အလုပ်မှာ စိတ်ဖိစီးမှုတွေအရမ်းများပြီး ဖိအားတွေကြောင့်စိတ်ညစ်ရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ?

အလုပ်မှာ စိတ်ဖိစီးမှုတွေအရမ်းများပြီး ဖိအားတွေကြောင့်စိတ်ညစ်ရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ?

ပုံမှန်ထက် အလုပ်မှာ စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ များလာပြီး အလုပ်လုပ်ရတာ စိတ်မပါတာမျိုးတွေ၊ ဖိအားများသလိုဖြစ်လာတတ်တာ သဘာဝပါ။ အလုပ်မှာ မပျော်တဲ့အခါ အလုပ်တွေ ပြီးသင့်သလောက်မပြီးဘဲ တခါတလေ အမှားတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ဘယ်လို ဖြေရှင်းမလဲ။ ဘာ့ကြောင့် အဲလိုဖြစ်တာလဲ?

အလုပ်ပိခြင်း၊ လုပ်နိုင်တာထက် ပိုလုပ်နေခြင်း

ပထမဆုံး အလုပ်မှာ ဖိအားများပြီး စိတ်ဖိစီးမှုတက်စေတဲ့ တရားခံက ကိုယ်လုပ်နိုင်တာထက် ပိုပြီး တာဝန်ယူနေရခြင်းဖြစ်ပါတယ်။ အိပ်ချိန်စားချိန်နဲ့ အနားယူချိန်တွေမှာပါ အလုပ်အကြောင်းတွေးမိပြီး အလုပ်မပြီးမှာစိုးလို့ စိတ်ပူတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလို အချိန်ဆိုရင်တော့ ကိုယ်လုပ်ရမဲ့ အလုပ်နဲ့ အချိန်ကို သေချာ စီစစ်လုပ်သင့်ပါတယ်။ အရင်ကထက် အလုပ်များတယ်ဆိုလည်း ကိုယ့်ရဲ့ အလုပ်ပြီးနိုင်စွမ်း၊ လုပ်နိင်စွမ်း (Productivity) ကို တိုးအောင် မြန်မြန်သွက်သွက်လေးလုပ်နိုင်အောင် ကျင့်ယူရပါတယ်။ အလုပ်အပေါ်ပိုအာရုံစိုက်နိုင်အောင်လည်း လုပ်သင့်ပါတယ်။

Photo Credit - younni.com

အလုပ်လုပ်ရတာ စိတ်ကျေနပ်မှုမရှိခြင်း

ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ့်ကျွမ်းကျင်မှုတွေကို အပြည့်အ၀ အသုံးချခွင့်မရတာမျိုး၊ ကိုယ့်အတွေးအမြင်တွေကို အသိအမှတ်ပြုခြင်းမခံရတာမျိုး အဲလို အချိန်တွေမှာလည်း ဖိအားတွေဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ်နဲ့ မကိုက်ညီတဲ့အခါ ကိုယ့်ယုံကြည်ချက်တွေ၊ ကိုယ့်စိတ်နေစိတ်ထားနဲ့ ကိုက်ညီမနေတဲ့အခါလည်း အလုပ်မှာ မပျော် ရတာတွေ ဖြစ်တတ်ပါတယ်။ အဲလိုအချိန်မျိုးမှာဆို ဒီအလုပ်ဟာ ကိုယ်နဲ့ တကယ်သင့်တော်ရဲ့လားဆိုတာမျိုးကို သေချာစမ်းစစ်ကြည့်ရပါမယ်။

လုပ်ဖော်ကိုင်ဖက်တွေ အထက်လူကြီးများနဲ့ အဆင်မပြေခြင်း

တစ်နေ့တစ်နေ့ အလုပ်မှာအချိန်တွေ အများကြီးပေးပြီး ရှင်သန်နေရတဲ့ အလုပ်သမားတွေအနေနဲ့ အတူလုပ်လုပ်နေတဲ့သူတွေ နဲ့ အဆင်မပြေဘူးဆိုရင် သဘောထားမတိုက်ဆိုင်တာတွေ များတယ်ဆိုရင် အလုပ်မှာ လုံးဝမပျော်တာမျိုးတွေဖြစ်တတ်ပါတယ်။ အထက်လူကြီးနဲ့ ကတောက်ကဆတွေဖြစ်တတ်တာမျိုး၊ အဆင်မပြေတာမျိုးဆိုရင် ပိုဆိုးပါတယ်။ ဒါ့ကြောင့် အလုပ်မှာ Communication ဆိုတဲ့ ဆက်ဆံရေးကောင်းမွန်မှုနဲ့ လိုက်လျောညီထွေရှိဖို့လည်းလိုပါတယ်။

ဒီလို အဆင်မပြေမှုလေးတွေကြောင့် စိတ်ဖိစီးမှုအရမ်းများလာပြီဆိုရင် ခွင့်ယူတာပဲဖြစ်ဖြစ် Break ယူကြည့်ပါ။ ခနလောက် အနားယူကြည့်ပါ။

Photo Credit -the state

အနားယူချိန်သတ်သတ်ထားပါ။
အိမ်ရောက်တာနဲ့ပဲဖြစ်ဖြစ် ကိုယ့်အနားယူချိန်အပြည့်အဝအနားယူပြီး အလုပ်ကို ခနလောက် ဘေးမှာ ချိတ်ထားတာမျိုးလုပ်သင့်ပါတယ်။ ဒါမှ အလုပ်ပြန်လုပ်တဲ့အခါ အားပြည့်ပြီး အလုပ်ကို ပြန်အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ထက်သိတဲ့ Professionals တွေနဲ့တိုင်ပင်ကြည့်ပါ။

အလုပ်မှာ စိတ်ဖိအားများလွန်းလို့ အရမ်းအဆင်မပြေဖြစ်တာမျိုးက ဘာလို့လဲ။ အလုပ်တကယ်ပဲ ထွက်သင့်ပြီလား။ ဒီအလုပ်က ကိုယ့်အတွက် မဟုတ်ဘူးလားဆိုတာမျိုးသေချာဆန်းစစ်ဖို့ လိုပါတယ်။ ကိုယ့်ထက် တတ်ကျွမ်းတဲ့ လုပ်ငန်းခွင်က လူတွေနဲ့ သေချာ တိုင်ပင်ကြည့့်ပါ။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle