Crazy Rich Asians မင်းသမီး Gemma Chan ရဲ့ လူသိနည်းတဲ့အချက်များ

Crazy Rich Asians မင်းသမီး Gemma Chan ရဲ့ လူသိနည်းတဲ့အချက်များ

Romantic Comedy-Drama ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တဲ့ Crazy Rich Asians ကို ကြည့်ဖူးတဲ့သူတိုင်း မင်းသားရဲ့ ဝမ်းကွဲအစ်မအဖြစ် အရပ်ရှည်ရှည်စတိုင်လ်ကျကျနဲ့ ပီပီပြင်ပြင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Gemma Chan ကို ပရိသတ်တိုင်း မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ Chan ဟာ Crazy Rich Asians ထဲမှာ တကယ်ကို ဒိတ်ဒိတ်ကြဲသူဌေးသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် သူမကို ပရိသတ်တွေက ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတယ်လို့ ထင်ကြပေမယ့် အမှန်မှာတော့ သူမအသက်ဟာ ၃၆ နှစ်တောင်ရှိနေပါပြီ။

သူမအသက်လိုမျိုးပဲ ပရိသတ်တွေမသိသေးတဲ့ တခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေရှိသေးလို့ ပရိသတ်ကြီးသိစေဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

London မှာ မွေးဖွားခဲ့သူပါ
Gemma ကို တရုတ်နွယ်ဖွား ဗြိတိန်နိုင်ငံသား ဖြစ်ပါတယ်။ သူမကို ၁၉၈၂ ခုနစ် နိုဝင်ဘာလ ၂၉ ရက်နေ့ London မြို့မှာ မွေးဖွားခဲ့ပြီး သူ့ညီမနဲ့အတူ Kent ကောင်တီ ရဲ့ Sevenoaks မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်ခဲ့ဖူးသူပါ
Crazy Rich Asians ထဲမှာ သူမသရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာကို စကားလုံးသုံးလုံးနဲ့ ပုံဖော်ပြီး ပြောရမယ်ဆိုရင် ကျက်သရေရှိတယ်၊ အဆင့်အတန်းမြင့်တယ်နဲ့ ခေတ်ဆန်ကြော့မော့တယ်ဆိုပြီး ပြောလို့ရပါတယ်။ အဲဒီလို ပီပီပြင်ပြင်ဖြစ်နေအောင် သရုပ်ဆောင်နိုင်ရတာကလည်း၂၀၀၆ ခုနစ်တုန်းက ဗြိတိသျှရုပ်မြင်သံကြားရှိုးတစ်ခုဖြစ်တဲ့ Elle မဂ္ဂဇင်းရဲ့ ဖက်ရှင်ရှိုးမှာ ပါဝင်ယှဉ်ပြိုင်ဖူးလို့ပါ။ အဲဒီရှိုးရဲ့ Episode 5 ရောက်မှသာ ပြုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ဖက်ရှင်အကြောင်းကို ကောင်းကောင်းနားလည်ပြီး စတိုင်လ်ကျကျနဲ့ ပီပီပြင်ပြင် ဇာတ်ကောင်ကို သရုပ်ဖော်နိုင်တာ ဖြစ်ပါတယ်။

Michelle Yeoh ရဲ့အမာခံ Fan စစ်စစ်ဖြစ်ပါတယ်
၁၉၉၀ ခုနစ် အစောပိုင်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ မင်းသမီး Michelle Yeoh ဟာ အာရှနွယ်ဖွား အမျိုးသမီးတော်တော်များများရဲ့ စံပြဖြစ်သလိုပဲ Chan အတွက်လည်း စံပြမင်းသမီးပါပဲ။ သူမဟာ Michelle Yeoh ရဲ့ အမာခံအားပေးတဲ့ ပရိသတ်ဖြစ်တာနဲ့အညီ ဒီဇာတ်ကားမှာ အတူသရုပ်ဆောင်မယ်လို့ သိရတဲ့အခါ အရမ်းပျော်ရွှင်နေတာကို ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်တွေ ကြည့်ရုံနဲ့ အတိုင်းသားတွေ့မြင်ရပါတယ်။

Oxford University မှာ ဥပဒေပညာကို လေ့လာခဲ့သူပါ
သူမဟာ ဥပဒေပညာကို Oxford က Worcester College မှာ လေ့လာသင်ယူခဲ့သူပါ။ အဲဒီကနေ ကျောင်းဆင်းတဲ့အခါမှာတော့ Slaughter and May ဆိုတဲ့ Law Firm ကနေ Training Contract ရရှိခဲ့ပေမယ့် Training မဆင်းခဲ့ပါဘူး။ အဲ့ဒီမှာ Training လုပ်ရမယ့်အစား သရုပ်ဆောင်ခြင်းကို လေ့လာဖို့ စိတ်အားထက်သန်တဲ့အတွက် Drama Center London မှာ ပြောင်းလဲပညာဆည်းပူးခဲ့ပါတယ်။

Doctor Minerva ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ရှိနေသူပါ
Marvel ရဲ့ နောက်ထွက်မယ့် Captain Marvel မှာ Chan ဟာ ပါဝင်သရုပ်ဆောင်ရဖို့ ရှိနေတဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ Chan သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က Doctor Minerva အဖြစ်ကျော်ကြားတဲ့ Minn-Erva အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Doctor Minerva ဟာ Kree geneticist တစ်ဦး ဖြစ်ပါတယ်။ Doctor Minerva ဟာ Captain Marvel ရဲ့ ရန်သူအဖြစ်ကျော်ကြားတဲ့အတွက် Chan ကို ပိတ်ကားပေါ်မှာ ဗီလိန်တစ်ဦးအနေနဲ့ တွေ့မြင်ရမှာမို့ ပရိသတ်တွေ သူမကို မြင်နေကျပုံစံနဲ့ တွေ့ရမှာ မဟုတ်ပါဘူး။ သူမရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေအနေနဲ့ ဘယ်လိုမြင်မလဲဆိုတာကို  စိတ်လှုပ်ရှားနေပါတယ်။

Fresh Meat TV စီးရီးရဲ့ ပူးတွဲသရုပ်ဆောင်သူ Jack Whitehall နဲ့ ချစ်သူဖြစ်ခဲ့ဖူးသူပါ
Fresh Meat TV စီးရီးမှာ ပူးတွဲသရုပ်ဆောင်ခဲ့သူ Jack Whitehall နဲ့ ၂၀၁၁ မှာ ဒိတ်ခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ခြောက်နှစ်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ သူတို့လမ်းခွဲခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ များပြားလာတဲ့ အလုပ်အချိန်ဇယားတွေကြားမှာ တစ်ဦးနဲ့ တစ်ဦး အချိန်မပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာလည်း သူတို့နှစ်ဦးဟာ မိတ်ဆွေကောင်းအဖြစ် ဆက်လက်ရှိနေကြပါတယ်။

ကဲ…ဒီလောက်ဆိုရင် သူမနဲ့ပတ်သက်တဲ့ အကြောင်းကို ပရိသတ်ကြီး တော်တော်များများသိသွားပြီ ဖြစ်လို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle