ကိုယ့်မျက်နှာနဲ့လိုက်တဲ့ မျက်မှန်ကိုဘယ်လိုရွေးချယ်ရမလဲ

ကိုယ့်မျက်နှာနဲ့လိုက်တဲ့ မျက်မှန်ကိုဘယ်လိုရွေးချယ်ရမလဲ

အကြောင်းပြချက်အမျိုးမျိုးတွေကြောင့် ကိုယ့်ရဲ့မျက်လုံးတွေကမကောင်းတော့လို့ မျက်မှန်တပ်လိုက်ရတယ်၊မဖြစ်မနေတတ်ရမဲ့ အခြေအနေတွေရောက်လာတတ်ရင် ကိုယ့်မျက်နှာပေါက်နဲ့လိုက်တဲ့ မျက်မှန်မျိုးရွေးချယ်တတ်ဖို့တော့လိုမယ်ထင်ပါတယ်။ကိုယ်နဲ့ လိုက်ဖက်တဲ့မျက်မှန်တစ်လက်ဟာ ကိုယ်ရဲ့မျက်လုံးပြသာနာကိုလည်းကူညီရာလည်းရောက်တယ်။ဖက်ရှင်လည်းကျစေမဲ့ မျက်မှန်လေးတစ်လက်ဖြစ်ဖို့တော့လိုပါတယ်။

ဗမာတွေရဲ့ မျက်နှာပေါက်အများစုက မျက်နှာပေါက်ဝိုင်းဝိုင်းလေးတွေများတာတွေ့ရပါတယ်။မျက်နှာပေါက်ဝိုင်းဝိုင်းလေးတွေက မျက်နှာဆိုရင် လေးထောင့်စပ်စပ်လေးတွေနဲ့လိုက်ပါတယ်။လေးတောင့်စပ်စပ် ဘောင်ထူထူလေူတွေကတော့ မျက်နှာဝိုင်းလေးနဲ့ဆိုရင်တော့ လိုက်ဖက်ပါတယ်နော်။မေးစေ့အနည်းငယ်ရှည်တဲ့သူတွေဆိုရင်တော့  မျက်မှန်ကို ထောင့်မှန်စတုဂံမျက်မှန်ကိုမှ ဆိုဒ်ခပ်ကြီးကြီးလေးတွေရွေးချယ်သင့်ပါတယ်နော်။တကယ်လို့ ကိုယ့်ရဲ့မျက်နှာပေါက်လေးက လေးတောင့်နည်းနည်းဆန်တယ်ဆိုရင် ခပ်ဝိုင်းဝိုင်းမျက်မှန်လေးတွေက လူကိုပိုငယ်စေသလို ချစ်စရာလည်းပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ကိုယ်ရဲ့မေးရိုးကားနေတာလည်း ဖြေလျော့ပေးတဲ့ပုံပေါက်စေပါတယ်နော်။ကဲ့အဲ့တော့ မျက်မှန်ဆိုင်သွားရင် ခေါင်းကိုက်စရာမျက်မလိုအောင် မျက်မှန်ကိုင်းလေးတွေရွေးချယ်ရလွယ်မယ်လို့မျှော်လင့်ပါတယ်နော်။

Photo Credit -Pinterest

Kelly -Akhayar Lifestyle