ရုပ်ရှင်လာကြည့်သူတွေကို ရုပ်ရှင်ရုံက မသိအောင် လျှို့ဝှက်ထားတဲ့ အရာလေးများ

ရုပ်ရှင်လာကြည့်သူတွေကို ရုပ်ရှင်ရုံက မသိအောင် လျှို့ဝှက်ထားတဲ့ အရာလေးများ

ရုပ်ရှင်ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေတိုင်းဟာ ရုပ်ရှင်ကြည့်ရင် Screen ကြီးကြီး Sound System ကောင်းကောင်းနဲ့ပဲ ကြည့်ချင်ကြပါတယ်။ အဲဒါကြောင့်မို့ ရုံတင်ပြီးရင် အခွေထွက်လာမယ့်ရုပ်ရှင်တွေကို အိမ်မှာ မကြည့်ကြဘဲ ရုံမှာ ငွေကုန်ခံပြီး သွားကြည့်ကြတာ ဖြစ်ပါတယ်။ ဒီလိုအားသာချက်တွေကြောင့် သွားကြည့်ကြတာမှန်ပေမယ့် ရုပ်ရှင်ရုံတွေမှာလည်း ထူးဆန်းတဲ့အရာလေးတွေ၊ လာကြည့်သူတွေကို မသိအောင်လုပ်ထားတဲ့ လှည့်ကွက်လေးတွနဲ့ ရုပ်ရှင်လာကြည့်သူတွေ လိုက်နာရမယ့်ဟာလေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့…..

အကောင်းဆုံးထိုင်ခုံကိုရွေးချယ်နိုင်ဖို့
ရုပ်ရှင်ရုံမှာ လာကြည့်တဲ့သူတိုင်းဟာ အကောင်းဆုံး Sound System နဲ့ အကောင်းဆုံး Visual တွေကို တွေ့မြင်ခံစားချင်ကြလို့ လာကြည့်ကြတာဖြစ်ပါတယ်။ အဲဒီလို အကောင်းဆုံးတွေကိုမှ ရရှိချင်ရင် ထိုင်ခုံနေရာ ရွေးတတ်ဖို့လည်း လိုအပ်ပါတယ်။ Screen ကို ကောင်းကောင်းမြင်ဖို့အတွက် အလယ်ပိုင်းကျတဲ့နေရာမျိူး ၊ Screen နဲ့ နီးကပ်နေတာမျိုး မဖြစ်စေဖို့ နောက်ဆုံးတန်းကနေရေရင် ဒုတိယတန်း၊ တတိယတန်းလိုနေရာမျိုးကို ရွေးပါ။ အဲဒီနေရာတွေဟာ အင်ဂျင်နီယာတွေ Sound System ကိုထိုင်ပြီး ချိန်ညှိတဲ့နေရာတွေဖြစ်လို့ Sound System မကောင်းမှာကိုတော့ စိတ်ပူစရာ မလိုပါဘူးနော်။

Choose the best seat

အချိန်အရမ်းကပ်နေရင် သန့်ရှင်းရေးသမားတွေဟာ သန့်ရှင်းရေး သေချာမလုပ်တော့ပါဘူးနော်
ရုပ်ရှင်ရုံတွေမှာ ပွဲချိန်တစ်ခုပြီးတိုင်း သန့်ရှင်းရေးလုပ်နေတာတောင် ရုံရှင်သွားကြည့်ရင် အောက်က ကော်ဇော်တွေနဲ့ ကြမ်းပြင်တွေဟာ စေးကပ်ကပ်နဲ့ ညစ်ပတ်ပတ်ကြီး ဖြစ်နေတာမျိုးကို ကြုံဖူးကြမှာပါ။ ပိတ်ရက်လိုနေ့မျိုးတွေဆို ရုပ်ရှင်ချိန်တွေကလည်း တစ်ခုနဲ့ တစ်ခုအရမ်းကပ်နေတော့ သန့်ရှင်းရေးလုပ်တဲ့သူတွေက အနည်းအကျဉ်းလောက်ပဲ ကြမ်းကို လှဲကျင်းသန့်စင်နိုင်ပြီး တစ်ခါတစ်လေကျရင် လှဲဖို့အချိန်မရှိတာမျိုး ၊ အမှှိုက်တွေပဲ ကောက်ပြီး မြန်မြန်သန့်ရှင်းရေး လုပ်လိုက်ရတဲ့အတွက် သေချာ သန့်ရှင်းရေး မလုပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ကြမ်းတွေကို သေချာသန့်စင်ပြီး ရေတွေနဲ့ တိုက်တာမျိူးကိုတော့ ရုပ်ရှင်ပွဲချိန်အကုန်ပြီးတဲ့ ညအချိန်မှသာ လုပ်ကြတာပါ။

workers

သန့်ရှင်းရေးသမားတွေ အမှိုက်သိမ်းလွယ်စေဖို့ အမှိုက်တွေကို ခုံပေါ်မှာပဲ ထားပါ ခုံအောက်မှာ မထားပါနဲ့
အကောင်းဆုံးကတော့ ရုပ်ရှင်ကြည့်ပြီးသွားရင် ကိုယ်စားထားတဲ့ အမှိုက်တွေ ၊ နေကြာစေ့ခွံတွေ၊ ပေါက်ပေါက်ဘူးခွံနဲ့ အအေးဘူးခွံတွေကို ကိုယ်တိုင် တစ်ခါတည်း လွှင့်ပစ်လိုက်တာကတော့ အကောင်းဆုံးပါပဲ။ မလွှင့်ပစ်ဘူး၊ ထားခဲ့မယ်လို့ စဉ်းစားထားရင်လည်း အဲဒီအမှိုက်တွေကို ခုံအောက်မှာ လုံးဝမထားခဲ့ဘဲနဲ့ ခုံပေါ်မှာပဲ ထားခဲ့ပေးပါ။ လူလူချင်းကူညီရိုင်းပင်တာက ကောင်းတဲ့အရာဖြစ်လို့ သေးသေးမွှားမွှားလေးပဲဖြစ်ပါစေ ကိုယ်ကူညီနိုင်ရင် ကူညီပေးခဲ့လိုက်ပါ။ အဲဒီလိုကူညီပေးလိုက်ရင် ရုပ်ရှင်ပြီးသွားရင် သန့်ရှင်းရေးလုပ်တဲ့သူတွေလည်း သိမ်းဆည်းရ လွယ်ကူသွားပါပြီ။

Trash

ရုပ်ရှင်ရုံက မြင့်မားလွန်းတဲ့အသံတွေဟာ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်
ရုပ်ရှင်ရုံမှာ ရှိသင့်တဲ့ Sound System ကောင်းကောင်း ရှိရမှာ မှန်ပေမယ့် တချို့ရုံတွေမှာ Sound System ကောင်းကောင်းရှိနေတာမျိုးမဟုတ်ဘဲ မလိုအပ်ဘဲ အသံတွေ ကျယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အက်ရှင်ရုပ်ရှင်ကားတွေ၊ ဗုံးပေါက်တဲ့အခန်းတွေနဲ့ တိုက်ပွဲဖြစ်တဲ့ အခန်းမျိုးတွေမှာ သတ်မှတ်ထားတဲ့ အသံထက်ကျယ်တဲ့ ဆူဆူညံံညံ အသံကျယ်ကျယ်ကြီးတွေဟာ နားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ အက်ရှင်ရုပ်ရှင်ကားတွေကိုကြည့်ရင် Screen ကြီးကြီးနဲ့ သိပ်မကြည့်ပါနဲ့နော်။

High volumes in the movie theater

ပြောင်းဖူးပေါက်ပေါက်တွေရဲ့ဈေးတွေဟာ မတရားကြီးနေခြင်း
လေ့လာမှုတွေကနေရရှိတဲ့ အချက်အလက်တွေအရ တူညီတဲ့ပမာဏရှိတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကို စတိုးဆိုင်မှာ မဝယ်ဘဲ ရုပ်ရှင်ရုံမှာဝယ်ရင် ဈေးပိုကြီးနေတတ်တာကို တွေ့ရပါလိမ့်မယ်။ ရုပ်ရှင်ရုံက သရေစာတွေကို ဝယ်စားရင် စားသောက်ဆိုင်မှာစားသလောက်တော့ မကျပေမယ့် သာမန်ဆိုင်တွေမှာ ဝယ်တာထကေ်တာ့ ဈေးပိုကြီးနေမှာ သေချာပါတယ်။ရုပ်ရှင်ရုံတွေအနေနဲ့ကလည်း ငွေအရင်းအနှီးတွေကို လက်မှတ်ဖိုးတွေကနေအပြင် ဒီလိုသရေစာတွေ ရောင်းချခြင်းကနေလည်း ရှာဖွေတတ်ကြပါတယ်။ ဒါကြောင့်မို့ ရုပ်ရှင်ကြည့်တဲ့အချိန် သရေစာစားတတ်ရင် ရုပ်ရှင်ရုံရောက်မှ ဝယ်တာမျိုးမလုပ်ဘဲ အပြင်ကနေ ကြိုဝယ်သွားပြီး ငွေချွေတာလို့ရပါတယ်။

Popcorn prices

၁၉၈၁ ခုနှစ်မတိုင်ခင်အထိ ထိုင်ခုံတွေမှာ အအေးထားတဲ့ နေရာလေးတွေ မပါရှိပါဘူး
ရုပ်ရှင်ကြည့်တဲ့အခါ အအေးသောက်ပြီးရင် ထားလို့ရမယ့် အအေးထည့်တဲ့နေရာလေးတွေကို ၁၉၈၁ ခုနှစ်မှာ တီထွင်ခဲ့တာပါ။ အဲဒီနေရာလေးနဲ့အတူ အဲကွန်းပါ ပါတဲ့ ပထမဆုံးရုပ်ရှင်ရုံလေးကို US မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ USA ဟာ ဒုတိယကမ္ဘာစစ်အတွင်း သကြားစားသုံးမှုကို လျော့ချချင်တဲ့အတွက် သကြားလုံးရောင်းတာကို ရပ်တန့်ဖို့ ကြိုးစားရာကနေ ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက်စားတဲ့ အလေ့အထမျိုးဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

seats did not have cup holders

ရုပ်ရှင်ရုံက ပြောင်းဖူးပေါက်ပေါက်တွေရဲ့ အနံ့ဟာ ဘာကြောင့် အရမ်းမွှေးတာလဲ
ရုပ်ရှင်ကြည့်ဖို့ အိမ်ကထွက်လာတုန်းကတော့ ပြောင်းဖူးပေါက်ပေါက် မစားချင်ပေမယ့် ရုပ်ရှင်ရုံရောက်တော့မှာ ပြောင်းဖူးပေါက်ပေါက်အနံ့ဟာ အရမ်းမွှေးပြီး စွဲဆောင်လွန်းလို့ ဝယ်စားလိုက်တာမျိုး မကြာခဏ ဖြစ်ဖူးတယ်မှတ်လား။ ဘာကြောင့် ရုပ်ရှင်ရုံက ပြောင်းဖူးပေါက်ပေါက်တွေရဲ့ အနံ့ဟာ အဲဒီလောက် မွှေးနေရတာလဲဆိုတာ အကြောင်းပြချက်တွေ ရှိပါတယ်။ ရုပ်ရှင်ရုံက ဝန်ထမ်းတွေမှာ ပြောင်းဖူးပေါက်ပေါက်ကို မယုံကြည်နိုင်လောက်အောင် ထူးကဲကောင်းမွန်တဲ့ အနံ့မျိုးရရှိအောင် လုပ်တဲ့ လျှို့ဝှက်ပြုလုပ်နည်းတွေ ရှိပါတယ်။ ဥပမာအနေနဲ့ဆို အုန်းသီးမှုန့်နဲ့ Canola ဆီကိုရောနှောပြီး ထည့်လုပ်တာမျိုးပါ။ ရုပ်ရှင်ရုံက ပြောင်းဖူးပေါက်ပေါက်တွေကို ဝယ်စားတဲ့သူတွေကတော့ အစားအစာကို ခုံမင်လွန်းတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

popcorn smell

ရုပ်ရှင်ရုံက ပြောင်းဖူးပေါက်ပေါက်တွေဟာ မလတ်ဆတ်ပါဘူးနော်
ရုပ်ရှင်ရုံက ဝန်ထမ်းတွေ ဝန်ခံထားတာတစ်ခုကတော့ အကောင်းဆုံးအရည်အသွေးရှိတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကိုတော့ ရက်အပိုင်းအခြားတစ်ခုအထိ ပျက်စီးမသွားအောင်တော့ ထိန်းထားပါတယ်။ ဒါပေမယ့် အရည်အသွေးကတော့ စပြီးလုပ်တုန်းကလိုမျိုးလောက်တော့ မလတ်ဆတ်ပါဘူး။

Popcorn not alwasys fresh

ဘာကြောင့်လဲဆိုတော့ ရောင်းမကုန်တဲ့ ပြောင်းဖူးပေါက်ပေါက်တွေကို ရုပ်ရှင်ရုံဝန်ထမ်းတွေဟာ အလေအလွင့်မဖြစ်အောင် ပလတ်စတစ်အိတ်နဲ့ ထည့်ပြီး သိမ်းထားကာ နောက်နေ့ကျရင် အပူပြန်ပေးပြီး ပြန်ရောင်းတဲ့ အတွက်ကြောင့်ပါ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle