ကိုယ့်ရဲ့စိတ်ကိုအနားပေးမယ်ဆိုဘယ်လိုနည်းလမ်းလေးတွေလုပ်သင့်လဲ

ကိုယ့်ရဲ့စိတ်ကိုအနားပေးမယ်ဆိုဘယ်လိုနည်းလမ်းလေးတွေလုပ်သင့်လဲ


တစ်ယောက်တည်းနေတဲ့အချိန်တွေ၊ကိုယ့်ဘေးနားမှာဘယ်သူမှမရှိတော့တဲ့အချိန်တွေဆိုတာလူတိုင်းမှာရှိပါတယ်။အဲ့ဒီအချိန်တွေကလူရဲ့စိတ်ကိုအထီးကျန်စေတာလား၊စိတ်အနားပေးတာလားဆိုတာလည်းဆိုတာဝေခွဲရခက်ပါတယ်။တကယ်တမ်းဆိုအဲ့လိုအခြေအနေအချိန်အခါမျိုးတွေပေးလာရင်အနားယူလိုက်ပါ။လူတွေကမွေးကတည်းကနေအခုချိန်ထိစိတ်ဆိုတဲ့အရာကိုအနားမပေးသေးပါဘူးနော်။အဲ့တော့ကိုယ်ပိုင်အချိန်၊ကိုယ်ပိုင်စိတ်အခြေအနေဆိုတာလူသားတိုင်းအတွက်လိုအပ်ပါတယ်။ကိုယ်ခန္ဓာကိုယ်ကိုပြန်အနားပေးတယ်ဆိုတဲ့သဘောမျိုးပေါ့။ဘယ်လိုနည်းလမ်းလေးတွေက ကိုယ့်ရဲ့စိတ်ကိုတဖန်အားပြန်ဖြစ်စေလဲဆိုတာနည်းလမ်းလေး (၃ခု)နဲ့မျှဝေပေးချင်ပါတယ်။
၁။အသက်ရှုပေးပါ
အသက်ရှုခြင်းဆိုတာကလူသားတွေဖြစ်တည်နေရခြင်းရဲ့အရေးပါဆုံးတစ်ခုပါ။လူတွေကတစ်ခါတစ်လေမှာအသက်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေးလုပ်ဖို့မေ့နေတတ်ကြပါတယ်။တိတ်ဆတ်ပြီးဘယ်သူမျမရှိတဲ့နေရာမျိုးမှာကိုယ့်ရဲ့အသက်ရှုအသံကိုကိုယ့်နားကပြန်ကြားရလောက်တဲ့အထိအသက်လေးကိုပုံမှန်ရှုပေးပါ။မိနစ်အနည်းငယ်ကြာပြီးတာနဲ့ သင့်ရဲ့ခန္ဓကိုယ်ကအားတွေပြန်ပြည့်လာတယ်လို့ခံစားမိမှာအမှန်ပါ။


၂။ရေနွေးနဲ့ရေချိုးပေးပါ
ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြုစုယုယပေးခြင်းတစ်မျိုးလည်းဖြစ်သလို၊ရေနွေးနဲ့စိမ်ပြီးသီချင်းအေးအေးလေးဖွင့်ထားပြီးချိုးလိုက်ရင်လည်းစိတ်နဲ့ခန္ဓာကိုယ်နဲ့စိတ်ဟာ အသစ်တဖန်ပြန်မွေးဖွားခြင်းမှုပြုတယ်လို့ခံစားမိမှာပါ။


၃။တရားထိုင်ပေးပါ
တရားထိုင်ပေးခြင်းဆိုတဲ့အရာမှာ နာရီပေါင်းများစွာမထိုင်နိုင်ဘူး။အခုမှစပြီးတော့ထိုင်မယ်ဆိုတဲ့သူတွေအတွက်ဆို Mindfulness တရားထိုင်နည်းလေးကိုအရင်လေ့လာစေချင်ပါတယ်။နိုင်ငံတကာကသူတွေလည်းဒီနည်းလမ်းလေးကစိတ်ကိုထွက်ပေါက်ပေးတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်သလို၊ကိုယ့်ရဲ့စိတ်ကိုအနားပေးတဲ့တရားထိုင်နည်းလေးတစ်ခုလည်းဖြစ်ပါတယ်။

Kelly (Akhayar Lifestyle )

Photo Credit - Pinterset