ငွေကုန်ကြေးကျနည်းနည်းနဲ့ ဖက်ရှင်ကျနေတဲ့ကောင်မလေးတို့ရဲ့ လျှို့ဝှက်ချက်လေးများ

ငွေကုန်ကြေးကျနည်းနည်းနဲ့ ဖက်ရှင်ကျနေတဲ့ကောင်မလေးတို့ရဲ့ လျှို့ဝှက်ချက်လေးများ

တစ်ခါတလေကျတော့လည်း ဈေးကြီးတဲ့ပစ္စည်းတွေ ရွေးချယ်သုံးစွဲမှ Smart ကျပြီး လှပခန့်ငြားတဲ့အသွင်ကို ရရှိစေတာမျိုးတော့ မဟုတ်ပါဘူး။ Brand တွေဆင်မထားပေမယ့် ဘယ်အချိန်ကြည့်ကြည့် Fashion ကျနေတဲ့သူတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့်တော့ ပိုက်ဆံအများကြီးအကုန်အကျမခံဘဲနဲ့ ဘယ်လိုလုပ် အများသူငါကြားမှာ အကောင်းစားနာမည်ကြီး Brand တွေဝတ်ထားသလို အရောင်ထွက်နေတာလဲပေါ့။ သူတို့ဆီက နည်းနည်းတီးခေါက်ထားတာလေးတွေကို ဒီနေ့ လာပြောပြတာပါ။

အချိန်ကိုမှန်ကန်စွာရွေးချယ်တတ်ပါစေ
ဘယ်လောက်နာမည်ကြီး Brand ပဲဖြစ်ဖြစ် တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ Sale ချကြပါတယ်။ နာမည်ကြီးတာတွေလျှောက်ဝယ်ဖို့မဟုတ်ပါဘူး။ အရေးကြီးတဲ့ပွဲနေပွဲထိုင်အတွက် တစ်သောင်းအထက် သင့်တင့်တဲ့အဝတ်အစားတွေရဖို့အတွက် ဘယ်လိုအချိန်မှာ up to 50% Promotion တွေ ပေးတတ်လည်းဆိုတာကိုတော့ သိကိုသိထားရပါလိမ့်မယ်။

အရိုးရှင်းဆုံးဟာ အကောင်းဆုံးပါပဲ
တချို့ ရှုပ်ရှက်ခက်နေတဲ့ဒီဇိုင်းတွေဟာ Brand တွေထဲက ရှာဝယ်ထားတာမဟုတ်ဘူးဆိုရင် အပေါစားဆန်နေတတ်ပါတယ်။ မျက်လုံးထဲ ကန့်လန့်ကြီးဝင်လာတဲ့ဒီဇိုင်းတွေဟာ နာမည်ကြီး ဒီဇိုင်နာဝတ်စုံတွေနဲ့ Brand တွေဖြစ်ခဲ့မယ်ဆိုရင်တော့ ပြောစရာမရှိပေမယ့် ခပ်ပေါပေါဝယ်ယူလို့ရတဲ့ သာမာန်ဝတ်စုံတစ်ထည်ဆိုရင်တော့ ပြောချင်စရာကြီးပါနော်။ ဒီတော့ ရွေးချယ်မှုမှန်ကန်ဖို့ကလည်း အရေးကြီးပါသေးတယ်။ အရိုးရှင်းဆုံးကိုပဲ ရွေးချယ်ပါ။

အတုတွေမဝယ်မိပါစေနဲ့
တချို့အိတ်တွေဟာ ကိုယ်က သတိမထားမိပေမယ့် နာမည်ကြီးပစ္စည်းတွေကို တုပပြုလုပ်ထားတာတွေ ဖြစ်ပါတယ်။ သတိထားပါ။ နာမည်စာတန်းပြောင်းပြန်ကြီးဖြစ်နေတာမျိုး၊ တံဆိပ်တူပြီးနာမည်မတူတာမျိုးကနေစလို့ ဒီဇိုင်းတူတာမျိုး။ ကုန်ကုန်ပြောရရင် First Copy လို့ဆိုကြတဲ့ တံဆိပ်ရော၊ ဒီဇိုင်းပုံစံရော တစ်ထပ်တည်းတူထားတယ်ဆိုရင်တော့ ဝယ်သုံးမနေပါနဲ့။ အဲဒီ့အစား ဘယ်လောက်ပဲ ဆယ်သိန်းတန် လက်ကိုင်အိတ်ကို သဘောကျပေမယ့် ကိုယ်နိုင်တဲ့တံဆိပ်က တစ်သိန်းတန်ဖြစ်နေခဲ့ရင် တစ်သိန်းတန်ကိုပဲ ဂုဏ်ရှိရှိဝယ်ယူသုံးစွဲလိုက်ပါ။

ကိုယ်နဲ့လိုက်ဖက်တာက ကိုယ့်အတွက် အတန်ဆုံးပါပဲ
တစ်ခါတလေ ငါပိုက်ဆံတတ်နိုင်တယ်ဆိုပြီး နာမည်ကြီးတံဆိပ်ထဲက Hot နေတဲ့ပစ္စည်းတွေကို ပိုက်ဆံအကုန်ခံပြီး ဝယ်ယူဖို့ ကြိုးစားမိသေးလား။ ဒါက တကယ်တော့မှားယွင်းနေပါတယ်နော်။ နာမည်ကြီးတာပဲဖြစ်ဖြစ်၊ နာမည်မကြီးတာပဲဖြစ်ဖြစ် ကိုယ်နဲ့မလိုက်ဖက်ရင်တော့ ကိုယ့်အတွက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဝယ်လိုက်ရတာ တန်သွားတယ်ဆိုတာဟာ တစ်ခါတလေ ဈေးနှုန်းနဲ့မဆိုင်ပါဘူး။ ပစ္စည်းအရည်အသွေးရယ်၊ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။

စည်းကမ်းရှိပြီး စည်းစနစ်ကျပါစေ
ဖက်ရှင်မှာလည်း စည်းကမ်းတွေရှိတာလားလို့မေးလာရင် ရှိတာပေါ့လို့ပဲ ပြန်ဖြေရတော့မှာပေါ့။ ကောင်းကောင်းမွန်မွန်လျှော်ဖွတ်သိမ်းဆည်းပြီး ထုတ်ဝတ်တာက ပိုပြီးဖက်ရှင်ကျပါတယ်။ ကိုယ့်စတိုင်နဲ့ကိုယ် ပေါ်သမျှလျှောက်မသုံးဘဲ နေတာကလည်း ကိုယ့်ကိုယ် ပိုပြီး ဖက်ရှင်ကျစေပါတယ်။ ကိုယ်နဲ့လိုက်ဖက်တာကို ရှာကြံဝတ်နိုင်တာကလည်း ကိုယ့်ကိုယ် ဖက်ရှင်ကြစေပါတယ်။ ဒီတော့ ခြုံပြောရမယ်ဆိုရင် စည်းပျက်ကမ်းပျက် နေချင်သလိုနေ၊ ဝတ်ချင်တာဝတ်နေတဲ့သူထက် ခုနကပြောခဲ့သလို စည်းနဲ့ကမ်းနဲ့ ကိုယ့်အကြောင်းကိုယ်သိပြီး စည်းစနစ်ကျတဲ့သူတွေက ပိုလို့ ဖက်ရှင်ကြပါတယ်။

ဒီတော့ ဒီနေ့မှာ နာမည်ကြီး Brand တွေ မသုံးဘဲ ကောင်မလေးတွေ ဖက်ရှင်ကျနေရခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်လေးတွေကို အခုလို ဖော်ထုတ်ပေးလိုက်ပါတယ်နော်။ နေ့တိုင်းဖက်ရှင်ကျဖို့အတွက်က သိန်းပေါင်းမြောက်မြားစွာ ရင်းနှီးပြိုင်ဆိုင်ဝတ်ဆင်ပြနေဖို့မှ မလိုအပ်တာပဲလေ။ ကောင်မလေးတွေအားလုံးပဲ မိုးလင်းတာနဲ့ ဖက်ရှင်ကျကျ နိုးထလာနိုင်ကြပါစေနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ