အရပ်ပုတဲ့ အမျိုးသားနဲ့ ဒိတ်ရင် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ

အရပ်ပုတဲ့ အမျိုးသားနဲ့ ဒိတ်ရင် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ

အမျိုးသမီးအများစု ဒိတ်လုပ်ဖို့ စဉ်စားလိုက်တဲ့အခါမှာ သူတို့ဒိတ်ဖို့ စိတ်ကူးတဲ့ အမျိုးသားတွေရဲ့ပုံစံဟာ အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ ကြည့်ကောင်းချောမောတဲ့ ရုပ်ရည်ရှိရမယ်၊ စိတ်သဘောထားပြည့်ရမယ် အစရှိတဲ့ စံသတ်မှတ်ချက်တွေ အများကြီးထားရှိကြတဲ့ သူတွေလည်း ရှိကြသလို ဘာစံသတ်မှတ်ချက်မှတော့ ကြီးကြီးမားမားမရှိပေမယ့် အရပ်လေးတော့ ရှည်တဲ့သူဖြစ်ရမယ်ဆိုပြီး ပြောကြတဲ့သူတွေကိုလည်း တွေ့ဖူး၊ကြားဖူးကြမှာပါ။ အဲဒီလိုပြောကြတာကို ကြည့်ခြင်းအားဖြင့် အရပ်ပုတဲ့အမျိုးသားတွေဟာ ဆွဲဆောင်မှုမရှိဘူး၊ ယောကျာ်းမဆန်ဘူးဆိုပြီး အမျိုးသမီးတွေ စိတ်ထဲမှာ ရှေးရိုးစွဲအယူအဆတွေလို စွဲကပ်နေကြတယ်လို့ သုံးသပ်ရင်လည်း ရပါတယ်။ ဒါကြောင့်မို့ အဲဒီအစွဲတွေ ပယ်ပျောက်သွားစေဖို့နဲ့ အရပ်ရှည်တဲ့ အမျိုးသားတွေနဲ့ပဲ ဒိတ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အမြင်ပြောင်းလဲသွားစေဖို့အတွက် အောက်ကအချက်တွေကို တစ်ချက်လောက် ဖတ်ရှုကြည့်လိုက်ကြရအောင်။

ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းသိသူပါ
အရပ်ရှည်တဲ့ အမျိုးသမီးနဲ့ ဒိတ်ရလို့ ပျော်ရွှင်ပြီး ယုံကြည်မှုရှိတဲ့ အမျိုးသားတွေကို ကြည့်လိုက်ရင် ထူးခြားတဲ့ ပင်ကိုယ်စရိုက်တွေ ရှိနေတတ်တာကို တွေ့ရှိရပါတယ်။ ဒီလိုလူမျိူးနဲ့ ဒိတ်ခွင့်ရရင် Relationship မှာ အဆင်မပြေမှုတွေနဲ့ မလုံခြုံဘူးဆိုတဲ့ စိတ်ခံစားချက်တွေ ခံစားရမှာမဟုတ်ပါဘူး။ အဲဒီလိုလူမျိုးတွေကလည်း အရပ်ရှည်တဲ့ အမျိုးသားတွေမဟုတ်ဘဲ အရပ်ပုတဲ့ အမျိူးသားတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ အရပ်ပုတဲ့ အမျိုူးသားတွေဟာ အမြဲပုတာနဲ့ပတ်သက်ပြီး ဝေဖန်ပုတ်ခတ် ပြောဆိုခံရတာမျိုး အမြဲကြုံနေရလို့ သူခံစားခဲ့ရသလိုမျိုး မဖြစ်စေဖို့ သူတစ်ပါးရဲ့ အရပ်ကို လိုက်ကြည့်နေတာမျိူး မရှိသလို  သုံးသပ်ဝေဖန်ပြောဆိုဖို့လည်း စိတ်ကူးမရှိကြပါဘူး။ ဒါ့အပြင် သူတို့တွေဟာ သူူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတဲ့အတွက် သူတစ်ပါးကို ကဲ့ရဲ့ဝေဖန်လိုစိတ်၊ ခနဲ့လိုစိတ်လည်း သိပ်မရှိတတ်ကြပါဘူး။စိတ်သဘောထားကြီးတဲ့သူတွေဖြစ်ပြီး ရှေးရိုးစွဲအယူအဆတွေကို မယုံကြည်တဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့နဲ့ နေရင် လုံးဝကို လွတ်လပ်တဲ့ ခံစားမှုမျိူးကို ရရှိစေမှာပါ။

ဖောက်ပြန်တဲ့ကိစ္စရပ်မျိုးတွေသိပ်မဖြစ်ပွားနိုင်ဘူး
အရပ်ပုတဲ့ အမျိုးသားတွေဟာ သစ္စာစောင့်သိတတ်တဲ့ လက်တွဲဖော်ကောင်းတွေ ဖြစ်ကြပါတယ်။ Dating Site တစ်ခုရဲ့ Survey အရဆိုရင် အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ် (၅) ပေ (၁၀) လက်မအောက် ပုတဲ့ လူတွေထက် ဖောက်ပြန်နိုင်ခြေ နှစ်ဆပိုမျုားပါတယ် ဆိုပြီး ကောက်ယူရရှိတာကို တွေ့ရှိရပါတယ်။ ဒီအချက်ကို ကြည့်တာနဲ့ ဂျပု ဂျပုလို့ ခေါ်ခံရတဲ့ အမျိုးသားတွေဟာ သစ္စာတရားကို အလေးထားမှန်း ပေါ်လွင်စေပါတယ်။

ကတိတည်တဲ့သူတွေပါ
ချစ်သူရည်စားဘဝမှာတည်းက ကတိတွေ အထပ်ထပ်အခါအခါပေးပြီး မတည်ခဲ့တဲ့ချစ်သူကြောင့် စိတ်မကြာခဏ ညစ်ခဲ့ရဖူးတယ်ဆိုရင် ကတိမတည်တာ ဘယ်လောက်ထိ ဆိုးတယ်ဆိုတာ ကောင်းကောင်းသိနားလည်မှာပါ။ New York University က ပြုလုပ်တဲ့ လေ့လာမှုအရဆို အရပ်ရှည်တဲ့သူတွေက အရပ်ပုတဲ့လူတွေထက် စောပြီး လက်ထပ်ကြတာကို တွေ့ရပါတယ်။ စောပြီး လက်ထပ်တဲ့အထိက ဘာမှမထူးခြားပေမယ့် အိမ်ထောင်သက်တမ်း မရှည်ခြင်းကတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တစ်ခုပါ။ အရပ်ပုတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးရင်လည်း ကွာရှင်းနိုင်ခြေ နည်းပါးပြီး အိမ်ထောင်သက်ကို ကြာရှည်အောင်လည်း ထိန်းသိမ်းတတ်ကြတဲ့ သူတွေပါ။ မင်္ဂလာဆောင်စဉ်က ဆိုခဲ့ရတဲ့ ကျိန်ဆိုမှုတွေနဲ့ ကတိတွေကိုလည်း တတ်နိုင်သမျှ တည်အောင် ထိန်းကြတဲ့သူတွေပါ။

နာကျင်တဲ့ဒေါက်ဖိနပ်ကို စီးစရာမလိုပါဘူး
ကောင်းကျိုးတွေ အကြောင်းပြောမယ်ဆိုရင် ဒီအချက်ကလည်း လုံးဝမေ့ထားလို့ မရပါဘူး။ အရပ်ပုတဲ့ အမျိုးသားနဲ့ ဒိတ်ရင် နာကျင်မှုကို ဖြစ်စေနိုင်တဲ့ ဒေါက်ဖိနပ်တွေကို လုံးဝစီးစရာမလိုဘဲ ချောင်ထိုးထားနိုင်ပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဖိနပ်အပါးကို စိတ်ကြိုက်စီးကာ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ ခြေသလုံးကြွက်သားတွေနဲ့ ခြေချောင်းလေးတွေက အရပ်ပုတဲ့ အမျိုးသားနဲ့ ဒိတ်တာကို အမှန်အကန် ကျေးဇူးတင်နေမှာ အသေအချာပါပဲနော်။

တောင့်တောင့်ကြီးဖြစ်မနေစေပါဘူး
အရပ်ပုတဲ့ အမျိုးသားနဲ့ ဒိတ်တာမို့လို့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာပုံစံနဲ့ ထိုင်လည်း ကြည့်မကောင်းတာမျိုး၊ မလိုက်ဖက်တာမျိုး မဖြစ်လို့ စိတ်လက်ပေါ့ပါးနဲ့ ထိုင်လို့ရပါတယ်။ ဒါ့အပြင် အရပ်ရှည်တဲ့သူကို ကြိုက်မိရင် သူကို မော့မော့ကြည့်ရတဲ့အတွက် အခန့်မသင့်ရင် လည်ပင်းနာတာမျိုး ဖြစ်ကာ နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေနိုင်ပါတယ်။ အရပ်ပုတဲ့သူနဲ့ ဒိတ်ရင် ဒီလိုမျိုး နာကျင်မှုတွေ ခံစားမိမှာ မဟုတ်ပါဘူးနော်

ဒီအချက်တွေဟာ အရပ်ပုတဲ့အမျူျိးသားနဲ့ ဒိတ်မှသာ ရရှိနိုင်မယ့် ကောင်းကျိုးတချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ သုတေသနတွေအရ ကိုးကားပြီး ဖော်ပြပေးထားတာဖြစ်လို့ တသတ်မှတ်ထဲကြီးတော့ မှန်တယ်ဆိုပြီး တထစ်ချ မမှတ်ယူစေချင်ပါဘူးနော်။ အချစ်ရေးမှာ နားလည်မှု၊ယုံကြည်ခြင်းတွေနဲ့ သစွာရှိခြင်း အစရှိတဲ့ အချက်တွေကလည်း အများကြီး အရေးပါတဲ့အတွက် အဲဒီအချက်တွေကိုလည်း ထည့်သွင်းမစဉ်းစားဘဲ ရွေးချယ်တာမျိုး မလုပ်မိဖို့ တိုက်တွန်းချင်ပါတယ်နော်။ ပရိသတ်ကြီးသိတဲ့ တခြားကောင်းကျိုးတွေရှိသေးရင်လည်း ပြန်လည်မျှဝေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ