အာဟာရပြည့်ဝတဲ့ မနက်စားဖြစ်ဖို့ဘယ်လိုမျိုးလေးတွေလုပ်စားမလဲ
မနက်စာဆိုတာက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဖြည့်စွက်စာလို့လည်းပြောလို့ရပါတယ်။ တစ်ချို့လူတွေက မနက်စာကိုနေ့လည်စာနဲ့ပေါင်းစားတာမျိုးတွေလည်းလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါမျိုးကလုံးဝမလုပ်သင့်ပါဘူးနော် ။ မနက်ပိုင်းမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်တွေကိုဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝပြီး အဆီအဆိတ်နည်းတဲ့ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ မနက်စာဖြစ်ဖို့အတွက် ဘယ်လိုအစားအသောက်တွေနဲ့လွယ်လွယ်ကူကူလုပ်စားလို့ရမလဲဆိုတာပြောပြပေးချင်ပါတယ်။
ထောပတ်သီးနဲ့ပေါင်မုန့်
ထောပတ်သီးမှာပါဝင်တဲ့ကောင်းကျိုးတွေက ဆီးချိုသမားတွေအတွက်သွေးထိန်းပေးနိုင်တဲ့အတွက် မနက်ခင်းမှာ အစာအိမ်လမ်းကြောင်းကိုလည်းရှင်းပေးနိုင်တဲ့အတွက် မနက်ခင်းမှာစားပေးဖို့သင့်တော်ဆုံးအသီးတစ်မျိုးဖြစ်တယ်လို့ပြောလို့ရပါတယ်။ ပေါင်မုန့်မီးကင်လေးနဲ့တွဲဖက်ပြီးစားသုံးပေးလို့ရပါတယ် ။
Photo Credit - Greenbar
ကြက်ဥပေါင်း
ကြက်ဥကိုအမျိူးမျိုးလုပ်စားလို့ရတဲ့အထဲကမှ လွယ်ကူပြီးတော့ လုပ်ရတာလည်းအရမ်းရိုးရှင်းတဲ့ကြက်ဥပေါင်းလေးကိုလည်းလုပ်စားပေးကြည့်သင့်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကလည်း ကြက်ဥနဲ့ဟင်းခတ်အမွေးအကြိုင်ရှိရုံနဲ့လုပ်စားလို့ရပါပြီ ။
Photo Credit -
ဒိန်ချဉ်နဲ့ အသီးတစ်မျိူး
ဒိန်ချဉ်ကမနက်ပိုင်းမှာစားပေးဖို့အသင့်တော်ဆုံးလို့ဆရာဝန်တော်တော်များများကပြောပါတယ်။ Diet လုပ်ပြီးသားလည်းဖြစ်သလို အဆီအဆိတ်မဟုတ်တဲ့အတွက်ကိုယ့်ရဲ့အစာအိမ်လမ်းကြောင်းကိုလည်းရှင်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကိုမှ စတော်ဘယ်ရီသီး၊ Blueberry အသီးတွေနဲ့စားပေးရင်ပိုပြီးတော့ကောင်းပါတယ်နော် ။
ငှက်ပျောသီးနဲ့ ပေါင်မုန့်
ပေါင်မုန့်ကတော့ မနက်စာအတွက်ဆိုလွယ်ကူပြီးအားလုံးကြိုက်တဲ့ Snack တစ်ခုတော့ ပေါင်မုန့်ကိုပဲ တွဲဖက်စားသုံးလို့ကောင်းတဲ့ယိုတစ်မျိုးမျိုးနဲ့ကို ဌက်ပျောသီးလေးနဲ့တွဲဖက်စားသုံးပေးရင် တစ်နေ့တာအတွက်အာဟာရပြည့်ဝစေပြီးကောင်းမွန်တဲ့မနက်စာတစ်ခုရမှာအမှန်ပါနော် ။
Photo Credit - sapien
Kelly - Akhayar Lifestyle