ကမ္ဘာ့ပေါ်က တန်ဖိုးအကြီးဆုံးစာရင်းဝင် ခွေးမျိုးစိတ်များ (အပိုင်း ၁)

ကမ္ဘာ့ပေါ်က တန်ဖိုးအကြီးဆုံးစာရင်းဝင် ခွေးမျိုးစိတ်များ (အပိုင်း ၁)

ခွေးလေးတွေဟာ ကမ္ဘာ့ပေါ်မှာ သစ္စာအရှိဆုံး သတ္တဝါလေးတွေ ဖြစ်ကြသလို လူတွေအတွက်လည်း အဖော်မွန်ကောင်းအနေနဲ့ နေပေးတဲ့ သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။ အဲဒီလို ရှိနေပေးတဲ့အတွက် လူတွေဟာ ခွေးလေးတွေရှိနေရင် အထီးမကျန်ဘူးလို့ ခံစားမိတဲ့အတွက် ခွေးလေးတွေကို ဘယ်လောက်ပဲဖြစ်ဖြစ် ဈေးကြီးကြီးပေးဝယ်ပြီး တယုတယနဲ့ သားသမီးလေးတွေမွေးသလိုမျိုး မွေးမြူကြတာဖြစ်ပါတယ်။ အဲဒီလို မွေးမြူကြတဲ့အထဲမှာမှ ချစ်ဖို့လည်း အရမ်းကောင်းပြီး တန်ဖိုးကြီးကြီးနဲ့ ပေးဝယ်ရတဲ့ ခွေးမျိုးစိတ်တချိူ့အကြောင်းကို တိချစ်သူလေးတွေ သိရှိစေဖို့အတွက် စုစည်းဖော်ပြပေးချင်ပါတယ်။

Pomeranian Spitz

ဒီကောင်လေးတွေရဲ့ ပေါက်ဈေးကတော့ $800 ကနေ $ 2500 အတွင်း ပေါက်ပါတယ်။ ဈေးကတော့ နည်းနည်းနောနော မဟုတ်ဘူးနော်။ ဒီခွေးလေးတွေဟာ လူစိမ်းတွေနဲ့ တွေ့ရတာ ကြိုက်နှစ်သက်သလို အရမ်းလိမ္မာတဲ့ ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။ ဒါ့အပြင် တခြားဘယ်လိုတိရစ္ဆာန်တွေနဲ့ပဲဖြစ်ဖြစ် တည့်အောင် နေထိုင်တတ်တဲ့ ကောင်လေးတွေလည်း ဖြစ်ပါတယ်။ သေးသေးကွေးကွေးပုံစံရှိတဲ့ ဒီခွေးလေးတွေဟာ အိမ်တွင်းမှာ ကောင်းကောင်း ရှင်သန်နေထိုင်တတ်ကြတဲ့အတွက် တိုက်ခန်းနဲ့ နေထိုင်တဲ့သူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သေးသေးလေးတွေဖြစ်လို့ အလေးချိန်ကလည်း သုံးပေါင်ကနေ ခုနစ်ပေါင်အထိပဲ ရှိပါတယ်။ အကောင်းသေးသေးဖြစ်ပေမယ့် ဈေးမနည်းတဲ့ ခွေးကို ပြရမယ်ဆိုရင်တော့ ဒီခွေးလေးကို လက်ညှိုးထိုးရမှာ အသေအချာပါပဲနော်။

Dogo Argentino

ဒီခွေးလေးတွေဟာ အမဲလိုက်တဲ့ ခွေးအမျိုးအစားတွေဖြစ်ပြီး နည်းနည်းရန်လိုတတ်တဲ့ ခွေးလေးတွေဖြစ်လို့ အန္တရာယ်နည်းနည်းများပါတယ်။ ဒါကြောင့်မို့ ဒီခွေးလေးတွေကို ယဉ်ကျေးအောင်လုပ်ပြီး ထိန်းကျောင်းမွေးမြူချင်တယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင်ေ့ပးတတ်တဲ့ Trainer တွေနဲ့ ခေါ်ပြီး လေ့ကျင်ေ့ပးသင့်ပါတယ်။ လေ့ကျင့်မှုတွေ လုပ်ပြီးသွားရင်တော့ ဒီခွေးလေးတွေဟာ ပြီးပြည့်စုံတဲ့ အစောင့်လိုမျိုး လုပ်ဆောင်ပေးနိုင်လို့ အိမ်နဲ့ မိသားစုကို လုံခြုံစိတ်ချစေဖို့အတွက်ဆို $4000 အကုန်ခံပြီး ဒီခွေးလေးတွေကို မွေးမြူရတာ ထိုက်တန်တယ်လို့ မြင်ပါတယ်နော်။ ဒီခွေးလေးတွေရဲ့ ပေါက်ဈေးကတော့ $800 ကနေ $4500 လောက်အထိ ပေါက်ပါတယ်နော်။

Akita

Akita လေးတွေရဲ့ မူရင်းဇာတိကတော့ ဂျပန်နိုင်ငံဖြစ်ပြီး မျိုးကွဲနှစ်မျိုး ရှိပါတယ်။ နောက်မျိုးကွဲကတော့ အမေရိကန်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီခွေးလေးတွေဟာ အရမ်းသစ္စာရှိတဲ့ ခွေးလေးတွေဖြစ်ပေမယ့် ကိုင်တွယ်ရနည်းနည်းခက်လို့ များများလေ့ကျင့်သင်ကြားပေးဖို့တော့ လိုအပ်ပါတယ်။ ဂျပန်မျိုးစိတ်စစ်စစ်တွေကတော့ အမေရိကန်မျိုးစိတ်တွေထက် ပိုပြီးတော့ ဈေးကြီးပါတယ်။ ဒီကောင်လေးရဲ့ ပေါက်ဈေးကတော့ $800 ကနေ $4500 အထိပေါက်လို့ ပေါ့သေးသေးတော့ မဟုတ်ပါဘူးနော်။

Rottweiler

သမိုင်းအရဆိုရင် Rottweiler လေးတွေဟာ ထိန်းကျောင်းရေးခွေးအဖြစ်နဲ့ နာမည်ကြီးပါတယ်။ ယခုအချိန်မှာ ဒီကောင်လေးတွေဟာ တော်တဲ့ ကာကွယ်စောင့်ရှောက်သူ၊ မိသားစုတွေကို ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်ပေးတဲ့သူအဖြစ်နဲ့ နာမည်ကြီးပါတယ်။ လူတွေကတော့ Rottweiler လေးတွေကို ရှာဖွေရေးခွေးတွေ၊ ကယ်ဆယ်ရေးခွေးတွေ၊ ရဲခွေးတွေနဲ့ လမ်းပြခွေးတွေအဖြစ် စွယ်စုံ အသုံးပြုကြပါတယ်။ ဒီခွေးလေးတွေဟာ ယနေ့ခေတ်မှာ နာမည်ကြီး ကျော်ကြားလာတာနဲ့ အညီ ဈေးကလည်း မြောက်ပါတယ်နော်။ ဒီကောင်ကြီးရဲ့ ပေါက်ဈေးကတော့ $1,000 ကနေ $6,000 အထိ ပေါက်ပါတယ်နော်။ ဒီလောက်ဈေးကြီးပေမယ့်လည်း ခွေးတကယ်ချစ်တဲ့သူတွေကလည်း ဈေးကြီးကြီးပေးပြီး ဝယ်မွေးနေကြတာကို တွေ့ရပါတယ်နော်။

Pharaoh Hound

ဒီခွေးလေးတွေဟာ ရှေးခေတ်အီဂျစ်ခွေးအမျိုးအစားနဲ့ ဆင်တူပြီး အီဂျစ်မျိုးစိတ်ခွေးစစ်စစ်တွေတော့ မဟုတ်ပါဘူးနော်။ လူအများစုကတော့ ဒီခွေးတွေကို အီဂျစ်မျိုးစိတ်ခွေးတွေဆိုပြီး ယူဆထားကြပါတယ်။ ဘာကြောင့် ဒီလိုယူဆထားကြတာလဲဆိုတော့ အီဂျစ်ဖာရိုးဘုရင်တွေရဲ့ ဂူသချိုင်းတွေမှာ ရေးဆွဲထားတာကို တွေ့ရှိရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီခွေးလေးတွေဟာ ဉာဏ်ရည်မြင့်ပြီး သွက်သွက်လက်လက်ရှိတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒီကောင်လေးတွေ စိတ်လှုပ်ရှားရင် နှာခေါင်းနဲ့ နားရွက်တွေဟာ နှင်းဆီအနီရောင်လိုမျိူး အနီရောင်ရင့်ရင့်ဘက်ကို ပြောင်းသွားပါတယ်။ ဒီကောင်ရဲ့တန်ဖိုးကတော့ $1,200 ကနေ $6,500 အထိ တန်ကြေးရှိလို့ တန်ကြေးကတော့ ကိုယ်တွေနိုင်ငံမှာရရှိတဲ့ တစ်လစာအခြေခံလစာထက်တောင် မြင့်တဲ့ ဈေးနှုန်းမှာ ရှိနေပါတယ်။

ဒါလေးတွေက ဈေးအကြီးဆုံးထဲကမှ တန်ဖိုးကြီးခွေးလေးတွေတချို့ရဲ့ အကြောင်းကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်လောက်ထိ ဈေးမြောက်တဲ့ ခွေးအမျိုးအစားတွေရဲ့အကြောင်းကို ဆက်လက်ဖော်ပြပေးဦးမလဲဆိုတာကို တိချစ်သူတိုင်း ဆက်ဆက်စောင့်မျှော်ဖတ်ရှုပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle