မျက်ကပ်မှန်တပ်တဲ့သူတွေ ဒီအလှအပစည်းမျဉ်းတွေကို လိုက်နာပြီး ပြင်ဆင်ချယ်သပါ

မျက်ကပ်မှန်တပ်တဲ့သူတွေ ဒီအလှအပစည်းမျဉ်းတွေကို လိုက်နာပြီး ပြင်ဆင်ချယ်သပါ

အမျိုးသမီးတွေတိုင်းမှာ သဘာဝအလှတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေဟာ မိန်းမတွေပီပီ ပိုလှချင်ကြတဲ့အတွက် မိတ်ကပ်တွေလိမ်းချယ်ကာ အလှပြင်ကြပါတယ်။ သာမန်မိန်းကလေးတွေ အလှပြင်ကြတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေ သိပ်မရှိပေမယ့် မျက်ကပ်မှန်တပ်ရတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီအချက်လေးတွေကိုတော့ သတိပြုပြီး လိမ်းသင့်ပါတယ်။

Oil Based ကို အခြေခံတဲ့ မိတ်ကပ်တွေ ရှောင်ရှားပါ
မိတ်ကပ်လိမ်းမယ်ဆိုရင် မျက်လုံးကို ရောင်ရမ်းတာမျိုးနဲ့ ပိုးမဝင်စေဖို့အတွက် ပထမဦးဆုံးအနေနဲ့ လက်ညစ်ပတ်နေတာမျိုးမဖြစ်ဖို့ လက်ကို သေသေချာချာ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒုတိယအချက်အနေနဲ့ Oil-Free Foundation ကို ရွေးချယ်ပြီး လိမ်းကာ Eyeshadow တွေလိမ်း၊ Eyeliner တွေ ဆိုးလို့ရပါတယ်။ Eyeshadow တွေနဲ့ Eyeliner တွေကို လိမ်းဖို့ ရွေးချယ်တဲ့အခါမှတော့ Oil Base တွေကို ရှောင်ရှားပါ။ ဘာကြောင့်လဲဆိုတော့ Oil Base တွေဟာ မတော်တဆပျော်ကျပြီး မျက်လုံးထဲကို ဝင်တဲ့အခါ Lens ကို ထိပြီး ရောင်ရမ်းလာစေနိုင်လို့ပါ။ ဖြစ်နိုင်ရင် Water-Based Foundation တွေ ရွေးချယ်ပြီး ဝါဂွမ်းနဲ့ တို့လိမ်းတာမျိုး (သို့) Brush နဲ့ လိမ်းတာမျိုး လုပ်ပေးပါ။

ကိုယ်နဲ့ကိုက်ညီတဲ့ တစ်ခါသုံး Lens မျိုး ကို ရွေးချယ်ပါ
မျက်လုံးတစ်ဝိုက်မှ မိတ်ကပ်တွေနဲ့ Eyeshadow တွေ လိမ်းခြယ်ပြီးမှ မျက်ကပ်မှန်တပ်ရင် မျက်လုံးကို ထိခိုက်စေပါတယ်။ လူတိုင်းက မေ့လျောပြီး ဒီအမှားကို အများဆုံး လုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့်မို့ အရင်ဦးဆုံးမျက်ကပ်မှန်တပ်ပါ။ မျက်ကပ်မှန်တပ်ပြီးနောက်မှ မျက်လုံးကို ဆက်လက်လိမ်းခြယ်ပါ။ အဲဒီလို မိတ်ကပ်မလိမ်းခင် မျက်ကပ်မှန်တပ်ခြင်းက မျက်လုံးထဲမှာ မျက်ကပ်မှန် အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ရသွားစေပါတယ်။ မျက်ကပ်မှန် ရွေးချယ်ရင်လည်း တစ်ခါသုံး မျက်ကပ်မှန်မျိုးကိုမှ ဘယ်မိတ်ကပ်ပုံစံမျိုးနဲ့မဆို လိုက်မယ့် မျက်ကပ်မှန်မျိုးကို ရွေးချယ်ပါ။ အဲဒီနောက်မှာတော့ ဝတ်ဆင်ပြီးလို့ ညစ်ပတ်သွားတဲ့ မျက်ကပ်မှန်ကို မျက်လုံးကာကွယ်တဲ့အနေနဲ့ ပြန်မဝတ်ဘဲ လွှင့်ပစ်လိုက်ပါ။

Eyeliner ဆွဲရင် ဒီလှည့်ကွက်သုံးပြီး ဆွဲပါ
မျက်ကပ်မှန်တပ်ဖို့ အစီအစဉ်ရှိရင် Eyeliner ကို မျက်တောင်မွှေးနဲ့ ကပ်လျက်နားမှ ကပ်ပြီး မဆွဲပါနဲ့။ အဲဒီအစား Eyeliner ကို မျက်တောင်မွှေးနဲ့ နည်းနည်းခပ်ဝေးဝေးလောက်မှာ အပြားကြီးကြီးလေး ဆွဲပေးပါ။

Mascara ကို သေချာရွေးချယ်ပါ
မျက်ကပ်မှန်တပ်ထားရင် Mascara ကို သေချာရွေးချယ်ပြီး သုံးပေးသင့်ပါတယ်။ Fiber-Based Mascara ကို ရွေးချယ်ပြီး သုံးမိရင် မျက်လုံးထဲကို အမှုန့်တွေကျလာပြီး ကြာလာတဲ့အခါမှာ ရောင်ရမ်းမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ မျက်ကပ်မှန်ရွေးချယ်ရင် ပါးပြီး Water-Based ဖြစ်တဲ့ Mascara မျိုးကို ရွေးချယ်သင့်ကာ Mascara ကော့ရင်လည်း တစ်ခေါက်ပဲ ကော့ပေးပါ။ အဲဒါမှ အခဲလိုက်ကြီးမဖြစ်ဘဲ သဘာဝကျကျလေးနဲ့ လှနေမှာပါနော်။

မျက်ကပ်မှန်တပ်တဲ့သူတွေ ဒီအချျက်တွေကိုသာ လိုက်နာပြီး ပြင်ဆင်ခြယ်သရင် မျက်လုံးကို ထိခိုက်မှုမရှိဘဲ သဘာဝနဲ့ အနီးစပ်ဆုံး မျက်ဝန်းတစ်စုံကို ရရှိပိုင်ဆိုင်မှာ အသေအချာပါပဲနော်။ မျက်ကပ်မှန်တပ်တဲ့ မမတွေ၊ ညီမလေးတွေ အလှပြင်ရင်သုံးတဲ့ ကိုယ်ပိုင်လှည့်ကွက်လေးတွေရှိရင်လည်း မမေ့မလျေ့ာနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ