ရှာသမျှပိုက်ဆံအကုန်လုံး အလှကုန်ဖိုးထဲကို ရောက်နေတာကနေ လွတ်မြောက်စေဖို့

အမျိုးသမီးတွေကို ဘယ်နေရာမှာ ငွေကုန်ကြေးကျအများဆုံးလဲလို့ မေးကြည့်လိုက်ရင် အလှအပစ္စည်းတွေအတွက် ကုန်ကျမှုအများဆုံးဖြစ်တယ်ဆိုပြီး အများစု ပြန်ဖြေကြတာကို တွေ့ရပါလိမ့်မယ်။ အလှအပအတွက် ကုန်ကျစရိတ်တွေထောင်းနေရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို အလှအပပစ္စည်းတွေ အဖြစ်ပြောင်းလဲအသုံးပြုလို့ရသလို ပျက်စီးယိုယွင်းသွားတာတွေကိုလည်း အသစ်မဝယ်ဘဲ ပြန်ပြင်ပြီး အသုံးပြုလို့ရင် အပိုငွေလေးတွေ ထွက်လာမှာ အသေအချာပါပဲနော်။ ဒါကြောင့်မို့ ဘယ်လို အိမ်သုံးပစ္စည်းတွေကို အလှအပအတွက် ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲ ၊ ဘယ်လိုပြုပြင်သုံးလို့ရလဲဆိုတာကို ငွေပိုငွေလျှံထွက်စေဖို့အတွက် အခုကစပြီး လေ့လာကြည့်လိုက်ကြရအောင်။
Baby Powder နဲ့ ခေါင်းဘီးကို ပေါင်းစပ်အသုံးပြုခြင်း
အိပ်ယာထ နောက်ကျရတဲ့အထဲ ခေါင်းကလည်း ညစ်ပတ်နေလို့ ခေါင်းလျှော်ဖို့ အချိန်မရှိဖြစ်နေရင် အမျိုးသမီးတိုင်း Dry Shampoo ကို အသုံးပြုဖို့ သတိရတတ်ကြပါတယ်။ Dry Shampoo ကိုသတိရလို့ သုံးမယ်ဆိုပြီး ကြည့်လိုက်တဲ့အခါ ကုန်နေတာမျိုး တစ်ခါတရံ ဖြစ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိူးကုန်နေရင် အိမ်မှာရှိတဲ့ Baby Powder နဲ့ ခေါင်းဘီးကိုသာ အသုံးချလိုက်ပါ။ Baby Powder ကို ခေါင်းပေါ်အနည်းငယ်ဖြူးပြီး ခေါင်းဘီးနဲ့ ဖြီးချလိုက်ပါ။ ငွေကြေးသက်သာချင်ရင် Baby Powder ကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်လို့လည်း ရပါတယ်။ Baby Powder လုပ်မယ်ဆိုရင်တော့ ပြောင်းဖူးကော်မှုန့်၊ Baking Soda ၊ White Clay နဲ့ အာတာလွတ်မှုန့်တို့ လိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ ဒါတွေအားလုံးပေါင်းစပ် ရောနှောလိုက်ရုံပါပဲ။ ပေါင်ဒါလုပ်နည်းလည်းသိပြီဆိုတော့ ကိုယ်တိုင်အိမ်မှာ လုပ်လို့ရသလို ပေါင်ဒါကို Dry Shampoo အဖြစ်သုံးလို့ရတယ်ဆိုတာ သိပြီးဆိုရင် Dry Shampoo မဝယ်ရတော့လို့ ငွေအပို မကုန်တော့ဘူးပေါ့နော်။

Dry Shampoo
Mayo ကို ဆံပင်ပေါင်းတင်ဆေးအဖြစ်သုံးခြင်း
ခေါင်းလျှော်ပြီးလို့ ပေါင်းဆေးကုန်နေရင်၊ ခြောက်သွေ့ပြီး မာတောင့်နေတဲ့ ဆံပင်တွေကို ဘယ်လို ပျော့ပျောင်းအောင်လုပ်ရမလဲဆိုပြီး ခေါင်းခြောက်နေရင် မီးဖိုချောင်မှာရှိတဲ့ Mayo ကိုသာ အသုံးချလိုက်ပါ။ Mayo က ဆံပင်အဖျားမှာ သုတ်လိမ်းလိုက်ပါ။ သုတ်လိမ်းပြီးနောက် နာရီဝက်လောက် ခဏထားထားပေးပါ။ နာရီဝက်ထားပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းပြန်လျှော်လိုက်ပါ။ ဆံပင်လေးဟာ ပိုးသားလေးလို ပျော့ပျောင်းလာပြီး အစိုဓာတ်ပါထိန်းပေးထားတာကို တွေ့ရှိရပါလိမ့်မယ်။ ခေါင်းခဏခဏလျှော်တတ်လို့ ပေါင်းဆေးခဏခဏ ပြတ်သွားတတ်တဲ့သူတွေအတွက် ဒီနည်းလမ်းသိသွားတဲ့အခါမှာတော့ ဒုက္ခမရောက်တော့ဘူးပေါ့။

Hair Mask
စိုစွတ်နေတဲ့မျက်နှာပေါ် Skin Care တန်းသုံးပေးခြင်း
မျက်နှာသစ်ပြီးတာနဲ့ မသုတ်ဘဲနဲ့ Skin Care တွေကို မျက်နှာပေါ် တန်းလိမ်းပေးလိုက်ပါ။ ဘာကြောင့် အဲဒီလိုလိမ်းခိုင်းရတာလဲဆိုတော့ မျက်နှာသစ်ထားတဲ့အချိန်မှာ ချွေးပေါက်တွေဟာ ပွင့်နေတဲ့အတွက် Skin Care အာနိသင်တွေဟာ လျင်လျင်မြန်မြန် ဝင်ရောက်နိုင်တဲ့အတွက်ကြောင့်ပါ။ စိမ့်ဝင်မှုအားကောင်းသွားလို့ ထိရောက်အောင် Skin Care တွေကို အများကြီး သုံးပေးစရာမလိုတော့ပါဘူး။

apply skin care
Wasabi ကိုနှုတ်ခမ်းပေါ်လိမ်းပြီး ဖူးဖူးလေးဖြစ်အောင်လုပ်ခြင်း
Wasabi ကို နှုတ်ခမ်းတစ်ခုလုံး သုတ်လိမ်းပြီး ၁၀ မိနစ်လောက်ထားပေးလိုက်ရင် နှုတ်ခမ်းလေးဖူးဖူးပြည့်ပြည့်လေး ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ Wasabi နဲ့ တည့်လို့အဆင်ပြေရင် အချိန်တိုးပြီး လိမ်းထားလို့ ရပါတယ်။ လိမ်းထားလို့ နာကျင်မှုတွေဖြစ်ရင်တော့ ဆက်မလိမ်းတော့တာမျိုး၊ လိမ်းတဲ့အချိန်လျှော့တာမျိုး လုပ်ကြည့်လို့ ရပါတယ်။ ဘေးကင်းဖို့အတွက် အကောင်းဆုံးကတော့ မလိမ်းခင်မှာ ကိုယ်ရဲ့လက်မှာ အရင်လိမ်းပြီး စမ်းကြည့်ပါ။ နောက်ဆို Sushi စားလို့ ပိုတဲ့ Wasabi လေးတွေကို လွှင့်မပစ်ဘဲ သိမ်းထားပြီး အသုံးချကြည့်နော်။

Wasabi
ကျိုးပဲ့နေတဲ့ Eyeshadow တွေကို အရက်နဲ့ ဇွန်းသုံးပြီး ပြုပြင်ခြင်း
ကျိုးပဲ့နေတဲ့ Eyeshadow ဘူးထဲကို အရက်အနည်းငယ်လောင်းထည့်ပြီး ဇွန်းနဲ့ Eyeshadow အမှုန့်တွေကို အရက်နဲ့ သမသွားအောင် မွှေပေးပါ။ မွှေလို့ရတဲ့အနှစ်တွေကို ဇွန်းနဲ့ ညီညာအောင်ဖိပေးလိုက်ပြီး ခြောက်သွေ့အောင် ထားပေးပါ။

Fixed Eyeshadow
ခြောက်သွေ့သွားပြီးဆိုရင်တော့ Eyeshadow အသစ်လေး ရရှိလာပါလိမ့်မယ်။ Bronzer နဲ့ Face Powder တွေ ကျိုးပဲ့သွားရင်လည်း အဲဒီနည်းအတိုင်း ပြုပြင်လို့ ရပါတယ်။
H.H(Akhayar)