ဆုံးဖြတ်ရခက်တဲ့ ကိုယ့်ရဲ့ Career ကိုဘယ်လိုရွေးချယ်မလဲ

ဆုံးဖြတ်ရခက်တဲ့ ကိုယ့်ရဲ့ Career ကိုဘယ်လိုရွေးချယ်မလဲ

နည်းပညာတွေကလည်းခေတ်မှီတိုးတက်သလို အလုပ်အကိုင်အခွင့်အလမ်းတွေကလည်းများလာပါတယ်။ အားလုံးထဲမှာမှ ကိုယ်ကဘာကိုလုပ်ချင်တာလဲ၊ ဘာကိုရောဝါသနာတာပါတာလဲ စသည်ဖြင့်မေးခွန်းတွေများစွာနဲ့လည်းတွေဝေနေတတ်ပါတယ်။ ဒီအတွက်ကြောင့် ဘယ်အချက်တွေကိုသေချာအောင်လေ့လာပြီး ကိုယ့်ရဲ့ Career ကိုရွေးချယ်သင့်လဲဆိုတာကိုအချက်လေး (၅) ချက်နဲ့ဝေမျှပေးချင်ပါတယ် ။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပါ
ကိုယ်ကဒီအလုပ်ကိုတစ်ပါးသူတိုက်တွန်းလို့မျိုးပဲဖြစ်ဖြစ်၊ ခေတ်ပေါ်နေလို့လုပ်ချင်တာမျိုးပဲဖြစ်ဖြစ်၊ မိဘတွေကအတင်းဖိအားပေးလိုက်ရလို့မဖြစ်စေပါနဲ့ ဒီအလုပ်ကိုမလုပ်ခင်မှာ သေချာစဉ်းစားပါ၊ သေချာပြီဆိုမှဆုံးဖြတ်ချက်ချနိုင်တာအကောင်းဆုံးပါနော် ။

Photo Credit - getthegloss


မှတ်တမ်းလေးတွေလုပ်ပါ
ဒီအလုပ်ကိုလုပ်ဖို့သေချာပြီဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် ဒီအလုပ်နဲ့ပတ်သက်တာမှန်သမျှ၊ ကိုယ်သိတာ၊ လေ့လာထားသမျှကို ချရေးထားပါ ။  စာနဲ့ရေးထားချင်က ဦးနှောက်ထဲမှာမှတ်ထားတာထက်ပိုပြီးထိကျပြီး ဒီအလုပ်ကိုလုပ်ဖို့အတွက်လည်းပိုပြီးသေချာစေပါတယ် ။

Photo Credit -St,com


ယုံကြည်မှုရှိပါ
ကိုယ်လုပ်တဲ့အလုပ်တိုင်းမှာယုံကြည်မှုထားတတ်ဖို့တော့လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် ဒီအရာနဲ့ပတ်သက်ပြီး ဆိုးတာလည်းကြုံလာနိုင်သလို ဘာမှလုပ်ချင်စိတ်မရှိအောင်လည်းဖြစ်တတ်ပါတယ် ။ အဲ့ကြောင့် ဘာပဲဖြစ်နေဖြစ်နေ့ ယုံကြည့်မှုအပြည်ရအောင်ထားသင့်ပါတယ်နော် ။
အကောင်ထည်ဖော်ပါ
စာရွက်ပေါ်မှချရေးထားရုံနဲ့တော့မပြီးသေးပါဘူးနော် ။ ကိုယ်မှတ်သားထားတဲ့အရာတွေကိုတစ်ဆင့်ခြင်းတွေးခေါ်ပြီး တကယ့်လက်တွေ့မှာအကောင်ထည့်ဖော်ဖို့ကလည်းအရေးကြီးဆုံးဖြစ်ပါတယ် ။

Photo Credit - NBCnews


ပန်းတိုင်ထာပါ
ဘယ်အလုပ်မဆို ပန်းတိုင်ရှိဖို့ကလည်းလိုအပ်ပါတယ် ။ ပန်းတိုင်လည်းမရှိ၊ဝါသနာပါလို့သာလုပ်နေတယ် အောင်မြင်မှုဆိုတာလည်းမရှိဆိုရင်တော့ ကြာရင်တော့ကိုယ်ရွေးချယ်ထားတဲ့ Career ကိုတဖြည်းဖြည်းနဲ့လမ်းမှားရောက်သွားတတ်ကြပါတယ် ။

Kelly - Akhayar Lifestyle