အခုလိုခက်ခဲတဲ့အချိန်မျိုးမှာ ပိုက်ဆံဘာလို့ပိုစုသင့်တာလဲ
ပိုက်ဆံဆိုတာက ရှာရတာအတော်လေးခက်သလောက် သုံးရတာတော့တော်တော်လွယ်ကူပါတယ် ။ ဒါကလည်းလူတိုင်းလက်ခံထားတဲ့ခံယူချက်တစ်ခုဖြစ်မယ်လို့လည်းထင်ပါတယ်။ အခုလိုအချိန်မျိုးမှာဆို ပိုက်ဆံကိုပိုပြီးစုထားသင့်ပါတယ် ။ဘာလို့လဲဆိုရင် အရေးအကြောင်းဆိုပိုက်ဆံကအရေးကြီးဆုံးလို့တောင်ပြောလို့ရပါတယ်နော်။ ကဲ့ဒီတော့ ပရိတ်သတ်တွေလည်း မလိုအပ်တဲ့နေရာမှာပိုက်ဆံကိုအလွယ်တကူမသုံးပဲဘယ်လိုစုကြမလဲ ?
အသုံးအဖြုန်းကိုသေချာစိစစ်ပါ
လူတော်တော်များများက စိတ်အလိုကိုအရမ်းလိုက်တတ်ကြပါတယ်။ပြောရမယ်ဆိုရင် ကိုယ်ကဒီပစ္စည်းတစ်ခုကိုလိုချင်တယ်ဆိုရင် ကိုယ့်အတွက်အသုံးတကယ်လိုအပ်ရဲ့လားဆိုတာမစဉ်းစားပဲနဲ့ ဝယ်မိလိုက်တာမျိုးပါ။အဲ့နေရာတွေမှာပိုက်ဆံတွေကပိုပိုကုန်တတ်ကြပါတယ်။ ပစ္စည်းတစ်ခုကိုကိုယ်ကလိုချင်နေပြီဆိုရင် ဒီပစ္စည်းကကိုယ့်အတွက်တကယ်အသုံးလိုလား ၊ မလိုလားဆိုတာကိုသေချာစဉ်းစားပြီးမှဝယ်သင့်ပါတယ်နော် ။
Photo Credit- Red Stick
ချွေတာပါ
ကိုယ့်ရဲ့ဝင်ငွေကိုထွက်ငွေနဲ့မျှအောင်အသုံးပြုစေချင်ပါတယ်။တစ်ချို့သူတွေက ငွေရတာလည်းလွယ်ကူသလို ပိုက်ဆံကိုလည်းအလွယ်တကူအသုံးပြုလေ့ရှိပါတယ်။ ကိုယ်တစ်ကယ်လိုအပ်တဲ့အချိန်မျိုးမှာဆိုကိုယ့်ရဲ့ပိုက်ဆံတွေက ထင်တာသလောက်မရှိတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီအတွက်ကြောင့် ချွေတာခြင်းကလည်း ပိုက်ဆံစုဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲနော်။
Photo Credit - which.co
ပိုက်ဆံသက်သက်သိမ်းထားပါ
လစာရပြီဆိုတာနဲ့ တစ်လလုံးပင်ပင်ပန်းပန်းရှာခဲ့တဲ့ပိုက်ဆံတွေကို အားလုံးမသုံးခင်မိမှာ စုငွေဆိုပြီးသက်သက်စုထားသင့်ပါတယ်နော်။ ကိုယ့်လက်ထဲမှာပိုက်ဆံရှိနေတဲ့အတွက် ဝယ်ချင်သုံးချင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်ကိုယ်တစ်လကိုအရင်ဘယ်လောက်စုမယ်ဆို သတ်မှတ်ပြီးမှသုံး ပိုတာသုံးသင့်ပါတယ်နော်
Photo Credit - imoney
Kelly - Akhayar Lifestyle