ပလတ်စတစ်သုံးစွဲမှုကို လျှော့ချဖို့ 6R ဆိုတာ ဘာလဲ သိထားကြဖို့

ပလတ်စတစ်သုံးစွဲမှုကို လျှော့ချဖို့ 6R ဆိုတာ ဘာလဲ သိထားကြဖို့

BPA ၊ DiNP ဆိုတဲ့ အဆိပ်အတောက်တွေ၊ မွေးရာပါပန်းနာရင်ကျပ်တွေ၊ ဟော်မုန်းပြဿနာတွေ၊ မျိုးပွားအဂါၤထိခိုက်မှုတွေ စတဲ့ စတဲ့ ဆိုးကျိုးတွေရဲ့တရားခံဟာဘယ်အရာလို့ထင်ပါသလဲ ….

ဒီလို လူ့ကျန်းမာရေးကိုထိခိုက်ပျက်စီးစေတဲ့ အကြောင်းတရား လူညွန့်တုံးစေတဲ့အကြောင်းတရားဟာ လူတွေနေ့စဉ်သုံးစွဲထိတွေ့နေတဲ့ ပလတ်စတစ်တွေကြောင့်ပါ။ ပလတ်စတစ်အန္တရာယ် ပလတ်စတစ်ဆိုးကျိုးကို သတိပြုမိပြီး ရှောင်ရှားနိုင်သူတွေရှိသလို သူ့ဆိုးကျိုးကိုမေ့လျော့သွားလိုက် ဘာမှမဖြစ်ပါဘူးလေဆိုပြီး ဖော့တွေးလိုက်နဲ့ ပလတ်စတစ်သုံးစွဲမှု သံသရာလည်နေသူတွေလည်းရှိနေပါသေးတယ်။

နောင်နှစ် ၅၀ သားသမီးမြေးမြစ်တွေလက်ထက်မှာ အပင်တွေမပေါက်တော့တဲ့ကမ္ဘာကြီး ပလက်စတစ်တွေနဲ့ရှုပ်ထွေးညစ်ပတ်နေတဲ့ ပင်လယ်၊ မြစ်၊ ချောင်းတွေကို အမွေအဖြစ်မထားခဲ့ချင်ဘူးဆိုရင်တော့  သတိလေးအမြဲကပ်ပြီး ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချဖို့လိုနေပါပြီ။

လူတစ်ဦးချင်းစီရဲ့ အသိတရားနဲ့လုပ်ဆောင်ချက်တွေမှသည် လှပကျန်းမာတဲ့ကမ္ဘာကြီးကို လက်ဆင့်ကမ်းပေးနိုင်ဖို့ 6R နဲ့ပလတ်စတစ်ကိုလျှော့ချကြရအောင်ပါ။

6R ဆိုတာကတော့ အားလုံးသိကြတဲ့ Reduce ၊ Reuse ၊ Refuse ၊ Remove ၊ Recycle ၊ Rally  တို့ဖြစ်ပါတယ်နော်။ လွယ်ကူရိုးရှင်းတဲ့ 6R ဆိုတာလေးကိုမှတ်သားပြီး တတ်နိုင်သမျှလိုက်နာကျင့်သုံးရုံနဲ့ ကျန်းမာတဲ့ခန္ဒာကိုယ်၊ ကျန်းမာတဲ့ကမ္ဘာကြီးကို အချိန်မီတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Reduce
လျှော့ချပါ။ ကိုယ်တိုင်က ပလတ်စတစ်သုံးစွဲမှုကို တတ်နိုင်သမျှလျှော့ချရမှာပါ။ မီးဖိုချောင်ထဲက ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ဘူးတွေ၊ ခွက်တွေ၊ အိတ်တွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ တာရှည်ခံတဲ့ရွေးချယ်စရာတွေအများကြီး ရှိပါတယ်။ ဒီလို ပလတ်စတစ်ကိုလျှော့ချအသုံးပြုလိုက်တော့ ကျန်းမာရေးနဲ့လည်းညီညွတ်၊ စမတ်ကျလှပတဲ့ မီးဖိုခန်းလေးလည်းဖြစ်နေမှာ အသေအချာပါ။ မီးဖိုခန်းကို မြင်လိုက်တိုင်းလည်း စိတ်ချမ်းသာနေရမှာပါ။ ဒါကြောင့် ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကို တတ်နိုင်သမျှရှောင်မယ်။ မသုံးစွဲဘူးနော်။

Reuse
အကြိမ်ကြိမ်အခါခါထပ်အသုံးပြုနိုင်တဲ့ Reusable ပစ္စည်းတွေသုံးမယ်ဆိုရင်ရော။ တကယ်ကအပန်းမကြီးပါဘူးနော်။ ကိုယ်ဘာပဲလုပ်လုပ် ပလတ်စတစ်လျှော့ချရေးဆိုတာလေးကို မျက်လုံးထဲပြေးမြင်ပြီး သတိကပ်လိုက်ဖို့ပါပဲ။ ဈေးဝယ်တဲ့အခါ Reusable Bag တွေသုံးမယ်၊ ကားထဲမှာ ကိုယ်လွယ်တဲ့အိတ်ထဲမှာ Reusable Bag တွေကိုသပ်သပ်ရပ်ရပ်ခေါက်ပြီး သိမ်းထားမယ်၊ ဈေးဝယ်တော့မှထုတ်သုံးလိုက်မယ်။ တဖြည်းဖြည်းနဲ့ ဒီအကျင့်လေးခိုင်မာလာတဲ့အခါ မိမိကိုယ်တိုင်ကကျေနပ်ပျော်ရွှင်မှုရှိလာတာကို အသေအချာခံစားရမှာပါ။ ရေသန့်ဘူးတွေဝယ်သောက်မယ့်အစား ကိုယ်ပိုင်ရေဘူးဆောင်မယ်။ အအေးသောက်တဲ့အခါ ပိုက်နဲ့မသောက်ဘဲ ဒီအတိုင်းသောက်တာမျိုး၊ စတီးပိုက်လေးတွေ၊ ကျူရိုးပိုက်လေးတွေ သုံးစွဲတာမျိုး၊ အစားအသောက်သွားဝယ်တဲ့အခါ ကိုယ့်အိမ်ကနေ ချိူင့်တွေ ဘူးတွေယူဆောင်သွားတာမျိုး လုပ်လို့ရတယ်လေနော်။

Refuse
ငြင်းပယ်ပါ။ ပလတ်စတစ်လျှော့ချဖို့အတွက် ပလတ်စတစ်ကိုအားမနာတမ်းငြင်းပယ်တတ်ပါစေ။ ‘ကျေးဇူးပါ ထည့်ဖို့အိတ်ပါပါတယ်။’ ‘ ကျေးဇူးပါ ပိုက်မယူတော့ပါဘူး’  ဆိုတဲ့စကားလေးတွေနဲ့ ကမ္ဘာမြေကိုကယ်တင်လိုက်ပါနော်။ ကိုယ့်လက်ထဲမှာ ပေါ့ပေါ့ပါးပါး အသာလေးပါလာမယ့် မုန့်တွေ၊ အရာဝတ္ထုလေးတွေအတွက် ရန်သူပလတ်စတစ်အိတ်တွေကို ဘာလို့ခေါ်နေဖို့လိုတော့မှာလဲ။

Remove
ပလတ်စတစ်အမှိုက်တွေကို စနစ်တကျဖယ်ရှားပါ။ ကမ်းခြေမှာလမ်းလျှောက် ရေဆင်းချိုးတဲ့အခါမျိုး၊ ကိုယ်ပိုင်ကားလေးနဲ့ ခရီးသွားတဲ့အခါမျိုးတွေလုပ်တတ်ကြပါတယ်။ သဲပြင်ပေါ်မှာပဲ အမှိုက်ကိုပစ်ချခဲ့တာမျိုး၊ ကားကိုလမ်းဘေးတစ်နေရာထိုးရပ်ပြီး ကားပေါ်ကအမှိုက်တွေကို အကုန်ရှင်းထုတ်ခဲ့တာမျိုးတွေပေါ့။ ကိုယ့်ကားလေးကတော့ သန့်ရှင်းသွားပေမယ့် မြေကြီးနဲ့ အပင်တွေကတော့ အနာတရနဲ့ပါ။ ဒါကြောင့် အမှိုက်ပုံး အမှိုက်အိတ်နီးနီးနားနားမရှိတဲ့အခါမျိုးတွေမှာ အမှိုက်ကိုတွေ့ရာနေရာမှာမပစ်ဘဲ စနစ်တကျထုပ်ပိုးသိမ်းဆည်းပြီး စွန့်ပစ်သင့်ပါတယ်။ ဒါမှ လမ်းမှာ၊ မြောင်းတွေထဲမှာ၊ ပင်လယ်ပြင်ကြီးမှာ ပလတ်စတစ်တွေနဲ့ ပြည့်နှက်ပြီး အကျည်းတန်တဲ့နိုင်ငံမဖြစ်တော့မှာပါ။

Recycle
အသုံးမလိုတော့တဲ့ ပလတ်စတစ်တွေကို Recycle လုပ်တဲ့နည်းလမ်းတွေအများကြီး ရှိပါတယ်။ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အမျိုးသမီးဝတ် Accessories လေးတွေဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဆီကို  ကိုယ့်မှာရှိနေတဲ့ ပလက်စတစ်ဘူးတွေ၊ ခွက်တေ၊ွ အသုံးအဆောင်တွေ သွားရောက်လှူဒါန်းပြီးတော့လည်း ကူညီပေးနိုင်ပါတယ်။

Rally
ပလတ်စတစ်လျှော့ချရေးအတွက် လုပ်ဆောင်နေကြတဲ့ လှုပ်ရှားမှုတွေမှာ တတ်နိုင်သမျှပါဝင်ပေးဖို့လိုပါတယ်။ အပြင်မှာပဲဖြစ်ဖြစ် အွန်လိုင်းမှာပဲဖြစ်ဖြစ်ပါ။ ပုံလေးတစ်ပုံကို Hashtag လေးနဲ့တွဲတင်လိုက်ရတာ၊ ပလတ်စတစ်လျှော့ချရေးနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေကို Share လိုက်ရတာဟာ အပန်းမကြီးလှပါဘူး။ ဒါပေမယ့် ကုသိုလ်အများကြီးသွားပါတယ်။ ကိုယ့်ကြောင့် သတ္တဝါတွေကိုကယ်တင်နိုင်သလို လူတွေကျန်းမာအသက်ရှည်အောင် ပံ့ပိုးပေးပြီးသားလည်းဖြစ်သွားစေပါတယ်။

ဒီတော့ ဒီပို့စ်လေးကနေစတင်လိုက်ရအောင်နော်…။

Photo Credit: GOOGLE

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ