန်စေတဲ့ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် စီတို့ပါဝင်တဲ့အတွက် ဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးတောင်ပြောနေစရာမလိုပါဘူး။ ပင်စိမ်းကိုကြိုက်လွန်းလို့ကိုစားနေတဲ့သူတွေတောင်ရှိတာပဲ။ အစားအစာကလူနဲ့တည့်တာပဲဟာ။

Almond နို့ရည်
Almond နို့ရည်ဆိုတာ Almond စေ့နဲ့နွားနို့နဲ့ရောထားတဲ့အရည်ပါ။ သူ့အရသာလေးက ဆိမ့်ဆိမ့်လေးနဲ့သောက်လို့လည်းကောင်းပါတယ်။ Almond နို့ရည်မှာ အဆီတွေ ၊ ကိုလက်စထရောဓာတ်တွေ မပါဘဲ ကျန်းမာရေးအတွက်သင့်တော်တဲ့ Omega-3 Fatty Acid တွေသာပါပါတယ်။ ဒါလေးကို Smoothie တွေမှာထည့်သောက် ၊ စိတ်ပါရင် City Mart ကနေ Cereal တွေဝယ်ပြီးရောစားရင်း သွေးပေါင်ကျတာကို တားဆီးလို့ရပါတယ်။

သွေးပေါင်ကျတာကို တားဆီးနိုင်တဲ့တခြားနည်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်စာရေးသူပြောတဲ့နည်းတွေက ပရိသတ်ကြီးတို့လက်တွေ့မှာလည်း အလွယ်တကူကျင့်သုံးနိုင်မယ့်နည်းတွေဖြစ်တာကြောင့် ဒီဆောင်းပါးလေးဖတ်ပြီး တစ်ခုခုအကျိုးဖြစ်သွားမယ်လို့လည်း မျှော်လင့်ပါတယ်နော်။

Piki (Akhayar)

Ref: www.food.ndtv.com

www.diet.mayoclinic.org

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle