ပူပြင်းတဲ့နေရောင်ခြည်ကြောင့် နေလောင်သွားတဲ့ ကိုယ့်ရဲ့အသားအရေကိုဘယ်လိုပြန်ပြုစုမလဲ

ပူပြင်းတဲ့နေရောင်ခြည်ကြောင့် နေလောင်သွားတဲ့ ကိုယ့်ရဲ့အသားအရေကိုဘယ်လိုပြန်ပြုစုမလဲ

အခုလိုနွေဦးရာသီဥတုရောက်လာပြီဆိုတော့ အပြင်တွေကလည်း မထွက်ချင်လည်းထွက်နေရတယ်၊ မဖြစ်မနေနေရောင်ခြည်တွေနဲ့ တိုက်ရိုက်ထိတွေ့တာများပြီး ကိုယ့်ရဲ့အသားအရေကနေလောင်တာဓာတ်တွေကြောင့် အသားအရေတွေခြောက်လာတာ၊ အမဲစက်တွေထွက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့နေလောင်ထားတဲ့အသားအရေကို အခြေအနေတွေမဆိုးခင် ဘယ်လိုပြန်ထိန်းသိမ်းရမလဲဆိုတဲ့ လွယ်ကူပြီးတကယ်လည်းထိရောက်တဲ့ နည်းလမ်းတွေလက်တို့လိုက်ပရစေနော်။
ရေအေးနဲ့ရေချိုးပါ
တစ်ချို့သူတွေအထင်မှားနေတာက နေလောင်တဲ့ အသားအရေဆိုရင်ရေနွေးနဲ့ရေချိုးပေးသင့်တယ်လို့တော်တော်များများထင်ကြပါတယ်။ တကယ်တော့ ရေနွေးနဲ့ ရေချိုးပေးခြင်းက အပူကိုပိုပြီးတော့များအောင်လုပ်ပေးနိုင်တဲ့အတွက်မချိုးပေးသင့်ပါဘူးနော်။ ရေအေးနဲ့ချိုးရင်လည်း ခေါင်းကနေစစပြီးလောင်းချိုးတာမျိုးမဟုတ်ပဲနဲ့ ဒူးခေါင်းကနေစပြီးချိုးတာမျိုးလုပ်ရပါမယ်။

Photo Credit - Pinterest


Moisturizer မဖြစ်မနေသုံးပါ
ကိုယ့်ရဲ့အသားအရေကနေရောင်ခြည်နဲတိုက်ရိုက်ထိတွေနေပြီဆိုရင်စိုးရိမ်စရာတွေကဖြစ်လာနိုင်ပါတယ်။ အပြင်မထွက်ခင်မှာလည်းနေရောင်ခြည်ကာကွယ်ပေးတဲ့ Sun Cream တွေမျိုးမဖြစ်မနေလိမ်းသွားပေးသင့်တဲ့အပြင်၊ နေလောင်ဒဏ်ဖြစ်နေပြီဆိုရင်တော့ Aloe Veraပါဝင်တဲ့  Moisturizer မျိုးတွေနဲ့ပြန်ကုစားပေးသင့်ပါတယ်။

Photo Credit - style

ရေများများသောက်ပါ
ရေဓာတ်အစွမ်းကတော့ အံမခန်းပါနော်။ ရေကိုပုံမှန်သောက်နေကြမျိုးထက် ပိုသောက်ပေးသင့်ပါတယ်။ရေဓာတ်ပြည့်ဝခြင်းက ပုံမှန်အသားအရေပြန်ရဖို့အတွက်လိုအပ်တဲ့  ဓာတ်တွေကိုအထိအရောက်ဆုံးဖြည့်တင်းပေးနိုင်ပါတယ်နော်။


လံုံခြုံတဲ့အဝတ်အစားဝတ်ဆင်ပါ
အဝတ်အစားကလည်းနေရောင်ကိုကာကွယ်ပေးနိုင်တဲ့ အဓိကအရေးကြီးဆုံးဖြစ်တဲ့အတွက် အဝတ်အစားကိုလည်းလုံခြုံပြီးနေရောင်ခြည်စုပ်ယူမှုအားနည်းတဲ့ အဝတ်အစားတွေမျိုးပိုဝတ်စေချင်ပါတယ်။

Photo Credit -cosomo

Kelly  - Akhayar Lifestyle