Glow ဖို့ ကြိုးစားရင်း မ Glow လို့ စိတ်ပျက်နေရသူများအတွက်

Glow ဖို့ ကြိုးစားရင်း မ Glow လို့ စိတ်ပျက်နေရသူများအတွက်

အခုခေတ်မှာ အမျိုးသမီးတွေတိုင်းဟာ မိတ်ကပ်လိမ်းပြီဆိုရင် မျက်နှာလေးကို Glow ဖြစ်အောင် လိမ်းချင်ကြပါတယ်။ Glow ဖြစ်ချင်လွန်းလို့ မိတ်ကပ် Tutorial တွေကြည့်ပြီး ကြိုးစားပန်းစား လိုက်လိမ်းကြည့်ရတာကလည်း အမောပါပဲ။ ဘယ်လောက်ပဲ ကြိုးစားလိမ်းလိမ်း Glow Make up look ပုံစံမျိုး မဖြစ်ဖူးဆိုရင် သေချာတာက မိတ်ကပ်လိမ်းတဲ့အခါမှာ တချို့အချက်လေးတွေကို မှားယွင်းပြီး လုပ်မိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဘယ်လိုအချက်တွေကို သတိမထားမိဘဲ မှားယွင်းလုပ်မိနေလဲဆိုတာကို အောက်မှာဖတ်ကြည့်ပြီး အဖြေရှာကြည့်ကြရအောင်။

Foundation ကို စနစ်တကျ မရွေးမိခြင်း
အသက်အရွယ်ရနေတဲ့ အမျိုးသမီးတွေ Glow ဖြစ်အောင် လိမ်းဖို့ဆိုရင် Foundation ကို သေချာလေး ကိုယ်အသားအရေနဲ့ ကိုက်ညီတာကို ရွေးပြီး လိမ်းပေးဖို့ လိုအပ်ပါတယ်။ Foundation မလိမ်းခင်မှာလည်း Primer ကို သုံးပေးဖို့ လုံးဝ မမေ့ပါနဲ့။Primer ကို လိမ်းပေးတာဟာ မျက်နှာမှာရှိတဲ့ အပြစ်အနာအဆာတွေနဲ့ ဝက်ခြံတွေကို ဖုံးပေးလိုက်တဲ့အတွက် အသားအရေဟာ ချောချောမွေ့မွေ့ရှိတဲ့ ပုံစံလေးပေါက်သွားပါတယ်။ အဲ့ဒီလို ချောချောလေးဖြစ်သွားပြီးဆိုရင် ဆွဲဆောင်မှုရှိရှိနဲ့ Glow တဲ့ အသွင်ရအောင် ဖန်တီးဖို့ လွယ်ကူသွားပါပြီ။ ကိုယ်နဂို အောက်ခံအသားအရေကောင်းရင်တော့ Primer ကို ပါးပါးလေးပဲ လိမ်းပေးရင်လည်း ရပါတယ်နော်။

Highlighter ကို ရောစပ်မသုံးတတ်ခြင်း
မိတ်ကပ်လိမ်းတယ်ဆိုတာ တစ်နည်းအားဖြင့် မျက်နှာပေါ်မှာ ပန်းချီဆွဲတာမျိုးပဲ ဖြစ်ပါတယ်။ ပန်းချီဆွဲတဲ့အခါ လှပကောင်းမွန်တဲ့ ပန်းချီကားကို ရဖို့ အရောင်တွေကို အစပ်အဟပ်တည့်အောင် စပ်တတ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုပဲ Glow ဖြစ်တဲ့ မျက်နှာလေးရဖို့ဆိုရင် Highlighter ကို ကောင်းကောင်း ကစားတတ်ဖို့ လိုအပ်ပါတယ်။Highlighter လေးတွေ သုံးပေးတာဟာ မျက်နှာမှာ ပေါ်လွင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ပေါ်လွင်အောင်ပြင်လို့ရသလို Glow ဖြစ်အောင်လည်း ပြင်လို့ရပါတယ်။ Glow ဖြစ်အောင်ပြင်တဲ့အခါမျိုးမှာ Liquid Highlighter လေးကို သုံးပေးပါ။ Liquid Highlighter ကို Foundation နဲ့ရောစပ်ပြီး ပြင်ဆင်ထားတဲ့ မိတ်ကပ်အပေါ်မှာ ထပ်ထည့်လိမ်းပေးလိုက်ရင် Glow ဖြစ်နေတဲ့ အသွင်ကို ရရှိစေမှာပါ။

မှားယွင်းတဲ့ Eyeshadow အရောင်တွေကို မလိုတဲ့ နေရာတွေမှာ ထည့်မိခြင်း

Glow ဖြစ်အောင် လိမ်းတဲ့အခါမှာ လုံးဝမလုပ်သင့်တဲ့အချက်တစ်ခုကတော့ Shimmery Shadow တွေနဲ့ ပေါင်ဒါတွေကို မျက်လုံးနဲ့ အနီးတစ်ဝိုက်နေရာတွေမှာ မလိမ်းမိဖို့ပါပဲ။အဲ့ဒီအရောင်တွေကို မျက်လုံးတစ်ဝိုက်လိမ်းမိရင် အရေးအကြောင်းတွေနဲ့ ပါးရေနားရေတွန့်နေတာကို ကိုယ်ဘာသာ ဖော်ပြလိုက်သလိုဖြစ်လို့ Glow အသွင်မရရှိဘဲ ဂွမ်းသွားနိုင်ပါတယ်။


Glow တဲ့အသွင်ကို ပြင်ဆင်ချင်ရင် ကိုယ်ဘက်ကလည်း အမြဲထိန်းထိန်းသိမ်း လုပ်ပေးဖို့ လိုတာလေးတွေ ရှိပါတယ်။ကိုယ်ရဲ့ အောက်ခံအသားအရေကောင်းနေမှ Glow ဖြစ်အောင်လိမ်းရတာ ပိုအဆင်ပြေတာမို့ တစ်နေ့တာလိမ်းထားတဲ့ မိတ်ကပ်တွေကို သေချာလေး မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ ပြောင်စင်အောင် ဆေးကြောပြီး Night Cream လေးကို ပုံမှန်လေး လိမ်းပေးပါ။အသားအရေစိုစိုပြောင်ပြောင် ဖြစ်ဖို့အတွက်ဆိုရင် မိတ်ကပ်လိမ်းတိုင်း Primer သုံးပေးပြီး Moisturizer လိမ်းပေးပါ။

ကဲ့ Glow ချင်ပြီး မ Glow လို့ စိတ်ညစ်နေတဲ့ အမျိုးသမီးလေးတွေ အခုချိန်ကစပြီး ဒီအမှားလေးတွေကိုပြင်ပြီး မိတ်ကပ် လိမ်းကြည့်လိုက်တော့နော်။ ကိုယ်သုံးနေတဲ့ Glow အောင် လုပ်တဲ့ လျှို့ဝှက်နည်းလမ်းလေးတွေရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)