ရုပ်ပြောင်းရုပ်လွှဲလုပ်လို့ အကောင်းဆုံး App (၅) ခု

ရုပ်ပြောင်းရုပ်လွှဲလုပ်လို့ အကောင်းဆုံး App (၅) ခု

အခုတလော လူမှုကွန်ရက်မှာ အသက်မကြီးသေးလည်း အဘိုးကြီးတွေ၊ အဘွားကြီးတွေ ဖြစ်နေတာကို တော်တော်များများ တွေ့နေရပါတယ်။ အခုချိန်မှာ သူတို့တွေလို အသက်လိုက်မကြီးရင် ခေတ်မမီပြန်ဘူး မဟုတ်လား။ ဒီတော့ ဒီလိုမျိုး ရုပ်ပြောင်းရုပ်လွှဲလုပ်လို့ကောင်းမယ့် App တွေကို အခရာ ပြောပြဖို့ရာ ဖြစ်လာပါတော့တယ်။

Snapchat
Shanchat ဆိုတာ နိုင်ငံတကာက လူငယ်တွေကြားမှာ အသုံးများတဲ့ ရေပန်းအစားဆုံး App တစ်ခုဖြစ်ပါတယ်။ ရေပန်းအစားဆုံးဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်လုံပါတယ်။ Snapchat နဲ့ Face Change တဲ့အခါ ကိုယ့်ရုပ်နဲ့ တအားကြီး ကွဲထွက်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်မျက်နှာနဲ့ တသားတည်းကျသလိုဖြစ်သွားတာက တခြား App တွေထက် ပိုတဲ့ အားသာချက်တစ်ခုပါ။ Snapchat မှာ တခြားရုပ်ပြောင်တွေလည်း အများကြီးလုပ်လို့ရပါသေးတယ်။

Cupace
ဒါကတော့ နောက်ထပ် Fun ဖြစ်စေမယ့် App ပဲ ဖြစ်ပါတယ်။ လုပ်ဆောင်နည်း ၃ ဆင့်ရှိပါတယ်။ ပထမဆုံး မျက်နှာပိုင်းကို ဖြတ်ရပါမယ်။ ပြီးတော့ ပုံရွေးရမယ်။ ပြီးရင် အဲ့ပုံပေါ်မှာ ဖြတ်ထားတဲ့ မျက်နှာကို သွားတင်ရမှာပါ။ အလုပ်ကတော့ နည်းနည်းတော့ ရှုပ်ပါတယ်။ ဒါပေမယ့် App တစ်ခုနဲ့တစ်ခုက ပေးတဲ့အပျော်ခြင်းကတော့ တူမှာမဟုတ်ပါဘူး။ တစ်ခုရှိတာက Cupace ကို Android တွေမှာပဲ ရနိုင်မှာပါ။

FaceApp
လက်ရှိမှာ ရေပန်းအစားဆုံး ဇာတ်လိုက်ကျော်ကြီးကတော့ လာပါပြီ။ ကိုယ့်ပုံကိုယ်ရိုက်လိုက်ပါ။ ပြီးတော့ ပြုံးနေမှာလား။ ငယ်ချင်လား။ အသက်ကြီးချင်လား။ ဒါပေမယ့် ကျား ကနေ မ ပြောင်းမလား။ မ ကနေ ကျားပြောင်းချင်လား။ ဒါတင်ပဲမဟုတ် ဆံပင်ကာလာပြောင်းလိုက်ဦးဟဲ့။ မျက်မှန်တပ်ချင်လည်း ရတယ်နော်။ ဒီလိုမျိုး ကိုယ်လိုချင်သလို လုပ်လို့ရတဲ့ FaceApp ကို အခုချိန်မှာ ဘာကြောင့် လူသုံးများတယ်ဆိုတာ အားလုံးလည်း သိသွားပြီဖြစ်မှာပါ။ ကဲ Facebook မှာ FaceApp နဲ့ ပုံမတင်ဖူးသေးဘူးဆိုရင် ခေတ်နောက်ကျမယ်နော်။

Face Blender
ဖာရိုဘုရင်ဖြစ်ချင်လား။ အလန်းစားကောင်မလေးပုံစံအတိုင်း ရချင်လား။ Face Blender မှာ Template တွေ အများကြီးရှိတယ်။ လုပ်ရတာလည်း မခက်ဘူး။ သူပြောတဲ့အတိုင်း မျက်နှာအနေအထားမှန်မှန်ထားလိုက်ရုံထားပြီး ကိုယ်သုံးချင်တဲ့ပုံစံ ရွေးလိုက်ရုံပဲ။ ရိုက်ပြီးသား ဓါတ်ပုံတွေကိုလည်း ထည့်ပြီး ပုံပြောင်းလို့ရပါသေးတယ်။ Face Blender ကလည်း Android တွေမှာပဲ ရနိုင်တာပါ။

MSQRD
အကောင်းဆုံး Face App လို့ ရှာဖွေကြည့်တဲ့အခါ MSQRD က မပါမဖြစ်ဆိုတာ တွေ့ရပါတယ်။ သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ တစ်ခုက ဓါတ်ပုံရိုက်လို့ရတာနဲ့ နောက်တစ်ခုက ဗီဒီယိုရိုက်ကူးနိုင်တာပါ။ MSQRD က Video Selfie App လို့ ပြောလည်း မမှားနိုင်ပါဘူး။ သူ့ဆီမှာရွေးချယ်နိုင်တဲ့ Template တွေကလည်း တခြား App တွေနဲ့ သီးသန့်ကွဲထွက်ပါတယ်။

ကဲ ပရိသတ်ကြီးအကြိုက်တွေ့မယ်ထင်တဲ့ App ကို Download ဆွဲပြီး အဆင်ပြေ၊ မပြေ စမ်းကြည့်လိုက်ကြပါဦး။

NSC (Akhayar)