စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာ

စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာ

ဘဝကြီးမှာ ရှင်သန်နေထိုင်ရင်းနဲ့ စိတ်ဖိစီးမှုကို လူတိုင်း ကြုံတွေ့ခံစားဖူးကြမှာပါ။ စိတ်ဖိစီးမှုကို ကြုံတွေ့ခံစားရတာကိုသိပြီး ဖြေဖျောက်နိုင်တဲ့သူတွေရှိသလို စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်ရမှန်းမသိဘဲ အကြာကြီးခံစားမိနေလို့ စိတ်ထောင်းလို့ကိုယ်ကြေဖြစ်ကာ နာမကျန်းဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။

အမေရိကန် စိတ်ပညာနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လေ့လာချက်တွေအရဆိုရင်လည်း စိတ်ဖိစီးမှုတွေဖြစ်ခြင်းကနေ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်လာစေသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုပါ ထိခိုက်လာစေနိုင်တယ်ဆိုပြီး လေ့လာမှုတွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုတွေ့ရှိထားတဲ့အတွက် နာမကျန်းဖြစ်တဲ့အခါ စိတ်ဖိစီးမှုတွေများလာလို့ နာမကျန်းဖြစ်တာလား ကိုယ်မှာရှိတဲ့ရောဂါတွေကြောင့်ပဲ နာမကျန်းဖြစ်တာလားဆိုတာ ခွဲခြားသိမှ ဘယ်လိုကုသရမလဲဆိုတာ သိမှာပါ။ အခုဖော်ပြပေးတဲ့ လက္ခဏာတွေဟာ စိတ်ဖိစီးမှုတွေများလာခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန်အတက်အကျဖြစ်ခြင်း
စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ Stress ဟိုမုန်းဖြစ်တဲ့ Hormone Cortisol ထွက်ပေါ်လာပြီး သွေးတွင်းသကြားဓာတ်တွေ ထိခိုက်လာကာ ခန္ဓာကိုယ်အတွင်းရှိ အဆီနှင့်ပရိုတင်းဓာတ်တွေ ပြောင်းလဲလာကာ ခန္ဓာကိုယ်အလေးချိန် အတက်အကျတွေ ဖြစ်လာပါတော့တယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အစားအစာပိုစားခြင်းတွေနဲ့ အစားအစားလျော့စစားခြင်းတွေ ဖြစ်လာပါတော့တယ်။

အဲဒီလိုဖြစ်လာရင်တော့ အခွံမာသီးလိုမျိုး သရေစာတွေ စားပေးပါ။ အစားအစာသိပ်မစားနိုင်တဲ့အခါမျိုးမှာ ပရိုတင်းဓာတ်ပါတာကို ပိုစားပေးတာမျိုးတွေ လုပ်လို့ရသလို အလွန်အကျူးစားတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း အမျှင်ဓာတ်များများပါတာတွေ စားပေးကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးလို့ ရပါတယ်။

ခေါင်းအဆက်မပြတ်ကိုက်ခဲခြင်း
နေပူထဲလည်းမသွားဘဲနဲ့ ၊ တစ်ခါမှလည်း ခေါင်းမကိုက်ဘူးပဲနဲ့ ရုတ်တရက်ကြီး တဒိန်းဒိန်းနဲ့ ခေါင်းထိုးကိုက်နေပြီဆိုရင် စိတ်ဖိစီးမှုများတာကြောင့် အဲဒီလို ကိုက်နေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ အာရုံကြောနဲ့ သွေးကြောတွေကနေ အပြောင်းအလဲဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပေါ်လာပြီး ခေါင်းကိုက်ခြင်းတွေ ဖြစ်ပါလာပါတယ်။ ခေါင်းတစ်ခြမ်းအမြဲကိုက်နေရတာဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာပါ။ စိတ်ဖိစီးမှုတွေ များသထက်များလာရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာထက် ပိုဆိုးတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် လည်းပင်ကအကြောတွေလည်း တင်းမာလာပြီး ခေါင်းကိုက်ခြင်းလည်း ပိုဖြစ်စေပါတယ်။

အဲဒီလို စိတ်ဖိစီးမှုတွေများလာလို့ ခေါင်းကိုက်လာတဲ့အခါ ခေါင်းကိုက်ပျောက်ဆေးမသုံးချင်ရင် နားထင်နားကို Lavender Oil (သို့) Peppermint Oil လေးတွေ တို့ပေးပြီး ကုသလို့ရပါတယ်။

အအေးမိလွယ်ခြင်း
စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ ကိုယ်ခံအားလည်း ကျဆင်းလာပြီး ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးမွားတွေကို မတိုက်ထုတ်နိုင်ဘဲ မကြာခဏ အအေးမိပြီး ဖျားနာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ လူတွေဟာ စိတ်ဖိစီးမှုတွေခံစားရရင်း အလွယ်တကူ ဖျားနာကြတာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး စိတ်ဖိစီးမှုတွေ ကြုံတွေ့ရလို့ ဖျားနာတော့မယ်လို့ ခံစားရရင် Zinc Supplement တွေ သောက်တာမျိုး၊ ဗီတာမင်စီဓာတ် ကြွယ်ကြွယ်ဝဝပါဝင်တဲ့ ရေဆူဆေးပြားတွေ သောက်တာမျိုးလုပ်ပြီး ကာကွယ်လို့ရပါတယ်။ စိတ်ကြောင့်ဖြစ်တာ ဖျားနာမှုဖြစ်တဲ့အတွက် နောက်မကြာခဏ မဖျားနာရလေအောင် တရားထိုင်ပေးတာမျိုး၊ လေ့ကျင်ခန်းပုံမှန်လုပ်ပေးတာမျိုး၊ အိပ်ရေးဝဝအိပ်ပေးတာမျိုးလုပ်ပေးပြီး စိတ်ဖိစီးမှုကို ဖြေလျော့ကာ ကိုယ်ခံအားကောင်းအောင် လုပ်လို့ရပါတယ်။

အာရုံစူးစိုက်နိုင်မှုလျော့ကျလာခြင်း
စိတ်ဖိစီးမှုများတာဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုသာ ထိခိုက်စေရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ အားနည်းလာစေပြီး အာရုံစူးစိုက်နိုင်မှှုကိုပါ လျော့ကျလာစေနိုင်ပါတယ်။ အဲဒီလို အာရုံစူးစိုက်မှုတွေ လျော့ကျလာပါက မှတ်ဉာဏ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ပြသာနာများဖြစ်ပေါ်လာစေနိုင်ရုံသာမက စိတ်ဓာတ်ကျဆင်းတာနှင့် စိုးရိမ်ကြောင့်ကြမှုတွေပါ တစ်ပါးတည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အဲဒီလိုမျိုးဖြစ်ပေါ်လာပြီးဆိုရင်တော့ အသက်၀၀ရှုပြီး အာရုံစူးစိုက်နိုင်တဲ့အထိ အနားခဏယူပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

အခုဖော်ပြထားတဲ့ အချက်လေးတွေဟာ စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှုတွေ အကြောင်းပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်ဆိုတဲ့ အရာဟာ အရမ်းထူးခြားဆန်းကြယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ပျော်ရွှင်နေရင် လူလည်းကျန်းမာပြီး အလုပ်တွေလည်း ပြီးမြောက်အောင်မြင်ကာ နေ့ရက်တိုင်းဟာ အဓိပ္ပာယ်ရှိပြီး လှပလို့နေပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်ထိခိုက်လာတယ်ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာကာ အလုပ်တွေလည်း ထိခိုက်လာပြီး ကျရှုံးခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ရဲ့စိတ်ကို ထားတတ်အောင် ကြိုးစားပြီး ပြုပြင်နေထိုင်ခြင်းဖြင့် ကျန်းမာလှပတဲ့ ဘဝကြီးကိုပိုင်ဆိုင်အောင် ကိုယ်တိုင်ဖန်တီးယူလိုက်ပါ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle