ဘေးကင်းတဲ့ သဘာဝနည်းလမ်းတွေသုံးပြီး ဓမ္မတာလာခြင်းကို ရက်ရွေ့ကြည့်ကြရအောင်

ဘေးကင်းတဲ့ သဘာဝနည်းလမ်းတွေသုံးပြီး ဓမ္မတာလာခြင်းကို ရက်ရွေ့ကြည့်ကြရအောင်

ဓမ္မတာလာခြင်းဟာ အသက်(၁၅) နှစ်အရွယ်ကနေ အသက်(၅၀) အရွယ်ထိ အမျိုးသမီးတိုင်း လစဉ်ကြုံတွေ့ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဓမ္မတာလာနေစဉ်အတွင်းမှာ ကွဲပြားခြားနားတဲ့ အမျိုးသမီးတွေဟာ မတူညီတဲ့ ပြဿနာမျိုးစုံကို တွေ့ကြုံခံစားရကြပါတယ်။ အပန်းဖြေခရီးထွက်ခါနီး၊မင်္ဂလာဆောင်ဖို့ရှိတဲ့ အချိန်မျိုး နီးကပ်လာတဲ့အခါမျိူးမှာ ပုံမှန်ဖြစ်နေကြ ရာသီလာခြင်းကို နောက်ကျမှ လာစေချင်တာမျိုး ဖြစ်တတ်ကြပါတယ်။ အဲဒီလို နောက်ကျမှ လာစေချင်တဲ့အခါမျိုးမှာ သောက်သုံးလို့ရတဲ့ ဆေးဝါးတွေရှိပေမယ့် ဒီဆေးဝါးတွေဟာ အန္တရာယ်ရှိပြီး မျိုးဆက်ပွားအင်္ဂါတွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုဆေးဝါးတွေကို သောက်သုံးမယ့်အစား သဘာဝဆေးဝါးတွေကို အသုံးပြုပြီး ဘေးထွက်ဆိုးကျိုးမရှိ ဘဲ အန္တရာယ်ကင်းကင်းနဲ့ နှောင့်နှေးအောင် လုပ်လို့ရမယ့် နည်းလမ်းတွေများရှိမလားဆိုပြီး ရှာဖွေလိုက်တဲ့အခါမှာ ဒီလိုနည်းလမ်းတွေကို တွေ့ရှိရပါတယ်။ ဒီနည်းလမ်းတွေရဲ့ အားနည်းချက်တစ်ခုကတော့ လူတိုင်းအတွက် ထိရောက်ချင်မှ ထိရောက်နိုင်တာပါပဲ။  ဒီတော့ ဘယ်နည်းလမ်းတွေက ကိုယ်နဲ့အလုပ်ဖြစ်လဲဆိုတာကို သိရအောင် စမ်းလုပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Apple Cider Vinegar
Apple Cider Vinegar ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာယူပြီး ရေတစ်ခွက်နဲ့ ရောနှောပါ။ အဲဒီအရောအနှောကို အိပ်ရာမဝင်ခင်မှာ သောက်သုံးပေးပါ။ ဒီနည်းလမ်းဟာ သဘာအတိုင်း ရာသီလာခြင်းကို နှောင့်နှေးအောင် လုပ်တဲ့နည်းလမ်းတွေထဲက လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပါ။

ကုလားပဲဟင်းချို
ကုလားပဲကို အမှုန့်ဖြစ်အောင် ကြိတ်ချေပါ။ အဲဒီအမှုန့်နဲ့ Gram Flour ကို ရောနှောပြီး  ဒယ်အိုးထဲထည့်ကာ ရေနွေးနွေးလေးနဲ့ ကျိုချက်ပါ။ စွပ်ပြုတ်ဖြစ်အောင်လုပ်ဖို့ဆို Gram Flour က အခြေခံကျတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီစွပ်ပြုတ်ကို ရာသီမလာခင် တစ်ပတ်လောက်အလိုထဲက ကြိုသောက်ထားပေးပါ။

Raspberry အရွက်
Raspberry အရွက် ငါးရွက် ခြောက်ရွက်လောက်ကို ယူပြီး လက်ဖက်ရည်ပြုလုပ်ပါ။ ဒီလက်ဖက်ရည်ကို ဓမ္မတာမလာခင် တစ်ပတ်လောက်အလိုထဲက ကြိုသောက်ထားပေးပါ။

တရုတ်နံနံ
တရုတ်နံနံအရွက်အနည်းငယ်ကို ယူပြီး ရေလီတာဝက်နဲ့ မိနစ် ၂၀ လောက်ကျိုချက်ပေးပါ။ အဲဒီကျိုချက်ထားတဲ့ အထဲကို ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းလောက်နဲ့ ရောနှောပေးပါ။ ရာသီမလာခင် သုံးလေးငါးရက်လောက်ထဲက အဲဒီအရောအနှော လက်ဖက်ရည် တစ်နေ့နှစ်ကြိမ်လောက် သောက်ပေးပါ။

ဗိုလ်စားပဲ
ဗိုလ်စားပဲကို ရေတစ်ရာမီလီလီတာနဲ့ သုံးမိနစ်ကနေ လေးမိနစ်လောက်အထိ ပြုတ်ပေးပါ။ အဲဒီပြုတ်ထားတဲ့အထဲကို လီမွန်ဖျော်ရည်အနည်းငယ် ရောထည့်ပါ။ ရာသီမလာခင် ငါးရက်လောက်အလိုမှာ ဒီအရောအနှောကို သောက်ပေးရင် ထူးခြားတဲ့အကျိုးရလဒ်ကို တွေ့ရှိရပါလိမ့်မယ်။

သစ်ကြံပိုးခေါက်
ဒယ်ပို်င်းထဲကို ရေတစ်ခွက်နဲ့ သစ်ကြံပိုးခေါက်အနည်းငယ်ထည့်ကာ ကျိုချက်ပေးပါ။ ကြိုချက်တဲ့အခါမှာ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက်အထိ မီးအေးအေးနဲ့ ကျိုချက်ပေးပါ။ ဒီကျိုချက်လို့ရလာတဲ့အရည်ကို ကိုယ်ရဲ့ရာသီစက်ဝန်း မတိုင်ခင် တစ်ပတ်လောက်ထဲက မှန်မှန်လေးသောက်ပေးပါ။

ပင်ပွားဖျော်ရည်
ပင်ပွားတစ်ဇွန်းစာကို ရေဇလုံထဲမှာ ညထဲကထည့်ပြီး ကြိုတင်ပြီး ရေစိမ်ထားပါ။ အဲဒီစိမ်ထားတဲ့အရည်ကို မနက်ခင်း ဘာမှမစားခင်အချိန်မှာ သောက်လိုက်ပါ။ အဲဒီအရည်ကို ရာသီမလာခင်တစ်ပတ်လောက်ထဲက ကြိုသောက်ထားရင် ထူးခြားတဲ့ အကျိုးရလဒ်ကို ရရှိမှာဖြစ်ပါတယ်။

ကဲ….နည်းလမ်းတွေကို သိပြီဆိုတော့ ဘယ်နည်းလမ်းက အကျိုးများမလဲဆိုတာ သိစေဖို့အတွက် စမ်းလုပ်ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ကျင့်သုံးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ