အသက် ၄၂ မှာ ဆယ်ကျော်သက်တွေလို နုပျိုနေဆဲ ထိုင်ဝမ်အိမ်တွင်းဒီဇိုင်းပညာရှင် Lure Hsu

အသက် ၄၂ မှာ ဆယ်ကျော်သက်တွေလို နုပျိုနေဆဲ ထိုင်ဝမ်အိမ်တွင်းဒီဇိုင်းပညာရှင် Lure Hsu

ထိုင်ဝမ်အိမ်တွင်းဒီဇိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ Lure Hsu ဟာ အခုတစ်လော အသက်အရွယ်နဲ့ မလိုက်အောင်နုဖတ်တဲ့အတွက် လူမှုကွန်ရက်မှာ နာမည်ကြီးလို့နေပါတယ်။ သူမ Instagram မှာ တင်ထားတဲ့ ပုံတွေကိုကြည့်ပြီး သူမရဲ့အသက်ကို ခန့်မှန်းမယ်ဆိုရင် ဘယ်သူမှ မှန်အောင် ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။

ပုံကိုကြည့်လိုက်ရင်လည်း လူတိုင်းက သူမကို ၂၀ ကျော် ပတ်ဝန်းကျင်လို့ပဲ ထင်ကြမှာပါ။ တကယ်တမ်းမှာတော့ သူမရဲ့အသက်ဟာ ၄၂ ရှိနေပြီမို့လို့ အင်တာနက်ပေါ်မှာ ဒီလောက်နာမည်ကြီးနေရတာ ဖြစ်ပါတယ်။ ပုံတွေကို ကြည့်လိုက်ရင် ပိုပြီးတော့တောင် အံ့သြသွားမှာမို့ အောက်ကပုံတွေကို တစ်ချက်လောက်ရှိုးလိုက်ပါဦးနော်။

Lure ဟာ နုနယ်ရုံတင်မကဘဲ မိန်းကလေးတိုင်း မနာလိုဖြစ်လောက်အောင် ကြည်လင်ရှင်းသန့် အပြစ်အနာဆာကင်းတဲ့ အသားအရေကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့အသားအရေမှာ အစက်အပြောက်တွေ ကင်းမဲ့ပြီး အရေးအကြောင်းတွေဟာ ဘယ်မှာလဲလို့တောင် မေးယူရလောက်တဲ့အထိ ချောမောလှပပါတယ်။ သူမရဲ့ အသက်ရှုမှားလောက်တဲ့ ဓာတ်ပုံတွေကို တွေ့မြင်တိုင်း လူတိုင်းသိချင်ကြတာက သူမရဲ့ အသားအရေထိန်းသိမ်းမှု လျှို့ဝှက်ချက်ကိုပါပဲ။

သူမ ဒီလောက်လှပနုပျိုနေရတဲ့ လျှို့ဝှက်ချက်ကတော့ အသားအရေကို ရေဓာတ်ပြည့်အောင်လုပ်ပြီး နေရောင်ဓာတ် မထိအောင် သေသေချာချာလေး  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြတာ ဖြစ်ပါတယ်။ သူမလုပ်တဲ့ လျှို့ဝှက်ချက်က ရိုးရှင်းတဲ့အတွက် လူတိုင်းလည်း မပျက်မကွက်နဲ့ လိုက်လုပ်နိုင်ဖို့ပဲ လိုပါတယ်။

နောက်ထပ် သူမကျင့်သုံးတဲ့ နည်းလမ်းတစ်ခုကတော့ Sunscreen ကို သေသေချာချာလေး သုံးပေးတာပဲ ဖြစ်ပါတယ်။ နေရောင်ဟာ အသားအရေကို အဓိကပျက်စီးစေပြီး အရေးအကြောင်းတွေကို ဖြစ်စေတဲ့ အဓိကတရားခံဖြစ်မှန်း သိတဲ့အတွက် သူမဟာ Sunscreen ကို သေချာလေးသုံးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့အသားအရေဟာ ခြောက်သွေ့လွယ်ပြီး အစက်အပြောက်သေးသေးလေးတွေနဲ့ အရေးအကြောင်းတွေ ဖြစ်လွယ်တဲ့အတွက် ဒီလို သေချာဂရုစိုက်ရတာ ဖြစ်တယ်လို့လည်း မဂ္ဂဇင်းတစ်ခုမှာ ဖြေဖူးပါတယ်။

သူမစားသောက်နေထိုင်မှုပုံစံကလည်း Baby Skin ဖြစ်နေရတဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုပါပဲ။ သူမဟာ Black Coffee နဲ့ ရေကိုပဲ နေ့တိုင်း များများ သောက်ပါတယ်။ဒါ့အပြင် သူမဟာ ဆီများတဲ့အစားအစာတွေနဲ့ သကြားဓာတ်များတဲ့ သောက်စရာတွေကို လုံးဝနီးပါး ရှောင်ရှားပါတယ်။ အဲဒီအစား သူမဟာ အသီးအနှံတွေများများနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပါတယ်။ ဒီလိုနေထိုင်စားသောက်ခြင်းကပဲ သူမကို ငယ်ရွယ်နုပျိုနေအောင် ကူညီပံ့ပိုးပေးထားတာဖြစ်လို့ သူများတွေထင်သလိုများ သူမမှာ ထူးခြားတဲ့ လျှို့ဝှက်ချက်ဆိုပြီး ထူးထူးထွေထွေကြီး မရှိပါဘူး။

အလှအပချစ်သူတွေအနေနဲ့လည်း သူမကိုကြည့်ပြီး အားကျနေတာမျိုးပဲ မလုပ်ဘဲ သူမကျင့်သုံးတဲ့ နည်းလမ်းတွေကို သူမကျင့်သုံးတဲ့အတိုင်း နေ့တိုင်းမပျင်းမရိနဲ့ စွဲစွဲမြဲမြဲ လိုက်လုပ်ဖို့ပဲ လိုပါတယ်လို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်ကို လွယ်ကူတဲ့နည်းလမ်းလေးတွေမို့ လူတိုင်းလိုက်လုပ်ပြီး လှသည်ထက်ပိုလှ ပိုနုပျိုကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ