အောင်မြင်သူတွေ စိတ်ဖိစီးမှုကင်းဖို့ ညအိပ်ရာမဝင်ခင် လုပ်လေ့ရှိတဲ့ အမူအကျင့်ကောင်းမျာ

အောင်မြင်သူတွေ စိတ်ဖိစီးမှုကင်းဖို့ ညအိပ်ရာမဝင်ခင် လုပ်လေ့ရှိတဲ့ အမူအကျင့်ကောင်းမျာ

နေ့ရက်တိုင်းကို ဖြတ်သန်းတဲ့အခါ အချိန်တွေမလောက်ဘဲ မောကြီးပန်းကြီးနဲ့ ဖြတ်သန်းနေရလို့ စိတ်ပန်ပင်းနွမ်းလျနေလား။ အဲဒီလိုပင်ပန်းနွမ်းလျပြီး နေ့စဉ်ဖြတ်သန်းနေရတာဟာ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မှု အားနည်းတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာ လူအများက သိကြပေမယ့် ဘယ်လိုကောင်းကောင်းစီမံခန့်ခွဲရမယ်ဆိုတဲ့ အဖြေကိုလည်း သေသေရှာရှာ ရှာဖို့ အချိန်မပေးမိတတ်ကြပါဘူး။ အဲဒီလို အချိန်ပေး အဖြေမရှာမိလို့ အလုပ်တွေကမပြီး၊ အလုပ်တွေကမပြီးလို့ အချိန်ပေးအဖြေမရှာနိုင် အဲဒီလိုမျိုး လုံးလည်ချာလိုက်နေတာကနေ လွတ်မြောက်နိုင်အောင် စာရေးသူက ဒီတစ်ခါမှာ အောင်မြင်သူတွေ အိပ်ရာဝင်ခါနီးမှာ နောက်တစ်နေ့ကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ ဘာတွေကို ကြိုတင်ပြင်ဆင်လဲဆိုတဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။ သူတို့ကျင့်သုံးတဲ့ နည်းလမ်းတွေကို စံနမူနာယူပြီး လိုက်စားမယ်ဆိုရင် ကိုယ်ပိုင်ဘဝမှာရော ပရော်ဖက်ရှင်နယ်ဘဝမှာပါ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်လာမှာမို့ အခုပဲ လေ့လာကြည့်ကြရအောင်။

အိပ်ချိန်ကိုပုံသေထားခြင်း
အောင်မြင်သူတိုင်းဟာ အိပ်ချိန်ကို ပုံသေရှိအောင် အချိန်ဇယားဆွဲသလို ဆွဲထားပြီး လုံလုံလောက်လောက် အိပ်စက်ပေးတဲ့အတွက် နောက်တစ်နေ့မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်ဆိုပြီး အချိန်စီမံခန့်ခွဲမှုကျွမ်းကျင်သူ Laura Vandrekam က ပြောကြားဖူးပါတယ်။ အဲဒီလို အိပ်ချိန်ကို သတ်သတ်မတ်မတ်ထားရှိဖို့ ရွေးချယ်လိုက်ခြင်းဟာ နောက်ကျမှ အိပ်စက်ခြင်းကြောင့် ရရှိနိုင်တဲ့ဆိုးကျိုးတွေကို တစ်ခါတည်း ရှောင်ရှားထားပြီးသား ဖြစ်သွားနိုင်စေပါတယ်။ အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး မအိပ်ခဲ့တဲ့သူတွေ အခုချိန်ကစပြီး ဖြည်းဖြည်းချင်း အကျင့်ကို ပြုပြင်ပြောင်းလဲကြည့်လိုက်ပါ။

လျှပ်စစ်ပစ္စည်းတွေကိုပိတ်ပြီးအိပ်ခြင်း
စမတ်ဖုန်းတွေကို ပိတ်ပြီးအိပ်တာမျိုး (သို့) အသံပိတ်ပြီး အိပ်တာမျိုး၊ တီဗီတွေကို ဖြစ်နိုင်ရင် အိမ်ခန်းရဲ့ အပြင်ဘက်မှာထားတာမျိုး၊ Laptop တွေပိတ်ပြီး အိပ်တာမျိုးနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေကိုလည်း ပိတ်ပြီးအိပ်တာမျိုးလုပ်ကာ ကောင်းကောင်းအိပ်စက်လို့ရအောင် လုပ်ဆောင်ပါ။ အဲဒီလို လျှပ်စစ်ပစ္စည်းတွေကိုပိတ်ပြီး အိပ်ခြင်းဟာ ဦးနှောက်ကို ကောင်းကောင်းအနားပေးရာ ရောက်စေပါတယ်ဆိုပြီး “Organize Yourself” ရဲ့ စာရေးဆရာတစ်ဦးလည်းဖြစ်ပြီး အချိန်စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်နဲ့ Lifestyle Consultant တစ်ဦးဖြစ်တဲ့ Ronni Eisenberg က ပြောကြားထားပါတယ်။ ဒါ့အပြင်အိပ်ရာဝင်ခါနီးတိုင်း အောင်မြင်တဲ့သူတွေ မလုပ်တဲ့ အလေ့အကျင့်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အလုပ်က E-mail တွေကို စစ်ဆေးတာမျိုး မလုပ်တာပါပဲဆိုပြီး International Business Speaker လည်းဖြစ်ပြီး စာရေးဆရာလည်းဖြစ်တဲ့ Micheal Kerr က Business Insider ကို ပြောကြားဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်က E-mail တွေကို စစ်လိုက်ရင် အလုပ်အကြောင်းတွေကို ဆက်စပ်တွေးတောမိပြီး အိပ်မပျော်နိုင်တာမျိုးတွေ ဖြစ်လာနိုင်လို့ပါ။

စာဖတ်ခြင်း
အောင်မြင်ပျော်ရွှင်တဲ့သူတိုင်းဟာ ညဘက်မှာ အလုပ်ကို အထောက်အပံ့ဖြစ်စေတဲ့ စာတွေဖတ်ခြင်း၊စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့အတွက် စာတွေဖတ်ခြင်း ပြုလုပ်ကာ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် လုပ်ဆောင်ကြပါတယ်။ တချို့စီးပွားရေးနယ်ပယ်က ခေါင်းဆောင်တွေဆိုရင် မအိပ်ခင်စာဖတ်ခြင်းဟာ အရေးကြီးတယ်လို့ ယုံကြည်ထားကြပြီး ပုံမှန်လေးလုပ်ဆောင်နိုင်အောင် ကြိုးစားလုပ်ဆောင်ကြပါတယ်။

အစီအစဉ်တွေကြိုတင်ချမှတ်ခြင်း
ကြီးပွားတိုးတက်အောင်မြင်နေကြသူတွေဟာ အိပ်ရာမဝင်ခင် ပြက္ခဒိန်ကိုကြည့်ပြီး ရှေ့လာမယ့်ရက်တွေမှာ ဘာတွေလုပ်စရာရှိလဲဆိုတာကို အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ နောက်နေ့တွေကို ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်ကျော်မယ်ဆိုတာကို အချိန်နည်းနည်းပေးပြီး အစီအစဉ်တွေ ကြိုချထားခြင်းဟာ နောက်နေ့တွေမှာ အလောသုံးဆယ်မလုပ်ရစေလို့ စိတ်ပူပန်ခြင်းကင်းကင်းနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနိုင်စေပါတယ်။ ဒါကြောင့်မို့ တိုးတက်အောင်မြင်လိုတဲ့ လူငယ်တိုင်း ဒီနည်းလမ်းလေးကို လိုက်နာကျင့်သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

မနက်ခင်းအစီအစဉ်တွေကို ကြိုတင်ဆွေးနွေးခြင်း
သူတို့ဟာ မနက်ခင်းသွားဖို့အတွက် ညထဲက မိသားစုဝင်တွေနဲ့ အိမ်ထောင်ဖက်တွေကို မနက်မှာ ဘာအစီအစဉ်တွေရှိလဲ ဆိုတာကို ကြိုမေးထားကြပါတယ်။ ဘာကြောင့် ကြိုမေးထားလဲဆိုတော့ မနက်ခင်းကျမှ အချိန်တွေတိုက်ပြီး ကမောက်ကမတွေ မဖြစ်အောင် အတွက်ပါ။ ခေါင်းလျှော်ဖို့ရှိတယ်ဆိုရင် တတ်နိုင်ရင် ညထဲက ကြိုလျှော်ထားကြပြီး မတိုက်အောင် ပြင်ဆင်ထားတတ်ကြပါတယ်။ အဝတ်အစားတွေကိုလည်း မနက်ကျမှ အချိန်ကုန်ခံပြီး မရွေးဘဲ ညထဲက ကြိုရွေးထားတတ်ကြပါတယ်။ ဒီလို ညထဲက ကြိုတင်ပြင်ဆင်ထားခြင်းဟာ မနက်မှာ စိတ်ညစ်ညူးစရာမဖြစ်ဘဲ အလောသုံးဆယ်လည်း မလုပ်ရလို့ အမှားလည်းကင်းစေပါတယ်။

ကဲ…..ဒီအထဲက အချက်လေးတွေကို တစ်ချက်ချင်း အလေ့အကျင့်တွေဖြစ်အောင် လုပ်သွားမယ်ဆိုရင် တစ်နေ့ တစ်နေ့ မပြီးတဲ့အလုပ်တွေကို ပြီးအောင် တဖြည်းဖြည်းနဲ့ ဖြတ်လာနိုင်ကာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝခရီးလမ်းကြောင်းပေါ် ရောက်လာနိုင်ပါလိမ့်မယ်။ အချိန်မဆွဲဘဲ အခုချိန်ကစပြီး အလေ့အကျင့်ဖြစ်အောင် စာရေးသူနဲ့အတူတူ စလုပ်ကြည့်လိုက်ကြရအောင်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle